Local News

မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ကိုက်ညီတဲ့ ရွေးကောက်ပွဲစနစ်မျိုးကို ပြောင်းလဲရန်လိုအပ်လာပြီလို့…SeeMore

မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ကိုက်ညီတဲ့ ရွေးကောက်ပွဲစနစ်မျိုးကို ပြောင်းလဲရန်လိုအပ်လာပြီလို့ ရွေးကောက်ပွဲကော်မရှင်ပြော

မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီသင့်လျော်သော ရွေးကောက်ပွဲစနစ်မျိုးကို ပြောင်းလဲဆောင်ရွက်ရန် လိုအပ်လာပြီလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာလ ၂၄ရက်နေ့ကစတင်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက ရွေးချယ်မှု မရှိတဲ့ မဲမရခဲ့သော နိုင်ငံရေးပါတီအများစုနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ယခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၀ပြည့်နှစ်၊ ၂၀၁၅ခုနှစ်၊ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပါအဝင် ကြားဖြတ်ရွေးကောက်ပွဲ ၂ကြိမ်တို့မှာ မဲအများဆုံးရသူ အနိုင်ရစနစ်ကို ကျင်းသုံးခဲ့သော်လည်း ခေတ်အခြေအနေအရ ပြောင်းလဲရန်လိုအပ်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ယခုဆွေးနွေးပွဲမှာ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများ သဘောတူညီခဲ့ပြီးဖြစ်တဲ့ PR စနစ်ဖြင့် လွှတ်တော်များမှာ လိုက်လျောညီထွေကျင့်သုံးဆောင်ရွက်နိုင်မည့် ရွေးကောက်ပွဲဒီဇိုင်းကို အပြန်အလှန်ညှိနှိုင်းပြီး ဆွေးနွေးသွားကြမှာဖြစ်တယ်လို့ သိရပါတယ်။

ထိုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ ၆၇ပါတီမှ ကိုယ်စားလှယ်စုစုပေါင်း ၁၀၀ကျော်တက်ရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

TMA

Zawgyi

ျမန္မာႏိုင္ငံရဲ႕ အေျခအေနနဲ႔ကိုက္ညီတဲ့ ေ႐ြးေကာက္ပြဲစနစ္မ်ိဳးကို ေျပာင္းလဲရန္လိုအပ္လာၿပီလို႔ ေ႐ြးေကာက္ပြဲေကာ္မ႐ွင္ေျပာ

ျမန္မာႏိုင္ငံရဲ႕ အေျခအေနနဲ႔ ကိုက္ညီသင့္ေလ်ာ္ေသာ ေ႐ြးေကာက္ပြဲစနစ္မ်ိဳးကို ေျပာင္းလဲေဆာင္႐ြက္ရန္ လိုအပ္လာၿပီလို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မ႐ွင္ဥကၠ႒ ဦးသိန္းစိုးက ေျပာဆိုလိုက္ပါတယ္။

ဒီဇင္ဘာလ ၂၄ရက္ေန႔ကစတင္ၿပီး ရန္ကုန္တိုင္းအစိုးရအဖြဲ႕႐ုံးမွာ က်င္းပျပဳလုပ္သည့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မ႐ွင္နဲ႔ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ျပည္သူေတြက ေ႐ြးခ်ယ္မႈ မ႐ွိတဲ့ မဲမရခဲ့ေသာ ႏိုင္ငံေရးပါတီအမ်ားစုနဲ႔ ေတြ႕ဆုံေဆြးေႏြးပြဲမွာ ယခုလို ေျပာဆိုခဲ့တာျဖစ္ပါတယ္။

က်င္းပျပဳလုပ္ခဲ့သည့္ ၂၀၁၀ျပည့္ႏွစ္၊ ၂၀၁၅ခုႏွစ္၊ ၂၀၂၀ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲအပါအဝင္ ၾကားျဖတ္ေ႐ြးေကာက္ပြဲ ၂ႀကိမ္တို႔မွာ မဲအမ်ားဆုံးရသူ အႏိုင္ရစနစ္ကို က်င္းသုံးခဲ့ေသာ္လည္း ေခတ္အေျခအေနအရ ေျပာင္းလဲရန္လိုအပ္လာျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

ယခုေဆြးေႏြးပြဲမွာ ေ႐ြးေကာက္ပြဲေကာ္မ႐ွင္နဲ႔ ႏိုင္ငံေရးပါတီမ်ား သေဘာတူညီခဲ့ၿပီးျဖစ္တဲ့ PR စနစ္ျဖင့္ လႊတ္ေတာ္မ်ားမွာ လိုက္ေလ်ာညီေထြက်င့္သုံးေဆာင္႐ြက္ႏိုင္မည့္ ေ႐ြးေကာက္ပြဲဒီဇိုင္းကို အျပန္အလွန္ညႇိႏိႈင္းၿပီး ေဆြးေႏြးသြားၾကမွာျဖစ္တယ္လို႔ သိရပါတယ္။

ထိုေ႐ြးေကာက္ပြဲေကာ္မ႐ွင္နဲ႔ ႏိုင္ငံေရးပါတီမ်ား ေတြ႕ဆုံေဆြးေႏြးပြဲသို႔ ႏိုင္ငံေရးပါတီ ၆၇ပါတီမွ ကိုယ္စားလွယ္စုစုေပါင္း ၁၀၀ေက်ာ္တက္ေရာက္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားတာလည္းျဖစ္ပါတယ္။

TMA

About the author

admin

Add Comment

Click here to post a comment