Local News

မဲမသာမှုကိုအကြောင်းပြုအာဏာထိန်းသည်ကို ပြည်သူတွေမယုံကြည်လို့ဆိုပီး ပြည်သူတစ်ယောက်ချင်းစီဖတ်နိုင်အောင် စာအုပ်ထုတ်ပေးမည်

မဲမသမာမှု မတရားပြုကျင့်မှုများအပေါ် စုံစမ်းတွေ့ရှိချက်လို့ အမည်ပေးထားတဲ့ စာအုပ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ဝေ

SACကနေဖွဲ့စည်းထားတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲမသမာမှု မတရားပြုကျင့်မှုများအပေါ် စုံစမ်းတွေ့ရှိချက်လို့ နာမည်ပေးထားတဲ့ စာအုပ်ကို ထုတ်ဝေဖြန့်ချိထားပြီလို့ သိရပါတယ်

SAC ဟာ ၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဒါတွေကို စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပေမယ့် NLD အစိုးရဘက်က ပျက်ကွက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံ့အာဏာကို ရယူလိုက်တာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည် ဖွဲ့စည်းကာ ရွေးကောက်ပွဲဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးဖို့ SAC က ညွှန်ကြားခဲ့တာပဲဖြစ်ပါတယ်

မဲမသာမှုအသေးစိတ်စာအုပ်အခုလိုစာအုပ် ထွက်ရှိလာတာဟာ လူထုနဲ့ တပ်မိသားစုတွေဆီ ဝါဒဖြန့်ဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဆီကို ၂၀၂၀ ရွေးကောက်ပွဲမှာ မတရားပြုကျင့်မှုနဲ့ မဲမသမာမှုတွေရှိခဲ့တယ်ဆိုတာကို တစ်ဖက်လှည့်နဲ့ သတင်းစကားပေးဖို့အတွက် ဖြစ်နိုင်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပေးသွားခဲ့ပါတယ်။

“အရင်တုန်းကလည်း အခုလို ဝါဒဖြန့်စာအုပ်တွေ ထွက်ခဲ့ဖူးတာပဲလေ။ ဒါပေမဲ့ ဒါဟာ နိုင်ငံရေးလောကဓံနဲ့ မြန်မာ့နိုင်ငံရေးထဲက သမိုင်းအဖြစ်အပျက်တစ်ခုဆိုတော့ ဘယ်လိုတွေ ရေးထားလဲ၊ ၂၀၂၀ ရွေးကောက်ပွဲကို ဘယ်လိုပုံဖော်ထားသလဲဆိုတာ လေ့လာသင့်တဲ့စာအုပ်ပါပဲ။

တစ်ရက်ရက်ရောက်ရင် အကိုးအကားတွေ ပြန်ရှာလို့ရနိုင်တဲ့စာအုပ်လို့ ပြောရပါလိမ့်မယ်။ ဒီစာအုပ်ကနေတဆင့် နောက်လာမယ့် ရွေးကောက်ပွဲအခင်းအကျင်းကိုလည်း သိရှိခွင့်ရနိုင်ပါတယ်”လို့ အဆိုပါ မြန်မာ့အရေးကျွမ်းကျင်သူတစ်ဦးက အသိပေးသွားခဲ့ပါတယ်#Mercury_Media

Zawgyi

မဲမသမာမႈ မတရားျပဳက်င့္မႈမ်ားအေပၚ စုံစမ္းေတြ႕႐ွိခ်က္လို႔ အမည္ေပးထားတဲ့ စာအုပ္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မ႐ွင္ ထုတ္ေဝ

SACကေနဖြဲ႕စည္းထားတဲ့ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မ႐ွင္ဟာ၂၀၂၀ျပည့္ႏွစ္ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ မဲမသမာမႈ မတရားျပဳက်င့္မႈမ်ားအေပၚ စုံစမ္းေတြ႕႐ွိခ်က္လို႔ နာမည္ေပးထားတဲ့ စာအုပ္ကို ထုတ္ေဝျဖန္႔ခ်ိထားၿပီလို႔ သိရပါတယ္

SAC ဟာ ၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲမွာ မဲမသမာမႈေတြ ႐ွိခဲ့တယ္ဒါေတြကို စစ္ေဆးေပးဖို႔ ေတာင္းဆိုခဲ့ေပမယ့္ NLD အစိုးရဘက္က ပ်က္ကြက္ခဲ့တယ္ဆိုတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ ႏိုင္ငံ့အာဏာကို ရယူလိုက္တာျဖစ္ၿပီး အဲ့ဒီေနာက္မွာေတာ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မ႐ွင္ကို ျပန္လည္ ဖြဲ႕စည္းကာ ေ႐ြးေကာက္ပြဲျဖစ္စဥ္ေတြကို စုံစမ္းစစ္ေဆးဖို႔ SAC က ၫႊန္ၾကားခဲ့တာပဲျဖစ္ပါတယ္

မဲမသာမႈအေသးစိတ္စာအုပ္အခုလိုစာအုပ္ ထြက္႐ွိလာတာဟာ လူထုနဲ႔ တပ္မိသားစုေတြဆီ ဝါဒျဖန္႔ဖို႔နဲ႔ ႏိုင္ငံတကာအသိုင္းအဝိုင္းဆီကို ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ မတရားျပဳက်င့္မႈနဲ႔ မဲမသမာမႈေတြ႐ွိခဲ့တယ္ဆိုတာကို တစ္ဖက္လွည့္နဲ႔ သတင္းစကားေပးဖို႔အတြက္ ျဖစ္ႏိုင္တယ္လို႔ ျမန္မာ့အေရးကြၽမ္းက်င္သူတစ္ဦးက မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

“အရင္တုန္းကလည္း အခုလို ဝါဒျဖန္႔စာအုပ္ေတြ ထြက္ခဲ့ဖူးတာပဲေလ။ ဒါေပမဲ့ ဒါဟာ ႏိုင္ငံေရးေလာကဓံနဲ႔ ျမန္မာ့ႏိုင္ငံေရးထဲက သမိုင္းအျဖစ္အပ်က္တစ္ခုဆိုေတာ့ ဘယ္လိုေတြ ေရးထားလဲ၊ ၂၀၂၀ ေ႐ြးေကာက္ပြဲကို ဘယ္လိုပုံေဖာ္ထားသလဲဆိုတာ ေလ့လာသင့္တဲ့စာအုပ္ပါပဲ။

တစ္ရက္ရက္ေရာက္ရင္ အကိုးအကားေတြ ျပန္႐ွာလို႔ရႏိုင္တဲ့စာအုပ္လို႔ ေျပာရပါလိမ့္မယ္။ ဒီစာအုပ္ကေနတဆင့္ ေနာက္လာမယ့္ ေ႐ြးေကာက္ပြဲအခင္းအက်င္းကိုလည္း သိ႐ွိခြင့္ရႏိုင္ပါတယ္”လို႔ အဆိုပါ ျမန္မာ့အေရးကြၽမ္းက်င္သူတစ္ဦးက အသိေပးသြားခဲ့ပါတယ္#Mercury_Media

About the author

admin

Add Comment

Click here to post a comment