Local News

မြန်မာတွေရဲ့ ကရုဏာကို ထိအောင်လည်း ရေးတတ်တယ်၊ ကုန်ကြမ်းတွေလည်း အများကြီးလို့ဆိုတဲ့ ပန်ဆယ်လို

မြန်မာတွေရဲ့ ကရုဏာကို ထိအောင်လည်း ရေးတတ်တယ်၊ ကုန်ကြမ်းတွေလည်း အများကြီးလို့ဆိုတဲ့ ပန်ဆယ်လို

ရှင်းအောင်ကြိုပြောထားဦးမယ်။ ကိုယ်အလှူခံတဲ့နည်းက ခက်တယ်။ ဘဏ်အကောင့်လည်း သုံးမရဘူး၊ Kpay လည်း သုံးမရဘူး။ အချို့က လှူချင်ပေမယ့် မပို့တတ်တော့ ဆယ်ယောက်လှူမယ်လာပြောရင် သုံးယောက်၊ ငါးယောက်လောက်ပဲ တကယ်ငွေပို့နိုင်တယ်။ ဒါ့ကြောင့် အလှူငွေရတာ နည်းတယ်။

Risk ယူနိုင်မယ်ဆိုရင် ဘဏ်အကောင့်၊ Kpay အရဲစွန့်သုံးမယ်ဆိုရင်တော့ အလှူငွေ ပိုရနိုင်မယ်ဆိုတာ သိတယ်။ ဒါပေမယ့် ကိုယ်က မအလအချစ်တော်ဆိုတော့ ဒလန်တွေကလည်း သူများထက်ပေါတယ်။ ကိုယ့်ငွေလည်း ပိတ်ခံထိပြီးပြီ၊ အများငွေကို ဘဏ်ထဲပိတ်မိသွားတယ်ဆိုတာမျိုးဆို ထပ်ရင်နာရဦးမယ်။ ငွေပို့တဲ့နည်းက ခက်ပေမယ့် ဘဏ်ထဲပိတ်မိသွားတာ တစ်ခါမှ မဖြစ်ဖူးဘူး။

ထပ်ရှင်းအောင် ပြောရရင် အချို့က နယ်လှည့် Fund Raising ပွဲတွေက အလှူငွေတွေကို ကိုယ်စီမံခန့်ခွဲခွင့်ရတယ် ထင်ပြီး အများကြီးရတာပဲ။ ပို့ပေးပါ လာပြောတာလည်း ကြုံရတယ်။ အဲ့ငွေတွေက မြို့ခံတော်လှန်ရေးအင်အားစုတွေ စီမံတာ။ တစ်ပြားမှ မထိဘူး။ အဲ့လို ပွဲတွေ သွားပေးလို့လည်း ငွေကြေးယူတာ မရှိဘူး။ အရင်ကလည်း မယူဘူး။ အခုလည်း မယူဘူး၊ နောင်လည်း မယူဘူး။ မေတ္တာကြေးအနေနဲ့ သီးသန့်တစ်ဦးချင်းစီ လာပေးတဲ့ တစ်ရာ၊ နှစ်ရာတော့ ယူတယ်။

မျက်ရည်လည်း မချူတတ်ဘူး။ လေသံအမာကြီးနဲ့ သောက်ချိုးမပြေ အလှူငွေကောက်သလို ဖြစ်နေတာမှန်း သိတယ်။ ဒါကိုပဲ ယုံကြည်ပေးကြသူတွေ ရှိလို့ အခုလို ဆက်လုပ်နိုင်နေတာ။

မြန်မာတွေရဲ့ ကရုဏာကို ထိအောင်လည်း ရေးတတ်တယ်၊ ရေးလို့ရတဲ့ ကုန်ကြမ်းတွေလည်း အများကြီး။ မရေးချင်ဘူး။ မပြောချင်ဘူး။ ငွေလိုနေပြီ… ကူရမယ့်အဖွဲ့တွေ ရှိနေလို့ ကူကြဦး။ ဒီလောက်ပဲ။

လုံခြုံရေးပြသနာမရှိတဲ့ အဖွဲ့တွေဆီပို့တဲ့ အလှူငွေမှတ်တမ်းတွေ အကုန်တင်ပေးတယ်။ မှတ်တမ်းတင်မရတဲ့၊ မှတ်တမ်းမပေးနိုင်တဲ့အဖွဲ့တွေဆီ ပို့တာတွေကိုလည်း တတ်နိုင်သလောက် စုစည်းထားတယ်။ စာရင်းစစ်ချင်သူတွေ ရှိလာတဲ့နေ့ ရှင်းပြလို့ရအောင်လည်း အသင့်ပြင်ထားတယ်။

ဒီကာလမှာ ဘဝမှာ အကုန်ဆုံးရှုံးထားပြီးပြီ။ ပါလာတာဆိုတဲ့ နာမည်နဲ့ ဂုဏ်သိက္ခာပဲ ရှိတယ်။ လာထိပါးလာရင်တော့ ဘယ်လိုအခြေအနေဖြစ်ဖြစ် ငုံ့ခံနေမှာ မဟုတ်ဘူး။ မီးကုန်ယမ်းကုန် အကုန်ရင်းပစ်မှာ။ ဒီ့အတွက်လည်း ကိုယ့်တာ ကိုယ်လုံအောင် ကြိုးစားတယ်။

ကိုယ်က မနေတတ်၊ မစားတတ် အစားမျိုး။ ကိုယ်နဲ့မဆိုင်လည်း အမြင်မတော်ရင် လက်ရှောင်တဲ့အစား မဟုတ်ဘူး။ ကိုယ်မှန်တယ်ထင်ရင် အင်အားမျှလား မမျှလား မစဉ်းစားဘဲ ညိချင်ရာညိဆိုတဲ့ ဆူးလှည်း။ ဒီအကျင့်ကြောင့် အခုလို ဘဝပျက်ခဲ့ပြီးပြီ။ ဒီအကျင့်ကို ပြင်မှာလည်း မဟုတ်ဘူး။ ထပ်ပျက်စရာလည်း မရှိတော့ဘူး။ ထပ်ပျက်မယ်ဆိုရင်တောင် စောက်ဂရုမစိုက်ဘူး။ လူမုန်းတာကို ချီးတစ်သလောက်တောင် စိတ်အနှောက်အယှက် မဖြစ်ဘူး။ လူယုတ်မာတွေ မုန်းလေ ပိုကြိုက်လေပဲ။ ဒင်းတို့နဲ့ ဘက်မတူဖြစ်ရတာကိုပဲ ဂုဏ်ယူတာ။

အခု တော်လှန်ရေးကို စောက်ကျိုးနည်းအောင် ဝင်မွှေနေတဲ့ လုပ်စားတွေကို လက်ပိုက်ကြည့်နေလို့ မရလို့ ဝင်ပါလာရပြီ။ ဂွင်ဝေးသွားတဲ့ကောင်တွေရဲ့ အနီချင်းသွေးထိုးမယ့် အကွက်တွေ ကြိုမြင်လာလို့ ရှင်းအောင် ပြောထားတာ။ စောက်ဂရုကို မစိုက်ဘူးဆိုတဲ့ အကြောင်း။

အကူအညီလာတောင်းထားတာ စိစစ်ပြီး ၈ ဖွဲ့ရှိတယ်။ တန်းစီList ထဲမှာ ၁၀ ဖွဲ့လောက် ရှိသေးတယ်။ လက်ထဲမှာ ၁၃၉၆၁၆၀၀ ပဲကျန်တော့တယ်။ ၈ဖွဲ့ကို တစ်ဖွဲ့ သိန်း၂၀ ပို့ဖို့တောင် မလောက်တော့ဘူး။ သိန်း၂၀ ဆိုတာကလည်း ဘာမှ လုပ်မရဘူး။ နှုတ်ခမ်းနီဖိုးအပြင် ငှက်ပျောဖူးဖိုးကလည်း ပို့ရဦးမှာ။

အဲ့တော့ အလှူခံတယ်။ ကူကြဦး။
ပြည်ပကနေဆိုရင်တော့ စင်္ကာပူ၊ US, မလေးရှား၊ ကိုရီးယား၊ ထိုင်း၊ ဂျပန် ဘဏ်အကောင့်ထဲ တန်းထည့်လို့ရတယ်။ အခြားနိုင်ငံကဆိုရင် PayPal နဲ့ USDT အကောင့် ရှိပါတယ်။ ပြည်တွင်းအင်အားကလည်း အရေးပါနေတာမို့ ငွေလွှဲရခက်ပေမယ့် အားစိုက်ပို့ပေးကြပါဦး။

အကောင့်ကို စာပို့ရင် Friend မဟုတ်ရင် မမြင်ရတာ များလို့ ပေ့ချ်ကိုပဲ စာပို့ပေးပါ။
ဒီပေ့ချ်ပါ။👇👇
https://www.facebook.com/PenciloOnEarth/

ပန်ဆယ်လို

About the author

admin

Add Comment

Click here to post a comment