Local News

မျှော်လင့်ချက်ကို မစွန့်လွှတ်သည့် မြန်မာပြည်သူလူထုကို ဂုဏ်ပြုကြောင်း အမေရိကန်က လွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို့

မျှော်လင့်ချက်ကို မစွန့်လွှတ်သည့် မြန်မာပြည်သူလူထုကို ဂုဏ်ပြုကြောင်း အမေရိကန်က လွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို့

စစ်အာဏာရှင်၏ ကြောက်မက်ဖွယ်ရာနှိပ်စက်ကလူပြုမှုများကို ခံစားနေရသည့်တိုင် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခုအတွက်

မျှော်လင့်ချက်ကို မစွန့်လွှတ်ကြသည့် မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စု၏သန္နိဋ္ဌာန်မှာ ပြောင်းလဲမသွားပါဟု အ မေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ​ ဂျေ ဘလင်ကန်က

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က သတင်းထုတ်ပြန်ထားသည်ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေးကို လေးစား လိုက်နာရေးနှင့် မိမိတို့နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးတို့အတွက်

ကြိုးပမ်းအားထုတ်နေကြသည့် မြန်မာပြည်သူလူထုကြီးကို မိမိတို့ဂုဏ်ပြု အပ်ပါသည် စစ်အာဏာရှင်၏ ကြောက်မကဖွယ်ရာနှိပ်စက်ကလူပြုမှုများကို ခံစားနေရသည့်တိုင်

ပိုမိုကောင်းမွန်သောအနာဂတ်တစ်ခုအတွက် မျှော်လင့်ချက်ကို မစွန့်လွှတ်ကြသည့် မြန်မာပြည်သူများအတွက် အမေရိကန် ပြည်ထောင်စု၏

သန္နိဋ္ဌာန်မှာ ပြောင်းလဲမသွားပါ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ မတရားထိန်းသိမ်းထားသူများအားလုံးကို လွှတ်ပေးရန်နှင့်

စစ်မှန်ပြီး အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ရန် စစ်အာဏာရှင်ကို မိမိတို့ ထပ်မံတောင်းဆိုပါသည် ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်

ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အတွက် မြန်မာပြည်သူများထံသို့ အမေရိကန်ပြည်ထောင်စုကိုယ်စား နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ​ ဂျေ ဘလင်ကန်က လွတ်လပ်ရေးနေ့ဆုတောင်းသဝဏ်လွှာပေးပို့ထားသည် Crd- Tachi Leik News Agency

Zawgyi










About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.