Local News

မြန်မာတွေ ဘာကြောင့် တိုးတက်သင့်သလောက် မတိုးတက်သေးတာလဲ

မြန်မာတွေ ဘာကြောင့် တိုးတက်သင့်သလောက် မတိုးတက်သေးတာလဲ

ပေါက်စီရောင်းတဲ့ တရုတ်တယောက်ရဲ့ ဘေးမှာ နောက်ထပ် တရုတ်ဆယ်ယောက် ပေါက်စီသွားရောင်းလဲ ပထမရောက်နေတဲ့ တရုတ်ကကျေကျေနပ်နပ်လက်ခံတယ်။

အကျိုးဆက်ကတော့ ၊ အဲ့နေရာဟာပေါက်စီတန်းဖြစ်သွားပြီးပေါက်စီကြိုက်နှစ်သက်သူတွေ လာရောက်ရွေးချယ်စားသောက်ကြတဲ့ နေရာဖြစ်သွားတော့တာပါဘဲ။

ပလာတာရောင်းတဲ့ကုလားလဲ ထို့အတူပါဘဲ။ သူတို့ရောက်ပြီး မကြာမီ ကုလားတန်းဖြစ်ပြီး ပလာတာအမျိုးမျိုး ရတဲ့ စားသောက်ဆိုင်ကြီးတွေ ဘေးချင်းယှဉ်ပြီးပေါ်လာကြတယ်။

(အတုယူစရာ)မုန့်ဟင်းခါးဆိုင်ဖွင့်တဲ့ မြန်မာဆိုင်ဘေးမှာနောက်ထပ်မုန့်ဟင်းခါးဆိုင် ထပ်ဖွင့်လို့ကတော့ ရန်သူတွေဖြစ်ပြီး အပြုတ်တိုက်ကြတော့တာပါဘဲ။

ကျနော်တို့လူမျိုးတွေရဲ့ အားနည်းချက်ကမြန်မာတယောက်ကြီးပွားသွားတာ မြင်ရမှာကို သိစိတ်/မသိစိတ်ကသိပ်ကြောက်တတ်တာပါဘဲ။

မိတ်ဆွေအချင်းချင်းတောင်မနာလိုစိတ်ကြီးပြီးအချင်း ချင်းလက်တွဲခေါ်ဖို့ အင်မတန်ဝန်လေးတတ်ကြတယ်။နောက်ပြီး နှိမ့်ကျနေလို့ကတော့ ဝိုင်းဆွဲတင်မယ့်အစား စိတ်ကနေတောင် ကျိတ်ပျော်နေတတ်ကြတယ်။

အရက်အတူသောက် တဲ့အခါ ၊ ဘိန်းအတူရှူ တဲ့အခါ ၊ ဖဲအတူရိုက် တဲ့အခါ အင်မတန်စည်းလုံးပေမယ့် ……ကောင်းတာတူတူလုပ်ဖို့တော့အင်မတန်ခက်ခဲတဲ့လူမျိုးခင်ဗျာ။

( ပြုပြင်ရမယ့်အရာ )အာဆီယံနဲ့ ယှဉ်ပြိုင်ရတော့မယ့်အချိန်မျိုးရောက်လာပါပြီ။ သူများတွေချမ်းသာတာကိုချည်း၊ထိုင်ဆဲမနေဘဲမိမိတို့ရဲ့စိတ်ဓာတ်လေးတွေကိုပါ၊ မြန်မြန်ဆန်ဆန်ပြင်သင့်ပြီ လို့ထင်ပါတယ်။

Credit

About the author

admin

Add Comment

Click here to post a comment