Local News

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ရုံးခန်းကို နေပြည်တော်မှာဖွင့်လှစ်ခွင့်မပြုတော့ကြောင်း စစ်ကောင်စီထုတ်ပြန်

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ရုံးခန်းကို နေပြည်တော်မှာဖွင့်လှစ်ခွင့်မပြုတော့ကြောင်း စစ်ကောင်စီထုတ်ပြန်

ဒီဇင်ဘာ(၂၁)

ယခင် အရပ်သားအစိုးကလက်ထက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က စတင်ဖွင့်လှစ်ခွင့်ပြုခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ၏

ရုံးခန်းကို နေပြည်တော်မှာထားရှိခွင့်မပြုတော့ဘူးလို့ ဒီဇင်ဘာလ ၂၀ ရက်နေ့ရစွဲဖြင့် အာဏာသိမ်းစစ်ကောင်စ‌ီနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ ကုလသမဂ္ဂ၏၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်စွဲပါ သတင်း
ထုတ်ပြန်ချက်အရ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံ
ဆိုင်ရာ အထူးကိုယ်စားလှယ်သစ် ခန့်အပ်ကြောင်းနှင့် Ms. Christine
Schraner Burgener ၏တာဝန်မှာ ပြီးဆုံးပြီဖြစ်သည့်အတွက်လို့‌ ဆိုပါတယ်

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်ချမှတ်သည့် အဆိုဆုံးဖြတ်
ချက်များမှ ထွက်ပေါ်သည့် လုပ်ပိုင်ခွင့်များကို အစဉ်တစိုက် ဆန့်ကျင်
ကန့်ကွက်ခဲ့သော်လည်း

ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုကိုပြသသည့်အနေဖြင့် Ms. Christine Schraner Burgener ၏ရုံးခန်းကို ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်တယ်လို့ အဆိုပါစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

Sa J MM

Zawgyi


ဒီဇင်ဘာ(၂၁)




ကန့်ကွက်ခဲ့သော်လည်း


Sa J MM

About the author

admin

Add Comment

Click here to post a comment