Local News

မိုးညှင်းခရိုင် အင်းတော်ကြီးဒေသထဲကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်(ရုပ်သံ)

မိုးညှင်းခရိုင် အင်းတော်ကြီးဒေသထဲကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်(ရုပ်သံ)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အင်းတော်ကြီးဒေသထဲကို အောက်တိုဘာ ၉ ရက် ဒီနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီလေတပ်က တိုက်လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“နေ့လယ် ၁၂ နာရီ ၁၀ မိနစ်လောက်က ဂျက်ဖိုက်တာ ၂ စီးပေါ့၊ အဲဒါနဲ့ လာပစ်သွားတာ။ စစ်တပ်ဘက်ကပေါ့။ မိုင်းနောင်ရွာရဲ့ အနောက်တောင်ဘက်ကို ပစ်သွားတာ။ ထိခိုက်မှုတော့ မရှိပါဘူး။ တောထဲ ကေအိုင်အေစခန်းရှိမယ်ထင်တဲ့ဘက်ကို မှန်းပြီး ပစ်တာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

မိုးညှင်းဒေသမှာ ဒီရက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်တွေက လူငယ်တွေကို အချိန်မတော် ဝင်ရောက်ဖမ်းဆီးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးတော့ လမ်းသွားလမ်းလာနဲ့ ခရီးသွားလူငယ်တွေရဲ့ ဖုန်းတွေကို စစ်ဆေးပြီး နွေဦးတော်လှန်ရေးနဲ့ ပတ်သက်တဲ့ ပုံတွေ တွေ့ရင် ဖမ်းဆီးတာမျိုးရှိတယ်လို့လည်း ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြခဲ့တာကြောင့် မိုးညှင်းမြို့နယ်မှာ လူပေါင်း ၁၀၀ လောက် ဖမ်းဆီးခံခဲ့ရပြီး အခုထိ အကျဉ်းထောင်နဲ့ စစ်ကြောရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရပါတယ်။

Zawgyi

မိုးညွင္းခရိုင္ အင္းေတာ္ႀကီးေဒသထဲကို စစ္ေကာင္စီေလတပ္က ဗုံးႀကဲတိုက္ခိုက္(႐ုပ္သံ)

ကခ်င္ျပည္နယ္၊ မိုးညွင္းခရိုင္ အင္းေတာ္ႀကီးေဒသထဲကို ေအာက္တိုဘာ ၉ ရက္ ဒီေန႕ ေန႕လယ္ပိုင္းက စစ္ေကာင္စီေလတပ္က တိုက္ေလယာဥ္နဲ႕ ဗုံးလာႀကဲသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေန႕လယ္ ၁၂ နာရီ ၁၀ မိနစ္ေလာက္က ဂ်က္ဖိုက္တာ ၂ စီးေပါ့၊ အဲဒါနဲ႕ လာပစ္သြားတာ။ စစ္တပ္ဘက္ကေပါ့။ မိုင္းေနာင္႐ြာရဲ႕ အေနာက္ေတာင္ဘက္ကို ပစ္သြားတာ။ ထိခိုက္မႈေတာ့ မရွိပါဘူး။ ေတာထဲ ေကအိုင္ေအစခန္းရွိမယ္ထင္တဲ့ဘက္ကို မွန္းၿပီး ပစ္တာ လို႔ ေဒသခံတေယာက္က ေျပာပါတယ္။

မိုးညွင္းေဒသမွာ ဒီရက္ပိုင္းမွာ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ဝင္လို႔ စြပ္စြဲၿပီး စစ္ေကာင္စီတပ္ေတြက လူငယ္ေတြကို အခ်ိန္မေတာ္ ဝင္ေရာက္ဖမ္းဆီးေနတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။

ၿပီးေတာ့ လမ္းသြားလမ္းလာနဲ႕ ခရီးသြားလူငယ္ေတြရဲ႕ ဖုန္းေတြကို စစ္ေဆးၿပီး ႏြေဦးေတာ္လွန္ေရးနဲ႕ ပတ္သက္တဲ့ ပုံေတြ ေတြ႕ရင္ ဖမ္းဆီးတာမ်ိဳးရွိတယ္လို႔လည္း ဆိုပါတယ္။

စစ္တပ္အာဏာသိမ္းတာကို ဆန႔္က်င္ဆႏၵျပခဲ့တာေၾကာင့္ မိုးညွင္းၿမိဳ႕နယ္မွာ လူေပါင္း ၁၀၀ ေလာက္ ဖမ္းဆီးခံခဲ့ရၿပီး အခုထိ အက်ဥ္းေထာင္နဲ႕ စစ္ေၾကာေရးစခန္းေတြမွာ ထိန္းသိမ္းခံထားရပါတယ္။