International News

မြန်မာစစ်တပ်ကို ထိရောက်တဲ့ အရေးယူမှုလုပ်ဖို့ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

မြန်မာစစ်တပ်ကို ထိရောက်တဲ့ အရေးယူမှုလုပ်ဖို့ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ သ တ်ဖြ တ်ဖမ်းဆီးမှုတွေ ဆက်ဖြစ်နေတဲ့အတွက် နိုင်ငံတကာအသိုင်း အဝိုင်းအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး

”ချက်ချင်းလုပ်ဆောင်မယ့်၊ အပြုသဘောဆောင်တဲ့၊ ထိရောက်တဲ့၊ ပူးပေါင်းလုပ်ဆောင်တဲ့၊ ရလဒ်ကိုအခြေခံတဲ့ အရေးယူဆောင်ရွက်ချက်တွေ’

အရေးတကြီး လုပ်ဖို့ လိုနေတယ်လို ကုလသမဂ္ဂရဲ့ လက်ရှိ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်ကို စာရေးသား တောင်းဆိုလိုက်ပါတယ်။

စက်တင်ဘာလ ၁၇ ရက် ရက်စွဲနဲ့ ရေးသားထုတ်ပြန်တဲ့ စာထဲမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်တပ်ကို အထီးကျန်ဖြစ်အောင်

ဖယ်ကျဥ်ထားဖို့နဲ့ မြန်မာပြည်ဒီမိုကရေစီလမ်းကြောင်း ပေါ် ပြန်မသွားမချင်း စစ်တပ်ကို ထောက်ပံ့တာတွေ ဖြတ်တောက်ထားဖို့အတွက် ခိုင်မာတဲ့ဆောင်ရွက်ချက်တွေ လိုအပ်တယ်လို့လည်း ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီး ရက်ပေါင်း ၂၂၀ ကျော်အတွင်း လူ တစ်ထောင်ကျော် သတ်ဖြတ်ခံရသလို ထောင်နဲ့ချီပြီး ဖမ်းဆီးနှိပ်စက်တာတွေ ခံနေရတယ်လို့ ဦးကျော်မိုးထွန်းက သူ့ရဲ့စာထဲမှာ ရေးပါတယ်။

စက်တင်ဘာ ၉ ရက်က မကွေးတိုင်း မြင်သားရွာမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်မှုကြောင့် အရပ်သားတွေအပါအဝင် အနည်းဆုံး လူ ၁၈ ဦး သေဆုံးကြောင်းနဲ့

စက်တင်ဘာ ၁၀ ရက်မှာလည်း အဲဒီဒေသက နှမ်းခါးရွာမှာ အိမ်ခြေ ၃၆ လုံး မီ းရှို့ခံရကြောင်းလည်း ဖော်ပြပါတယ်။

အဲဒီစာနဲ့အတူ စာမျက်နှာ ၇ မျက်နှာပါ အပတ်စဥ် မြန်မာနိုင်ငံအခြေအနေ စာတမ်းတစ်ခုကိုလည်း အတွင်းရေးမှူးချုပ်ဆီ ပူးတွဲ ပေးပို့ထားတာ တွေ့ရပါတယ်။

BBC

Zawgyi

ျမန္မာနိုင္ငံမွာ စစ္ေကာင္စီရဲ႕ သ တ္ျဖတ္ဖမ္းဆီးမႈေတြ ဆက္ျဖစ္ေနတဲ့အတြက္ နိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႕ ျမန္မာနိုင္ငံနဲ႕ပတ္သက္ၿပီး

”ခ်က္ခ်င္းလုပ္ေဆာင္မယ့္၊ အျပဳသေဘာေဆာင္တဲ့၊ ထိေရာက္တဲ့၊ ပူးေပါင္းလုပ္ေဆာင္တဲ့၊ ရလဒ္ကိုအေျခခံတဲ့ အေရးယူေဆာင္႐ြက္ခ်က္ေတြ’

အေရးတႀကီး လုပ္ဖို႔ လိုေနတယ္လို ကုလသမဂၢရဲ႕ လက္ရွိ ျမန္မာနိုင္ငံဆိုင္ရာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ကုလ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူးတားရက္စ္ကို စာေရးသား ေတာင္းဆိုလိုက္ပါတယ္။

စက္တင္ဘာလ ၁၇ ရက္ ရက္စြဲနဲ႕ ေရးသားထုတ္ျပန္တဲ့ စာထဲမွာ နိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႕ စစ္တပ္ကို အထီးက်န္ျဖစ္ေအာင္

ဖယ္က်ဥ္ထားဖို႔နဲ႕ ျမန္မာျပည္ဒီမိုကေရစီလမ္းေၾကာင္း ေပၚ ျပန္မသြားမခ်င္း စစ္တပ္ကို ေထာက္ပံ့တာေတြ ျဖတ္ေတာက္ထားဖို႔အတြက္ ခိုင္မာတဲ့ေဆာင္႐ြက္ခ်က္ေတြ လိုအပ္တယ္လို႔လည္း ေဖာ္ျပပါတယ္။

စစ္အာဏာသိမ္းၿပီး ရက္ေပါင္း ၂၂၀ ေက်ာ္အတြင္း လူ တစ္ေထာင္ေက်ာ္ သတ္ျဖတ္ခံရသလို ေထာင္နဲ႕ခ်ီၿပီး ဖမ္းဆီးႏွိပ္စက္တာေတြ ခံေနရတယ္လို႔ ဦးေက်ာ္မိုးထြန္းက သူ႕ရဲ႕စာထဲမွာ ေရးပါတယ္။

စက္တင္ဘာ ၉ ရက္က မေကြးတိုင္း ျမင္သား႐ြာမွာ စစ္ေကာင္စီတပ္ေတြ တိုက္ခိုက္မႈေၾကာင့္ အရပ္သားေတြအပါအဝင္ အနည္းဆုံး လူ ၁၈ ဦး ေသဆုံးေၾကာင္းနဲ႕

စက္တင္ဘာ ၁၀ ရက္မွာလည္း အဲဒီေဒသက ႏွမ္းခါး႐ြာမွာ အိမ္ေျခ ၃၆ လုံး မီ းရွို႔ခံရေၾကာင္းလည္း ေဖာ္ျပပါတယ္။

အဲဒီစာနဲ႕အတူ စာမ်က္ႏွာ ၇ မ်က္ႏွာပါ အပတ္စဥ္ ျမန္မာနိုင္ငံအေျခအေန စာတမ္းတစ္ခုကိုလည္း အတြင္းေရးမႉးခ်ဳပ္ဆီ ပူးတြဲ ေပးပို႔ထားတာ ေတြ႕ရပါတယ္။

BBC