Local News

မိုးညှင်းတွင် ၉တန်းကျောင်းသူ မနန်းမွန်ရီကို စစ်တပ်က PDFအဖွဲ့ဝင်ဟု စွတ်စွဲကာ ဖမ်းဆီးပြီး စစ်ကြောရေးတွင် ရိုက်နှက် စစ်ဆေးမှုများ ပြုလုပ်ကာ…SeeMore

မိုးညှင်းတွင် ၉တန်းကျောင်းသူ မနန်းမွန်ရီကို စစ်တပ်က PDFအဖွဲ့ဝင်ဟု စွတ်စွဲကာ ဖမ်းဆီးပြီး စစ်ကြောရေးတွင် ရိုက်နှက် စစ်ဆေးမှုများ ပြုလုပ်ကာ ၂လကျော်ကြာသည်အထိ မိသားစုနှင့် တွေ့ခွင့်မရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ဟဲလုံကျေးရွာတွင် နေထိုင်သော မိုးညှင်းမြို့ အ.ထ.က (၃) အုပ်ကျင်းကျောင်းတွင် တက်ရောက်နေသည့် ၉တန်း ကျောင်းသူ မနန်းမွန်ရီကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက

အောက်တိုဘာလ ၂ရက်နေ့၌ PDFအဖွဲ့ဝင်ဟု စွတ်စွဲကာ ဖမ်းဆီးခဲ့ပြီးနောက် စစ်တပ်က စစ်ကြောရေးတွင် ရိုက်နှက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ၂လကျော်ကြာသည်အထိ မိသားစုနှင့် တွေ့ခွင့်မရသေးကြောင်း မိုးညှင်းမြို့ အခြေခံပညာ ကျောင်းသားများသမဂ္ဂမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

“မနန်းမွန်ရီက ၉တန်းကျောင်းသူပါ။ အ.ထ.က (၃) အုပ်ကျင်းကျောင်းကပါ။ သူ့ကို PDF တပ်ဖွဲ့ဝင်ဆိုပြီး စစ်ကောင်စီ စစ်တပ်ရဲ့ မတရားဖမ်းဆီးခြင်းကို ခံရတာပါ။ နောက်ပြီးတော့ မနန်းမွန်ရီကို စစ်ကြောရေးမှာ ရိုက်နှက်တာတွေ လုပ်တယ်လို့လည်း သိရတယ်။

မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မပေးတာ ၂လကျော်နေပြီး သူ့ကျန်းမာရေး အခြေအနေဘာမှ မသိရဘူး” ဟု မိုးညှင်းမြို့ အခြေခံပညာ ကျောင်းသားများသမဂ္ဂမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် မနန်းမွန်ရီကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က ပုဒ်မ ၅၀၅ (က)နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၀(ည)တို့ဖြင့် အမှုဖွင့်ထားပြီး

မိုးညှင်း အချုပ်တွင် ထားရှိကာ လူငယ် ထိန်းသိမ်းရေးသို့ ပို့ဆောင်မည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း မိုးညှင်းမြို့ အခြေခံပညာ ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

Zawgyi

မိုးညႇင္းတြင္ ၉တန္းေက်ာင္းသူ မနန္းမြန္ရီကို စစ္တပ္က PDFအဖြဲ႕ဝင္ဟု စြတ္စြဲကာ ဖမ္းဆီးၿပီး စစ္ေၾကာေရးတြင္ ႐ိုက္ႏွက္ စစ္ေဆးမႈမ်ား ျပဳလုပ္ကာ ၂လေက်ာ္ၾကာသည္အထိ မိသားစုႏွင့္ ေတြ႕ခြင့္မရ

ရန္ကုန္၊ ဒီဇင္ဘာ ၂၄

ကခ်င္ျပည္နယ္၊ မိုးညႇင္းခ႐ိုင္၊ မိုးညႇင္းၿမိဳ႕နယ္၊ ဟဲလုံေက်း႐ြာတြင္ ေနထိုင္ေသာ မိုးညႇင္းၿမိဳ႕ အ.ထ.က (၃) အုပ္က်င္းေက်ာင္းတြင္ တက္ေရာက္ေနသည့္ ၉တန္း ေက်ာင္းသူ မနန္းမြန္ရီကို အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ားက

ေအာက္တိုဘာလ ၂ရက္ေန႔၌ PDFအဖြဲ႕ဝင္ဟု စြတ္စြဲကာ ဖမ္းဆီးခဲ့ၿပီးေနာက္ စစ္တပ္က စစ္ေၾကာေရးတြင္ ႐ိုက္ႏွက္ စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ကာ ၂လေက်ာ္ၾကာသည္အထိ မိသားစုႏွင့္ ေတြ႕ခြင့္မရေသးေၾကာင္း မိုးညႇင္းၿမိဳ႕ အေျခခံပညာ ေက်ာင္းသားမ်ားသမဂၢမွ တာဝန္႐ွိသူ တစ္ဦးက ရန္ကုန္ ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။

“မနန္းမြန္ရီက ၉တန္းေက်ာင္းသူပါ။ အ.ထ.က (၃) အုပ္က်င္းေက်ာင္းကပါ။ သူ႕ကို PDF တပ္ဖြဲ႕ဝင္ဆိုၿပီး စစ္ေကာင္စီ စစ္တပ္ရဲ႕ မတရားဖမ္းဆီးျခင္းကို ခံရတာပါ။ ေနာက္ၿပီးေတာ့ မနန္းမြန္ရီကို စစ္ေၾကာေရးမွာ ႐ိုက္ႏွက္တာေတြ လုပ္တယ္လို႔လည္း သိရတယ္။

မိသားစုဝင္ေတြနဲ႔လည္း ေတြ႕ခြင့္မေပးတာ ၂လေက်ာ္ေနၿပီး သူ႕က်န္းမာေရး အေျခအေနဘာမွ မသိရဘူး” ဟု မိုးညႇင္းၿမိဳ႕ အေျခခံပညာ ေက်ာင္းသားမ်ားသမဂၢမွ တာဝန္႐ွိသူ တစ္ဦးကေျပာဆိုသည္။

လက္႐ွိခ်ိန္တြင္ မနန္းမြန္ရီကို အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕က ပုဒ္မ ၅၀၅ (က)ႏွင့္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ – ၅၀(ည)တို႔ျဖင့္ အမႈဖြင့္ထားၿပီး

မိုးညႇင္း အခ်ဳပ္တြင္ ထား႐ွိကာ လူငယ္ ထိန္းသိမ္းေရးသို႔ ပို႔ေဆာင္မည္ဟု သတင္းမ်ား ထြက္ေပၚေနေၾကာင္း မိုးညႇင္းၿမိဳ႕ အေျခခံပညာ ေက်ာင္းသားမ်ားသမဂၢထံမွ သိရသည္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.