Local News

“မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲစနစ်ပြုပြင်ပြောင်းလဲရေးကိစ္စက …”

“မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲစနစ်ပြုပြင်ပြောင်းလဲရေးကိစ္စက …”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲစနစ်ဆွေးနွေးပွဲ ဒုတိယနေ့အဖြစ် နိုဝင်ဘာ ၆ ရက်ကပြုလုပ်ရာမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဦးအောင်ဇင်က အထက်ပါအတိုင်းပြောကြားဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲစနစ်ပြုပြင်ပြောင်းလဲရေးကိစ္စက တစ်မျိုးသားလုံးရဲ့အကျိုးစီးပွားနဲ့သက်ဆိုင်တဲ့အပြင် နိုင်ငံတော်ရဲ့သမိုင်းကြောင်းဖြစ်ပေါ်တိုးတက်လာတဲ့နိုင်ငံရေးဖြစ်စဉ်များနဲ့လည်းသက်ဆိုင်ပါတယ်လို့ဦးအောင်ဇင်ကပြောပါတယ်။

သမိုင်းရဲ့တောင်းဆိုမှုအရ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသစ်ကို အရောက်ချီတက်မယ်ဆိုရင် ရွေးကောက်ပွဲစနစ်ပြုပြင်ပြောင်းလဲရေးဟာ မရှိမဖြစ်ဖြတ်ကျော်ရမဲ့အလွန်အရေးကြီးတဲ့ အခနျးကဏ်ဏ္႑မှာပါဝငျနပေါတယျ

တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ နိုင်ငံတော်တည်ဆောက်ရေးသာမက ဒီမိုကရေစီစရိုက်လက္ခဏာတွေပါဝင်တဲ့တိုင်းရင်းသားပေါင်းစုံရဲ့ အမျိုးသားနိုင်ငံတော် Nation Building တစ်ရပ်ဖြစ်ထွန်းပေါ်ပေါက်ရေးကို အထူးအလေးထားဆောင်ရွက်ရမှာဖြစ်ပါတယ် လို့ဆက်ပြောပါတယ်။

ဒါမွသာ ငြိမ်းချမ်းရေး ညီညွတ်ရေးမှသည် တစ်မျိုးသားလုံးသွေးစည်းညီညွတ်ရေးအတွက်လွှတ်တော်အသီးသီးမှာ အားလုံးပါဝင်စေတဲ့ကိုယ်စားပြု့ကိုဆောင်ရွက်ပေးဖို့လိုပါတယ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ၂၀၁၂ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ PR စနစ်ဖြစ်ပေါ်လာရေးကို ကြိုးပမ်းခဲ့ပါတယ်လို့ဦးအောင်ဇင်ကဆွေးနွေးပြောကြားခဲ့ပါတယ်။

Ref Popular News Journal

About the author

admin

Add Comment

Click here to post a comment