မြန်မာကို အိုင်စီဂျေက တရားစီရင်ခွင့်မရှိဘူးဆိုတဲ့ စစ်ကောင်စီကန့်ကွက်ချက်ကို ဇူလိုင် ၂၂..see more

မြန်မာကို အိုင်စီဂျေက တရားစီရင်ခွင့်မရှိဘူးဆိုတဲ့ စစ်ကောင်စီကန့်ကွက်ချက်ကို ဇူလိုင် ၂၂..see more

မြန်မာနိုင်ငံကိုလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ စွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့

မြန်မာကိုအိုင်စီဂျေတရားရုံးက တရားစီရင်ခွင့်မရှိဘူးဆိုတဲ့ စစ်ကောင်စီရဲံ တင်ပြချက်အပေါ် လာမယ့်ဇူလိုင် ၂၂ ရက်မှာ ဆုံးဖြတ်မယ်လို့တရားရုံးဘက်က ထုတ်ပြန်လာပါတယ်။

မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စွဲဆိုထားတဲ့အမှုကို ရင်ဆိုင်ဖို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့

ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာသီတာဦးတို့ ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်၀ါရီ ၁၈ ရက်ကနေ ၂၈ ရက်အထိ နယ်သာလန် နိုင်ငံက သည်ဟိဂ်တရားရုံးမှာသွားရောက်ရင်ဆိုင်ခဲ့ကြပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျနီဗာသဘောတူညီချက်ကို ချိုးဖောက်ပြီး ရိုဟင်ဂျာ တွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့ ပတ်သက်ပြီး

ICJ တရားရုံးအနေနဲ့ ဆုံးဖြတ်စီရင်ပိုင်ခွင့်အာဏာ ရှိ၊မရှိ ဆိုတဲ့အပေါ် ဂမ်ဘီယာနဲ့ မြန်မာ ၂ နိုင်ငံက ကိုယ်စားလှယ်တွေက လျှောက်လဲချက်တွေ ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။

အရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တုန်းကတည်းက ICJ တရားရုံးရဲ့ ဆုံးဖြတ် စီရင်ပိုင်ခွင့်အာဏာနဲ့ ပတ်သက်လို့ မြန်မာအနေနဲ့ ကနဦးကန့်ကွက်ချက် (Preliminary Objection) ပြုလုပ်ထားတာလည်းရှိပါတယ်။

အဲဒီ ကနဦးကန့်ကွက်ချက်ကိုရုပ်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖေဖော်၀ါရီ ၁ ရက်မှာ ကြေညာခဲ့ပါတယ်။

ဂမ်ဘီယာဘက်က ကိုယ်စားလှယ် ဂမ်ဘီယာ တရားရေးဝန်ကြီး ဒေါ့ဒါ ဂျာလိုးကတော့ တရားရုံးအနေနဲ့
မြန်မာဘက်က ကန့်ကွက်မှုကို ပယ်ချမယ်လို့ပဲ မျှော်လင့်ကြောင်း၊

မြန်မာဘက်ကနေအရင်တည်းကတင်သွင်းခဲ့တဲ့ အဓိက အချက်အလက်တွေကို တရားရုံးက တညီတညွတ်တည်း လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

ဒါကြောင့် တရားရုံးအနေနဲ့ အဲဒီတုန်းက သူတို့ရပ်တည်ဆုံးဖြတ်ချက်ကနေ သွေဖြည်သွားစရာ အကြောင်းမရှိဘူးလို့ မြင်ကြောင်း ပြီးခဲ့တဲ့ ဖေဖော်၀ါရီ ရုံးချိန်းတည်းက ပြောထားပါတယ်။

ဓာတ်ပုံ-Getty Images/ပုံဟောင်း
အိုင်စီဂျေတရားရုံးအပြင်မှာ ဆန္ဒပြနေစဥ်

Leave a Reply

Your email address will not be published.