Local News

မြန်မာနိုင်ငံမှ ကမ္ဘာမြေလေ့လာရေး ဂြိုလ်တုလွှတ်တင်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

မြန်မာနိုင်ငံမှ ကမ္ဘာမြေလေ့လာရေး ဂြိုလ်တုလွှတ်တင်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

ဒီဇင်ဘာ ၁၆

မြန်မာနိုင်ငံကမ္ဘာမြေလေ့လာရေး ဂြိုလ်တုလွှတ်တင်မှုစီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၁၅ ရက်နေ့က မိတ္ထီလာမြို့ရှိ လေကြောင်းနဲ့ အာကာသပညာ တက္ကသိုလ်ကို သွားရောက်ကြည့်ရှုစစ်ဆေးတုန်းက ပြောကြားခဲ့ပါတယ်။

ဂြိုလ်တုလွှတ်တင်ဆောင်ရွက်မှုစီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ သက်ဆိုင်ရာဌာနဆိုင်ရာတွေ ပူးပေါင်းဆောင်ရွက်ဖို့လိုပြီး လိုအပ်တဲ့ နည်းပညာတွေ ရရှိရေးအတွက် ပြည်ပကို ပညာတော်သင်တွေ စေလွှတ်နိုင်ဖို့ ဆောင်ရွက်ဖို့ လိုကြောင်းလည်း ပြောကြားထားပါတယ်။

သင်ကြားမှုနဲ့ပတ်သက်ပြီး ဆရာ၊ ဆရာမတွေ ဖြည့်ဆည်းပေးဖို့ လက်ရှိ သင်ကြားနေတဲ့ ဘာသာရပ်တွေနဲ့ ကိုက်ညီသူတွေကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အခုတက္ကသိုလ်က ဘွဲ့ရရှိခဲ့သူတွေကို ဦးစားပေး ခန့်အပ်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

နိုင်ငံတော်က ငွေကြေးအကုန်ကျခံပြီး သင်ကြားပေးတဲ့ ဘာသာရပ်တွေကို ပြည်တွင်းမှာ အကျိုးရှိရှိ အသုံးချဖို့နဲ့ သင်ကြားရေးနဲ့ပတ်သတ်ပြီး ဆရာ၊ ဆရာမတွေရဲ့ လိုအပ်မှုတွေအတွက် တပ်မတော်ကဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းလည်း ပြောကြားထားပါတယ်။

Credit

Zawgyi

ျမန္မာႏိုင္ငံမွ ကမ႓ာေျမေလ့လာေရး ၿဂိဳလ္တုလႊတ္တင္ႏိုင္ေရး အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ၾကဖို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ေျပာ

ဒီဇင္ဘာ ၁၆

ျမန္မာႏိုင္ငံကမ႓ာေျမေလ့လာေရး ၿဂိဳလ္တုလႊတ္တင္မႈစီမံကိန္းကို ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ၾကဖို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္က ဒီဇင္ဘာ ၁၅ ရက္ေန႔က မိတၳီလာၿမိဳ႕႐ွိ ေလေၾကာင္းနဲ႔ အာကာသပညာ တကၠသိုလ္ကို သြားေရာက္ၾကည့္႐ႈစစ္ေဆးတုန္းက ေျပာၾကားခဲ့ပါတယ္။

ၿဂိဳလ္တုလႊတ္တင္ေဆာင္႐ြက္မႈစီမံကိန္းကို ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ဖို႔ သက္ဆိုင္ရာဌာနဆိုင္ရာေတြ ပူးေပါင္းေဆာင္႐ြက္ဖို႔လိုၿပီး လိုအပ္တဲ့ နည္းပညာေတြ ရ႐ွိေရးအတြက္ ျပည္ပကို ပညာေတာ္သင္ေတြ ေစလႊတ္ႏိုင္ဖို႔ ေဆာင္႐ြက္ဖို႔ လိုေၾကာင္းလည္း ေျပာၾကားထားပါတယ္။

သင္ၾကားမႈနဲ႔ပတ္သက္ၿပီး ဆရာ၊ ဆရာမေတြ ျဖည့္ဆည္းေပးဖို႔ လက္႐ွိ သင္ၾကားေနတဲ့ ဘာသာရပ္ေတြနဲ႔ ကိုက္ညီသူေတြကို ျဖည့္ဆည္းေပးႏိုင္ေရးအတြက္ အခုတကၠသိုလ္က ဘြဲ႕ရ႐ွိခဲ့သူေတြကို ဦးစားေပး ခန္႔အပ္ဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။

ႏိုင္ငံေတာ္က ေငြေၾကးအကုန္က်ခံၿပီး သင္ၾကားေပးတဲ့ ဘာသာရပ္ေတြကို ျပည္တြင္းမွာ အက်ိဳး႐ွိ႐ွိ အသုံးခ်ဖို႔နဲ႔ သင္ၾကားေရးနဲ႔ပတ္သတ္ၿပီး ဆရာ၊ ဆရာမေတြရဲ႕ လိုအပ္မႈေတြအတြက္ တပ္မေတာ္ကေဆာင္႐ြက္ေပးသြားမွာ ျဖစ္ေၾကာင္းလည္း ေျပာၾကားထားပါတယ္။

Credit

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.