
မိဘပြည်သူ များ၏ မေတ္တာရပ်ခံချက်အရ စစ်တက္ကသိုလ်ဗိုလ်လောင်း ဝင်ခွင့်…see more
ဇွန်လ ၂၈
မိဘပြည်သူ များ၏ မေတ္တာရပ်ခံချက်အရ စစ်တက္ကသိုလ်ဗိုလ်လောင်း ဝင်ခွင့် အသက် ကန့်သတ်ချက်ကို အရင်နှစ်ထက်
အသက် ၆ လတိုးမြှင့်သတ်မှတ် လိုက်တယ်ဆိုပြီး စစ်ကောင်စီက ထုတ်ပြန် လိုက် ပါတယ်။
စစ်တက္ကသိုလ် သုံးခုအတွက် ဗိုလ်လောင်း ခေါ်ယူရာမှာ အရင်နှစ်ထက် အသက်တိုးမြှင့် ခေါ်ယူလိုက်တာဖြစ်ပြီး
စစ်တက္ကသိုလ်၊ တပ်မတော် နည်းပညာတက္ကသိုလ် နဲ့ တပ်မတော် ဆေးတက္ကသိုလ်အတွက် ဗိုလ်လောင်း ဝင်ခွင့် ခေါ်ယူရာမှာ (၂၀၂၃) ခုနှစ်၊
ဇန်နဝါရီ (၁) ရက်ထိ အသက် (၁၆) နှစ်အောက် မငယ်ရ၊ အသက် (၁၈) နှစ်ထက် မကြီးရအစား အသက် (၁၆) နှစ်အောက် မငယ်ရ၊ အသက်(၁၈)နှစ် (၆)လအထိ တိုးမြှင့် ပေးလိုက်တယ်လို့ဆိုပါ တယ်။
myanmaplatform