Local News

မဲမသမာလုပ်ခဲ့တယ်ဆိုကာ ရွေးကော်အဖွဲ့ခွဲ ဥက္ကဋ္ဌတွေ နဲ့အဖွဲ့ဝင်တွေကို ဝန်ခံထိုးခိုင်းဖို့ စစ်ကောင်စီဖိအားပေးဖို့ရှိနေ

မဲမသမာလုပ်ခဲ့တယ်ဆိုကာ ရွေးကော်အဖွဲ့ခွဲ ဥက္ကဋ္ဌတွေ နဲ့အဖွဲ့ဝင်တွေကို ဝန်ခံထိုးခိုင်းဖို့ စစ်ကောင်စီဖိအားပေးဖို့ရှိနေ

ရွေးကောက်ပွဲမှာ မဲမသမာမှု လုပ်ခဲ့တယ်ဆိုတာကို အတည်ပြု နိုင်ဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တွေရဲ့ ဥက္ကဋ္ဌ တွေနဲ့အဖွဲ့ဝင်တွေကို စစ်ကောင်စီက ခံဝန်ထိုးခိုင်းနေပါတယ်။

ခံဝန်ထိုးမယ်ဆိုရင် ငွေဒဏ်သာချမယ့် ရာဇသတ်ကြီးပုဒ်မ ၁၇၁ (ဆ) နဲ့ စွဲဆိုပေးဖို့စစ်ကောင်စီက စီစဉ်နေတာလို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ တစ်ဦးက People’s Spring ကိုပြောပါတယ်။

လတ်တလောမှာ ဖမ်ဆီးဖို့မကြားမိသေးပေမယ့် မဲမသမာမှု ရှိခဲ့တယ်ဆိုတာကို ဝန်ခံထိုးခိုင်းမယ်ဆိုတာ ကြားနေရတယ်လို့ အဲဒီ ဥက္ကဋ္ဌ က ဆိုပါတယ်။

ဒီလို ဝန်ခံကတိထိုးခိုင်းတာဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ မဲမသမာမှုရှိခဲ့တယ်ဆိုတာကို စစ်ကောင်စီက အတည်ပြု ချက်လိုချင်နေတာလို့ အမည်မဖော်လိုတဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ တစ်ဦးက သုံးသပ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နဲ့အဖွဲ့ဝင်တွေကို ဝန်ခံကတိထိုးပြီး တရားစွဲရာမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေရဲ့အတွင်းရေးမှူးတွေ့ တရားလိုလုပ်မယ်လို့သိရပါတယ်။

များသောအားဖြင့် ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးတွေဟာ စစ်ဘက်က ရောက်လာသူတွေလည်းဖြစ်ပါတယ်။

၂၀၂၀ ​ရွေး​ကောက်ပွဲဟာ ကမ္ဘာကပ်​ရောဂါကိုဗစ်နိုင်တီး ခြိမ်း​ခြောက်မှု၊ စစ်တပ်နဲ့အ​ပေါင်းအပါ ပါတီ​တွေရဲ့ ဖိအား​ပေးခြိမ်း​ခြောက်မှု​တွေကြားကလုပ်ခဲ့ရ​ပေမယ့် ပြည်သူ​တွေမဲ​ပေးမှုနှုန်း စံချိန်တင်မြင့်မားခဲ့သလို၊​ ရွေး​ကောက်ပွဲ​စောင့်
ကြည့်တဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ​ရွေး​ကောက်ပွဲ​စောင့်ကြည့်တဲ့အဖွဲ့​တွေ၊ နိုင်ငံတကာအစိုးရ​တွေကိုယ်တိုင်က လွတ်လပ်မျှတတဲ့​ရွေး​ကောက်ပွဲဖြစ်တယ်လို့ အသိ့အမှတ်ပြု ထုတ်ပြန်​ကြေညာထားကြပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲပေးနေတဲ့ စစ်ကောင်စီခေါင်းဆောင်
Photo – AFP

Zawgyi

မဲမသမာလုပ္ခဲ့တယ္ဆိုကာ ေ႐ြးေကာ္အဖြဲ႕ခြဲ ဥကၠ႒ေတြ နဲ႔အဖြဲ႕ဝင္ေတြကို ဝန္ခံထိုးခိုင္းဖို႔ စစ္ေကာင္စီဖိအားေပးဖို႔႐ွိေန

ေ႐ြးေကာက္ပြဲမွာ မဲမသမာမႈ လုပ္ခဲ့တယ္ဆိုတာကို အတည္ျပဳ ႏိုင္ဖို႔အတြက္ ေ႐ြးေကာက္ပြဲ ေကာ္မ႐ွင္အဖြဲ႕ခြဲ ေတြရဲ႕ ဥကၠ႒ ေတြနဲ႔အဖြဲ႕ဝင္ေတြကို စစ္ေကာင္စီက ခံဝန္ထိုးခိုင္းေနပါတယ္။

ခံဝန္ထိုးမယ္ဆိုရင္ ေငြဒဏ္သာခ်မယ့္ ရာဇသတ္ႀကီးပုဒ္မ ၁၇၁ (ဆ) နဲ႔ စြဲဆိုေပးဖို႔စစ္ေကာင္စီက စီစဥ္ေနတာလို႔ ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မ႐ွင္ အဖြဲ႕ခြဲ ဥကၠ႒ တစ္ဦးက People’s Spring ကိုေျပာပါတယ္။

လတ္တေလာမွာ ဖမ္ဆီးဖို႔မၾကားမိေသးေပမယ့္ မဲမသမာမႈ ႐ွိခဲ့တယ္ဆိုတာကို ဝန္ခံထိုးခိုင္းမယ္ဆိုတာ ၾကားေနရတယ္လို႔ အဲဒီ ဥကၠ႒ က ဆိုပါတယ္။

ဒီလို ဝန္ခံကတိထိုးခိုင္းတာဟာ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲဟာ မဲမသမာမႈ႐ွိခဲ့တယ္ဆိုတာကို စစ္ေကာင္စီက အတည္ျပဳ ခ်က္လိုခ်င္ေနတာလို႔ အမည္မေဖာ္လိုတဲ့ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မ႐ွင္အဖြဲ႕ခြဲဥကၠ႒ တစ္ဦးက သုံးသပ္ပါတယ္။

ေ႐ြးေကာက္ပြဲေကာ္မ႐ွင္အဖြဲ႕ခြဲ ဥကၠ႒ နဲ႔အဖြဲ႕ဝင္ေတြကို ဝန္ခံကတိထိုးၿပီး တရားစြဲရာမွာ ေ႐ြးေကာက္ပြဲေကာ္မ႐ွင္အဖြဲ႕ခြဲေတြရဲ႕အတြင္းေရးမႉးေတြ႕ တရားလိုလုပ္မယ္လို႔သိရပါတယ္။

မ်ားေသာအားျဖင့္ ေကာ္မ႐ွင္အဖြဲ႕ခြဲအတြင္းေရးမႉးေတြဟာ စစ္ဘက္က ေရာက္လာသူေတြလည္းျဖစ္ပါတယ္။

၂၀၂၀ ​ေ႐ြး​ေကာက္ပြဲဟာ ကမ႓ာကပ္​ေရာဂါကိုဗစ္ႏိုင္တီး ၿခိမ္း​ေျခာက္မႈ၊ စစ္တပ္နဲ႔အ​ေပါင္းအပါ ပါတီ​ေတြရဲ႕ ဖိအား​ေပးၿခိမ္း​ေျခာက္မႈ​ေတြၾကားကလုပ္ခဲ့ရ​ေပမယ့္ ျပည္သူ​ေတြမဲ​ေပးမႈႏႈန္း စံခ်ိန္တင္ျမင့္မားခဲ့သလို၊​ ေ႐ြး​ေကာက္ပြဲ​ေစာင့္
ၾကည့္တဲ့ ျပည္တြင္းနဲ႔ ႏိုင္ငံတကာ​ေ႐ြး​ေကာက္ပြဲ​ေစာင့္ၾကည့္တဲ့အဖြဲ႕​ေတြ၊ ႏိုင္ငံတကာအစိုးရ​ေတြကိုယ္တိုင္က လြတ္လပ္မွ်တတဲ့​ေ႐ြး​ေကာက္ပြဲျဖစ္တယ္လို႔ အသိ့အမွတ္ျပဳ ထုတ္ျပန္​ေၾကညာထားၾကပါတယ္။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ မဲေပးေနတဲ့ စစ္ေကာင္စီေခါင္းေဆာင္
Photo – AFP

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.