Local News

မုံရွာတွင်စစ်​ကောင်စီတပ်ကို သက်ညှာ​တော့မည်မဟုတ်၍ ပြည်သူများမလိုအပ်လျှင်အပြင်မထွက်ရန်သတိ​ပေး

မုံရွာတွင်စစ်​ကောင်စီတပ်ကို သက်ညှာ​တော့မည်မဟုတ်၍ ပြည်သူများမလိုအပ်လျှင်အပြင်မထွက်ရန်သတိ​ပေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် လာမည့် ဒီဇင်ဘာလကုန်မှစ၍ အကြမ်းဖက်စစ်ကောင်စီနှင့်အပေါင်းအပါများအား သက်ညှာတော့မည်မဟုတ်သောကြောင့် ပြည်သူများ မလိုအပ်ဘဲ အပြင်မထွက်ရန် မုံရွာဒေသ အထူးကာကွယ်ရေးတပ်ဖွဲ့က သတိပေးကြေညာသည်။

မုံရွာမြို့တွင် နေထိုင်သော မိဘပြည်သူများအနေဖြင့် ကျန်းမာရေးကိစ္စနှင့် အရေးကြီးကိစ္စများမှလွဲ၍ မုံရွာမြို့အတွင်း လမ်းပေါ် သွားလာကူးသန်းမှုများ မပြုလုပ်ကြပါရန် မုံရွာပြည်သူလူထုအား မေတ္တာရပ်ခံတောင်းဆိုကြောင်း မုံရွာဒေသ အထူးကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

လာမည့် ဒီဇင်ဘာလကုန်မှစတင်ပြီး မုံရွာမြို့ပေါ်ရှိစစ်သား၊ ရဲသားများ၊ အကြမ်းဖက်သမားများတပ်စွဲထားသောနေရာများ၊ အကြမ်းဖက်သမားများနားနေသောနေရာများ၊

၎င်းတို့ကိုထောက်ပံ့ပေးနေသောပုဂ္ဂိုလ်များနှင့်ရုံးများအား လုံးဝသက်ညှာခွင့်ပြုတော့မည်မဟုတ်ကြောင်း၊ မိမိတို့အားကူညီချင်လျှင် ထုတ်ပြန်ချက်များလိုက်နာပေးရန် အနူးအညွတ်တောင်းဆိုကြောင်း မုံရွာဒေသ အထူးကာကွယ်ရေးတပ်ဖွဲ့က သတိပေးသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းကလည်း မုံရွာကညနရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြည်သူများရှိနေ၍ လျှော့ပေါ့ပြုလုပ်ခဲ့ရကြောင်း၊ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီထံ ငွေကြေးစီးဆင်းစေမည့်အခွန်ဆောင်မှုများ မပြုလုပ်ရန်နှင့်

အခွန်ကောက်နေသည့်မည်သည့်ရုံးကိုမဆို တိုက်ခိုက်သွားမည်ဖြစ်၍ စစ်ကောင်စီတပ်စွဲထားသည့်နေရာများနှင့် ဌာနဆိုင်ရာရုံးများသို့ သွားလာခြင်းမပြုရန် Monywa Young People Group က အသိပေးထားသည်။

#People’sSpring

Zawgyi

မုံ႐ြာတြင္စစ္​ေကာင္စီတပ္ကို သက္ညႇာ​ေတာ့မည္မဟုတ္၍ ျပည္သူမ်ားမလိုအပ္လွ်င္အျပင္မထြက္ရန္သတိ​ေပး

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕တြင္ လာမည့္ ဒီဇင္ဘာလကုန္မွစ၍ အၾကမ္းဖက္စစ္ေကာင္စီႏွင့္အေပါင္းအပါမ်ားအား သက္ညႇာေတာ့မည္မဟုတ္ေသာေၾကာင့္ ျပည္သူမ်ား မလိုအပ္ဘဲ အျပင္မထြက္ရန္ မုံ႐ြာေဒသ အထူးကာကြယ္ေရးတပ္ဖြဲ႕က သတိေပးေၾကညာသည္။

မုံ႐ြာၿမိဳ႕တြင္ ေနထိုင္ေသာ မိဘျပည္သူမ်ားအေနျဖင့္ က်န္းမာေရးကိစၥႏွင့္ အေရးႀကီးကိစၥမ်ားမွလြဲ၍ မုံ႐ြာၿမိဳ႕အတြင္း လမ္းေပၚ သြားလာကူးသန္းမႈမ်ား မျပဳလုပ္ၾကပါရန္ မုံ႐ြာျပည္သူလူထုအား ေမတၱာရပ္ခံေတာင္းဆိုေၾကာင္း မုံ႐ြာေဒသ အထူးကာကြယ္ေရးတပ္ဖြဲ႕က အသိေပးသည္။

လာမည့္ ဒီဇင္ဘာလကုန္မွစတင္ၿပီး မုံ႐ြာၿမိဳ႕ေပၚ႐ွိစစ္သား၊ ရဲသားမ်ား၊ အၾကမ္းဖက္သမားမ်ားတပ္စြဲထားေသာေနရာမ်ား၊ အၾကမ္းဖက္သမားမ်ားနားေနေသာေနရာမ်ား၊

၎တို႔ကိုေထာက္ပံ့ေပးေနေသာပုဂၢိဳလ္မ်ားႏွင့္႐ုံးမ်ားအား လုံးဝသက္ညႇာခြင့္ျပဳေတာ့မည္မဟုတ္ေၾကာင္း၊ မိမိတို႔အားကူညီခ်င္လွ်င္ ထုတ္ျပန္ခ်က္မ်ားလိုက္နာေပးရန္ အႏူးအၫြတ္ေတာင္းဆိုေၾကာင္း မုံ႐ြာေဒသ အထူးကာကြယ္ေရးတပ္ဖြဲ႕က သတိေပးသည္။

ယမန္ေန႔ ဒီဇင္ဘာလ ၁၆ ရက္ေန႔ နံနက္ပိုင္းကလည္း မုံ႐ြာကညန႐ုံး ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ျပည္သူမ်ား႐ွိေန၍ ေလွ်ာ့ေပါ့ျပဳလုပ္ခဲ့ရေၾကာင္း၊ ျပည္သူမ်ားအေနျဖင့္ အၾကမ္းဖက္စစ္ေကာင္စီထံ ေငြေၾကးစီးဆင္းေစမည့္အခြန္ေဆာင္မႈမ်ား မျပဳလုပ္ရန္ႏွင့္

အခြန္ေကာက္ေနသည့္မည္သည့္႐ုံးကိုမဆို တိုက္ခိုက္သြားမည္ျဖစ္၍ စစ္ေကာင္စီတပ္စြဲထားသည့္ေနရာမ်ားႏွင့္ ဌာနဆိုင္ရာ႐ုံးမ်ားသို႔ သြားလာျခင္းမျပဳရန္ Monywa Young People Group က အသိေပးထားသည္။

#People’sSpring

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.