Local News
မြန်မာငွေကြေးဖောင်းပွမှုကြောင့် ဒေါ်လာအစားထိုး ပြန်လည်သုံးလာနိုင်ဖွယ်ရှိတဲ့ FEC
မြန်မာငွေကြေးဖောင်းပွမှုကြောင့် ဒေါ်လာအစားထိုး ပြန်လည်သုံးလာနိုင်ဖွယ်ရှိတဲ့ FEC
ယခင်စစ်အစိုးရခေတ်မှာမြန်မာနိုင်ငံသားမှန်သမျှ နိုင်ငံခြားငွေ ဒေါ်လာကို လက်ဝယ် ကိုင်ဆောင်ခွင့်လုံးဝမရှိပါဘူး။မိမိထံမှာ ရှိတဲ့ ‌ဒေါ်လာနိုင်ငံခြားငွေကို အစိုးရထံအပ်နှံထားပြီး၎င်းတို့ပြန်ပေးတဲ့ FEC ကိုဒေါ်လာအစားထိုးကိုင်ဆောင်သုံးစွဲရတာဖြစ်ပါတယ်။
မည်သည့်နိုင်ငံသားမဆိုအပြည်ပြည်ဆိုင်ရာလေဆိပ်ရောက်တာနဲ့ မိမိတို့ ပါလာတဲ့ ‌နိုင်ငံခြားငွေ ဒေါ်လာတွေကို FEC ဖြင့်လဲလှယ်သုံးရပါတယ်။ဒေါ်လာအစားထိုး FEC ဟာပြည်တွင်းမှာတော့ တွင်တွင်ကျယ်ကျယ်ကောင်းကောင်းအသုံးပြုနိုင်ပါတယ်။
မြန်မာပြည်ကိုအလည်လာရောက်တဲ့နိုင်ငံခြားသားတွေအနေနဲ့သုံးလို့ ပိုနေတဲ့ FEC ကို ‌ဒေါ်လာ လေဆိပ်မှာပြန်လည်လဲလှယ်လို့ရပါတယ်။မြန်မာနိုင်ငံသားတွေအနေနဲ့ကတော့မြန်မာပြည်တွင်းမှာ နိုင်ငံခြားငွေဒေါ်လာကို ကိုင်ဆောင်သုံးစွဲ ခွင့်လုံးဝမရှိပါဘူး။
ကိစ္စအမျိုးမျိုးနဲ့ နိုင်ငံခြားရပ်ခြားသို့ သွားမယ့်သူတွေ အခြားလေဆိပ်ရောက်သည့်အခါမှာ show money ပြရပါတယ် ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နှုံးထားသတ်မှတ်ချက်တွေကြောင့်
ထိုအချိန်က ဒေါ်လာမှောင်ခိုစျေးကွက်ကြီးဟာ မြန်မာပြည်တွင်းမှာ အဆမတန်ကြီးထွားလာခဲ့တယ်။ရန်ကုန်မြို့အနှံ့ ဒေါ်လာမှောင်ခိုဝယ်တဲ့သူတွေ များပြားလာပါတယ်။
တရားဝင် ငွေကြေးလဲလှယ်တဲ့စျေးကွက်မဟုတ်တာကြောင့်ဒေါ်လာအရောင်းအဝယ်လုပ်တဲ့အခါမှာ နှစ်ဦးနှစ်ဖက်မြန်မြန်ပေးမြန်မြန်လဲမြန်မြန်ပြေးစနစ်နဲ့လုပ်ကြရပါတယ်။
ထိုစဉ်က အမေရိကန် တစ်ဒေါ်လာကိုမြန်မာငွေ (၉၀၀/၉၅၀)အထိ စျေးပေါက်ပြီးအမြင့်ဆုံး တစ်ဒေါ်လာကို ၁၀၀၀ ကျပ်အထိအရောင်းအဝယ်ဖြစ်တာတွေလည်းရှိခဲ့ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာငွေကြေးဖေါင်းပွမှု အခြေအနေတွေကိုအချိန်မှီမထိန်းချုပ်နိုင်ရင်တော့ မကြာခင်မှာပဲ ဒေါ်လာမှောင်ခိုစျေးကွက်ကြီးဖြစ်ပေါ်လာဖို့ ရှိသလိုတစ်ချိန်ကကျင့်သုံးခဲ့တဲ့ FEC စနစ်တွေပါပြန်လည် ပေါ်ပေါက်လာဖွယ်ရှိနေပါတယ်လို့သုံးသပ်ရပါတယ်။
karenchannelmedia
တရားဝင် ငွေကြေးလဲလှယ်တဲ့ဈေးကွက်မဟုတ်တာကြောင့်ဒေါ်လာအရောင်းအဝယ်လုပ်တဲ့အခါမှာ နှစ်ဦးနှစ်ဖက်မြန်မြန်ပေးမြန်မြန်လဲမြန်မြန်ပြေးစနစ်နဲ့လုပ်ကြရပါတယ်။
ထိုစဉ်က အမေရိကန် တစ်ဒေါ်လာကိုမြန်မာငွေ (၉၀၀/၉၅၀)အထိ ဈေးပေါက်ပြီးအမြင့်ဆုံး တစ်ဒေါ်လာကို ၁၀၀၀ ကျပ်အထိအရောင်းအဝယ်ဖြစ်တာတွေလည်းရှိခဲ့ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာငွေကြေးဖေါင်းပွမှု အခြေအနေတွေကိုအချိန်မှီမထိန်းချုပ်နိုင်ရင်တော့ မကြာခင်မှာပဲ ဒေါ်လာမှောင်ခိုဈေးကွက်ကြီးဖြစ်ပေါ်လာဖို့ ရှိသလိုတစ်ချိန်ကကျင့်သုံးခဲ့တဲ့ FEC စနစ်တွေပါပြန်လည် ပေါ်ပေါက်လာဖွယ်ရှိနေပါတယ်လို့သုံးသပ်ရပါတယ်။
karenchannelmedia