Local News

မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာရန် နိုင်ငံတကာကို SAC-M တောင်းဆို

မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာရန် နိုင်ငံတကာကို SAC-M တောင်းဆို

—People’s Spring

ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေသတ်မှတ်ချက်များအရ မြန်မာစစ်တပ်သည် အကြမ်းဖက်အဖွဲ့ အစည်းဖြစ်ပြီး နိုင်ငံတကာက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဆက်ဆံရမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးအဖွဲ့(SAC-M)က ယနေ့ (ဒီဇင်ဘာ၁၄) ထုတ်ပြန်သည်။

မြန်မာစစ်ကောင်စီသည် ပြည်သူလူထုအကြား ကြောက် မက်ဖွယ်အခြေအနေကို တွန်းပို့ရန် ရည်ရွယ်သည့် ပြင်းထန်သော ရာဇဝတ်အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေပြီး နောက်ဆုံး တွင် ပြည်သူများက ၎င်း၏ နိုင်ငံရေးအစီအစဉ်တွင် ပါဝင်လာရန် လုပ်ဆောင်နေကြောင်း SAC-M က သုံးသပ်သည်။

“ဖေဖော်ဝါရီမှာ စတင်တဲ့ အာဏာသိမ်းမှုအလွန်အကြမ်း ဖက်ချိန်ကစလို့ မြန်မာပြည်သူတွေက အကြမ်းဖက်စစ်တပ်အဖြစ် ခေါ်ဝေါ်ခဲ့ကြတာပါ။ သူတို့မှန်ပါတယ်။ အကြမ်းဖက်တွေကပဲ ဒီ ဆိုးရွားယုတ်မာတဲ့လုပ်ရပ်တွေကို ကျူးလွန်ကြတာပါ”ဟု SAC-M မှ Yanghee Lee က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပြီး ကုလသမဂ္ဂနှင့် အခြားအစိုးရများကလည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သင့်ကြောင်း SAC-Mက တိုက်တွန်းသည်။

မကြာသေးမီက စစ်ကိုင်းတိုင်း၌ လူ ၁၁ဦး မီးရှို့အသတ်ခံရသည့်ဖြစ်စဉ်နှင့် ဆန္ဒပြသူများကို သေစေနိုင်သည်အထိ ကားဖြင့်ဝင်တိုက်ခဲ့သည့်ဖြစ်စဉ်များမှာ

စစ်တပ်၏ ၁၁ လကြာ လူမဆန် စွာ အကြမ်းဖက်လုပ်ရပ်များထဲမှ နောက်ဆုံးပေါ် ကျူးလွန်မှုများဖြစ်သည်ဟု SAC-M က ဥပမာ ပေးသည်။

Zawgyi

ျမန္မာစစ္တပ္ကို အၾကမ္းဖက္အဖြဲ႕အျဖစ္ သတ္မွတ္ေၾကညာရန္ ႏိုင္ငံတကာကို SAC-M ေတာင္းဆို

—People’s Spring

ျပည္တြင္းႏွင့္ ႏိုင္ငံတကာဥပေဒသတ္မွတ္ခ်က္မ်ားအရ ျမန္မာစစ္တပ္သည္ အၾကမ္းဖက္အဖြဲ႕ အစည္းျဖစ္ၿပီး ႏိုင္ငံတကာက အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ဆက္ဆံရမည္ျဖစ္ ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာအထူးအၾကံေပးအဖြဲ႕(SAC-M)က ယေန႔ (ဒီဇင္ဘာ၁၄) ထုတ္ျပန္သည္။

ျမန္မာစစ္ေကာင္စီသည္ ျပည္သူလူထုအၾကား ေၾကာက္ မက္ဖြယ္အေျခအေနကို တြန္းပို႔ရန္ ရည္႐ြယ္သည့္ ျပင္းထန္ေသာ ရာဇဝတ္အၾကမ္းဖက္လုပ္ရပ္မ်ားကို က်ဴးလြန္ေနၿပီး ေနာက္ဆုံး တြင္ ျပည္သူမ်ားက ၎၏ ႏိုင္ငံေရးအစီအစဥ္တြင္ ပါဝင္လာရန္ လုပ္ေဆာင္ေနေၾကာင္း SAC-M က သုံးသပ္သည္။

“ေဖေဖာ္ဝါရီမွာ စတင္တဲ့ အာဏာသိမ္းမႈအလြန္အၾကမ္း ဖက္ခ်ိန္ကစလို႔ ျမန္မာျပည္သူေတြက အၾကမ္းဖက္စစ္တပ္အျဖစ္ ေခၚေဝၚခဲ့ၾကတာပါ။ သူတို႔မွန္ပါတယ္။ အၾကမ္းဖက္ေတြကပဲ ဒီ ဆိုး႐ြားယုတ္မာတဲ့လုပ္ရပ္ေတြကို က်ဴးလြန္ၾကတာပါ”ဟု SAC-M မွ Yanghee Lee က ေျပာသည္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)က စစ္တပ္ကို အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ ေၾကညာခဲ့ၿပီး ကုလသမဂၢႏွင့္ အျခားအစိုးရမ်ားကလည္း အၾကမ္းဖက္အဖြဲ႕အျဖစ္ သတ္မွတ္သင့္ေၾကာင္း SAC-Mက တိုက္တြန္းသည္။

မၾကာေသးမီက စစ္ကိုင္းတိုင္း၌ လူ ၁၁ဦး မီး႐ိႈ႕အသတ္ခံရသည့္ျဖစ္စဥ္ႏွင့္ ဆႏၵျပသူမ်ားကို ေသေစႏိုင္သည္အထိ ကားျဖင့္ဝင္တိုက္ခဲ့သည့္ျဖစ္စဥ္မ်ားမွာ

စစ္တပ္၏ ၁၁ လၾကာ လူမဆန္ စြာ အၾကမ္းဖက္လုပ္ရပ္မ်ားထဲမွ ေနာက္ဆုံးေပၚ က်ဴးလြန္မႈမ်ားျဖစ္သည္ဟု SAC-M က ဥပမာ ေပးသည္။

About the author

admin

Add Comment

Click here to post a comment