Local News

မြန်မာကို နိုင်ငံတကာဝင်ကူဖို့ UN အနေနဲ့ နှုတ်ကပါ တိုက်တိုက် တွန်းတွန်း ထုတ်ပြော… see more

မြန်မာကို နိုင်ငံတကာဝင်ကူဖို့ UN အနေနဲ့ နှုတ်ကပါ တိုက်တိုက် တွန်းတွန်း ထုတ်ပြော… see more

အဓိက အချက်က ဘယ်နိုင်ငံတွေက စစ်ဆင်ရေး အသုံးစရိတ် ထုတ်မလဲဆိုတဲ့ ရန်ပုံငွေ ကိစ္စ ညှိုနှိုင်းဖို့ ကျန်နေပါတော့တယ်

စစ်ဆင်ရေး ရန်ပုံငွေ ဘယ်သူထုတ်မှာလဲUN ရဲ့ လူ့အခွင့်အရေး ကော်မရှင်နာ အကြီးအကဲ မစ်ချယ် ဘက်ချီလက် ကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းက အရင်ထက် ၂ ဆ လုံ့လ ထုတ်ပြီးမြန်မာကို ဝင်ကူညီဖို့ ပြောလိုက်ပါတယ်။

သူမရဲ့ ပြောကြားချက်တွေမှာ နောက်မကျသေးခင်
” အမြန် လှုပ်ရှားကြပါ ” ဆိုတဲ့ တိုက်တွန်းမှုပါဝင်
ပါတယ်UN အတွင်းရေးမှူးရော၊ လူ့အခွင့်အရေးအကြီးအကဲရော က နိုင်ငံတကာ အနေနဲ့ မြန်မာကို ဝင်ကူဖို့ ပြောကြားနေကြတာပဲ ဖြစ်ပါတယ်။

ပြောတဲ့ အသုံးတွေက ပိုပြီး ထိရောက်ပြင်းထန်လာ
တာ တွေ့ရပါတယ်။” Urgent Action ” အမြန်ဆောင်ရွက်ပါ။

Not late yet နောက်မကျသေးခင် ဆောင်ရွက်ကြပါ…စတဲ့ အသုံးအနှုန်းတွေ သုံးစွဲလာပါတယ်။

သုံးသပ်ရရင် UN အနေနဲ့က မြန်မာကို နိုင်ငံတကာ
ဝင်ကူဖို့ မီးစိမ်းပြယုံမက နှုတ်ကပါ တွန်းတွန်း တိုက်တိုက် ထုတ်ပြောနေပါပြီ။

အဓိက အချက်က ဘယ်နိုင်ငံတွေက စစ်ဆင်ရေး
အသုံးစရိတ် ထုတ်မလဲဆိုတဲ့ ရန်ပုံငွေ ကိစ္စ ညှိုနှိုင်းဖို့ ကျန်နေသေးတာလို့ ယူဆရပါတယ်။

မြန်မာ့ အရေးနဲ့ ပတ်သတ်လို့ အကျိုးစီးပွားထိသူ၊
အကျိုးစီးပွားရှိသူတွေက ရန်ပုံငွေ ထုတ်ကြမှာပါပဲ။
နိုင်ငံတကာ ရဲ့ တုန့်ပြန်ပုံ မြန်ဆန်ခြင်း၊ နှေးကွေးခြင်းတွေက ပြည်တွင်းဖြစ်ပျက်မှုတွေအပေါ် ကြည့်ပြီး
လုပ်ကြတယ်ဆိုတာ သတိချပ်ဖို့လိုပါတယ်။

စစ်ဆင်ရေး ရန်ပုံငွေ ဘယ်သူဦးဆောင်ထုတ်မလဲ
အဖြေသိရဖို့ သိပ်မလိုတော့ဘူးလို့ သုံးသပ်ရပါတယ်။

Credit