Local News

မီးလိုင်းပြုပြင်ပြီးသောကြောင့် ယုဇနပလာဇာဈေး ပြန်လည်ဖွင့်လှစ်

မီးလိုင်းပြုပြင်ပြီးသောကြောင့် ယုဇနပလာဇာဈေး ပြန်လည်ဖွင့်လှစ်

နိုဝင်ဘာ ၁ ရက်မှ စတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ ယုဇနပလာဇာစျေးဟာ နို၀င်ဘာ ၄ ရက်နေ့ ညမှာ ဝါယာရှောခ့်ဖြစ်လို့ စျေးရုံတစ်ခုလုံး မီးပျက်နေတာကြောင့်ယာယီပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ မီးလိုင်းများ ပြုပြင်ခြင်းလုပ်ငန်းပြီးစီးသဖြင့် ယနေ့( နို၀င်ဘာ ၆ ရက်)တွင်ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်းဈေး၏ စီမံခန့်ခွဲမှုကော်မတီထံမှသိရပါတယ်။

ကော်မတီ၏ တာ၀န်ရှိသူက ” မနေ့က မီးလိုင်းတွေပြန်စစ်ဖို့ ၂ ရက်၊ ၃ ရက်ကြာမယ်ဆိုပြီး ပိတ်ခဲ့တာ။ပြင်တာအဆင်ပြေသွားတော့မြန်တာပေါ့လေ။လူအင်အားများတော့။အခုဈေးမှာရှိတဲ့ ဆိုင်ခန်းတော်တော်များများဖွင့်ပါတယ်။အထပ်တိုင်းဖွင့်ပါတယ်”လို့ဆိုပါတယ်။

ယမန်နေ့နို၀င်ဘာ ၅ ရက်တွင် ယုဇနပလာဇာဈေးကြီးအားမီးလိုင်းများပြုပြင်ရန်အတွက် သုံးရက်ခန့်ယာယီပိတ်သိမ်းမည်ဖြစ်ကြောင်း ကော်မတီ၏ တာ၀န်ရှိသူက ပြောကြားခဲ့ပေမယ့် ယနေ့( နို၀င်ဘာ ၆ ရက်)တွင် ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ကြောင့် လပေါင်းများစွာ ပိတ်ထားခဲ့ရာမှ ယခုလို ဖွင့်ပြီး မကြာခင်ပြန်ပိတ်သွားတဲ့ပေါ်ကောလာဟလများထွက်ပေါ်လျက်ရှိပြီး ယင်းသတင်းမှာ မဟုတ်မှန်ကြောင်း ဈေးကော်မတီအဖွဲ့ကပြောဆိုထားပါတယ်။

Zawgyi

မီးလိုင္းျပဳျပင္ၿပီးေသာေၾကာင့္ ယုဇနပလာဇာေဈး ျပန္လည္ဖြင့္လွစ္

နိုဝင္ဘာ ၁ ရက္မွ စတင္ကာ ျပန္လည္ဖြင့္လွစ္ခဲ့တဲ့ ယုဇနပလာဇာေစ်းဟာ နို၀င္ဘာ ၄ ရက္ေန႕ ညမွာ ဝါယာေရွာခ့္ျဖစ္လို႔ ေစ်း႐ုံတစ္ခုလုံး မီးပ်က္ေနတာေၾကာင့္ယာယီပိတ္သိမ္းခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာ မီးလိုင္းမ်ား ျပဳျပင္ျခင္းလုပ္ငန္းၿပီးစီးသျဖင့္ ယေန႕( နို၀င္ဘာ ၆ ရက္)တြင္ျပန္လည္ဖြင့္လွစ္ခဲ့ေၾကာင္းေဈး၏ စီမံခန႔္ခြဲမႈေကာ္မတီထံမွသိရပါတယ္။

ေကာ္မတီ၏ တာ၀န္ရွိသူက မေန႕က မီးလိုင္းေတြျပန္စစ္ဖို႔ ၂ ရက္၊ ၃ ရက္ၾကာမယ္ဆိုၿပီး ပိတ္ခဲ့တာ။ျပင္တာအဆင္ေျပသြားေတာ့ျမန္တာေပါ့ေလ။လူအင္အားမ်ားေတာ့။အခုေဈးမွာရွိတဲ့ ဆိုင္ခန္းေတာ္ေတာ္မ်ားမ်ားဖြင့္ပါတယ္။အထပ္တိုင္းဖြင့္ပါတယ္လို႔ဆိုပါတယ္။

ယမန္ေန႕နို၀င္ဘာ ၅ ရက္တြင္ ယုဇနပလာဇာေဈးႀကီးအားမီးလိုင္းမ်ားျပဳျပင္ရန္အတြက္ သုံးရက္ခန႔္ယာယီပိတ္သိမ္းမည္ျဖစ္ေၾကာင္း ေကာ္မတီ၏ တာ၀န္ရွိသူက ေျပာၾကားခဲ့ေပမယ့္ ယေန႕( နို၀င္ဘာ ၆ ရက္)တြင္ ျပန္လည္ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။

ကိုဗစ္ေၾကာင့္ လေပါင္းမ်ားစြာ ပိတ္ထားခဲ့ရာမွ ယခုလို ဖြင့္ၿပီး မၾကာခင္ျပန္ပိတ္သြားတဲ့ေပၚေကာလာဟလမ်ားထြက္ေပၚလ်က္ရွိၿပီး ယင္းသတင္းမွာ မဟုတ္မွန္ေၾကာင္း ေဈးေကာ္မတီအဖြဲ႕ကေျပာဆိုထားပါတယ္။