Local News

မြန်မာနိုင်ငံရှိ အဝတ်အထည်လုပ်ငန်းကြီး တခုလုံး ရပ်နားသွားပြီ

H&M ၊ Zara ပိုင်ရှင် Inditex နဲ့ Primark ကဲ့သို့ ထိပ်တန်းအမှတ်တံဆိပ်တွေ ပါဝင်တဲ့ ACT အဖွဲ့က မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံမှာ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ရပ်နားဖို့ ဆုံးဖြတ်လိုက်ကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

ဖေဖော်ဝါရီလ အာဏာလွှဲပြောင်းမှုဖြစ်စဉ်ပြီးနောက် အလုပ်သမားတွေကိုယ်စား ဆောင်ရွက်တဲ့နေရာမှာ ပြည်တွင်းက အလုပ်သမားသမဂ္ဂအဖွဲ့များ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် အခုလို ရပ်နားဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

Action Collaboration Transformation (ACT) က ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် – IndustriALL နဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး လုပ်သားများအတွက် ကုမ္ပဏီတစ်ခုချင်းစီ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိတဲ့ စားဝတ်နေရေးဖူလုံတဲ့ လုပ်အားခ သေချာစွာရရှိနိုင်ရေး ကိစ္စရပ်တွေကို အဓိကလုပ်ဆောင်တယ်လို့ သိရပါတယ်။

IndustriALL ရဲ့ ဒေသတွင်း မိတ်ဖက်ဖြစ်တဲ့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် – IWFM ရဲ့ လက်ရှိအခြေအနေအောက်မှာ လွတ်လပ်စွာ လည်ပတ်နိုင်ခြင်းမရှိတာက ACT လုပ်ငန်းတွေမှ နှုတ်ထွက်ရခြင်းရဲ့ အကျိုးဆက်လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၈ ခုနှစ်မှစတင်ကာ ACT ဦးစားပေးနိုင်ငံဖြစ်လာခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ အဖွဲ့ဝင်တွေက မြန်မာနိုင်ငံမှာ ACT ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ACT အနေနဲ့ ၂၀၂၁ ခုနှစ် မတ်လမှ အောက်တိုဘာလအထိ နိုင်ငံအတွင်းက အဖွဲ့ဝင်ကုန်အမှတ်တံဆိပ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို လေးစားလိုက်နာတဲ့ Fast-Track Dispute Resolution Mechanism ကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

တကယ်တမ်း သနားစရာ ကောင်းနေသည်က အရူးမီးဝိုင်း ဖြစ်နေရှာသည့် မင်းအောင်လှိုင် နှင့် စစ်ဗိုလ်ချုပ်များသာ ဖြစ်သည်၊ ၎င်းတို့အဖို့က အာဏာ မသိမ်းခဲ့လည်း အလုံးအရပ် ရော့သွားနိုင်စရာ မရှိသူများသာ ဖြစ်ပြီး လောဘ မသတ်နိုင်မှု၊ သားသမီးများ၏ စီးပွားရေး လုပ်ငန်းများကို ကာကွယ်ပေးလိုသည့် စိတ်သက်သက်ဖြင့် ကျုးလွန်ခဲ့ကြသူများသာ ဖြစ်သည်။

အထည်ချုပ် လုပ်ငန်းများ မြန်မာပြည်မှ ဆုတ်ခွာကာ ကမ္ဘောဒီယားသို့ ခြေလှမ်းပြင်နေကြပြီး ဟွန်ဆန်ကလည်း စစ်ကောင်စီ သက်ဆိုးရှည်ရန်အသိအမှတ်ပြုပေးခြင်းဖြင့် အလုပ်သမားများ၏ အကျိုးကို တဖက်တလမ်းမှ အကာအကွယ် ပေးခဲ့ ကြောင်း ပြသခဲ့ပြန်သည်။

Zawgyi

H&M ၊ Zara ပိုင္႐ွင္ Inditex နဲ႔ Primark ကဲ့သို႔ ထိပ္တန္းအမွတ္တံဆိပ္ေတြ ပါဝင္တဲ့ ACT အဖြဲ႕က မတည္ၿငိမ္တဲ့ ႏိုင္ငံေရးအေျခအေနေၾကာင့္ ျမန္မာႏိုင္ငံမွာ သူ႕ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ရပ္နားဖို႔ ဆုံးျဖတ္လိုက္ေၾကာင္း ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ေၾကညာခဲ့ပါတယ္။

ေဖေဖာ္ဝါရီလ အာဏာလႊဲေျပာင္းမႈျဖစ္စဥ္ၿပီးေနာက္ အလုပ္သမားေတြကိုယ္စား ေဆာင္႐ြက္တဲ့ေနရာမွာ ျပည္တြင္းက အလုပ္သမားသမဂၢအဖြဲ႕မ်ား ၾကဳံေတြ႕ေနရတဲ့ အခက္အခဲေတြေၾကာင့္ အခုလို ရပ္နားဖို႔ ဆုံးျဖတ္လိုက္ျခင္း ျဖစ္တယ္လို႔ ေျပာပါတယ္။

Action Collaboration Transformation (ACT) က ကမ႓ာလုံးဆိုင္ရာအလုပ္သမားသမဂၢအဖြဲ႕ခ်ဳပ္ – IndustriALL နဲ႔ ကမ႓ာလုံးဆိုင္ရာ ကုန္အမွတ္တံဆိပ္တို႔ရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈတစ္ခုျဖစ္ၿပီး လုပ္သားမ်ားအတြက္ ကုမၸဏီတစ္ခုခ်င္းစီ ကိုင္တြယ္ေျဖ႐ွင္းႏိုင္ျခင္းမ႐ွိတဲ့ စားဝတ္ေနေရးဖူလုံတဲ့ လုပ္အားခ ေသခ်ာစြာရ႐ွိႏိုင္ေရး ကိစၥရပ္ေတြကို အဓိကလုပ္ေဆာင္တယ္လို႔ သိရပါတယ္။

IndustriALL ရဲ႕ ေဒသတြင္း မိတ္ဖက္ျဖစ္တဲ့ ျမန္မာႏိုင္ငံ ကုန္ထုတ္ႏွင့္ စက္မႈလက္မႈ အလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္ – IWFM ရဲ႕ လက္႐ွိအေျခအေနေအာက္မွာ လြတ္လပ္စြာ လည္ပတ္ႏိုင္ျခင္းမ႐ွိတာက ACT လုပ္ငန္းေတြမွ ႏႈတ္ထြက္ရျခင္းရဲ႕ အက်ိဳးဆက္လည္း ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔ ၂၀၁၈ ခုႏွစ္မွစတင္ကာ ACT ဦးစားေပးႏိုင္ငံျဖစ္လာခဲ့ၿပီး ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလမွာ အဖြဲ႕ဝင္ေတြက ျမန္မာႏိုင္ငံမွာ ACT ရဲ႕ လုပ္ငန္းေဆာင္႐ြက္မႈေတြကို ရပ္ဆိုင္းဖို႔ ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ခဲ့ရတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ACT အေနနဲ႔ ၂၀၂၁ ခုႏွစ္ မတ္လမွ ေအာက္တိုဘာလအထိ ႏိုင္ငံအတြင္းက အဖြဲ႕ဝင္ကုန္အမွတ္တံဆိပ္ေတြနဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္ေနတဲ့ အလုပ္သမားေတြရဲ႕ ရပိုင္ခြင့္ေတြကို ေလးစားလိုက္နာတဲ့ Fast-Track Dispute Resolution Mechanism ကို ေဆာင္႐ြက္ခဲ့တယ္လို႔ သိရပါတယ္။

တကယ္တမ္း သနားစရာ ေကာင္းေနသည္က အ႐ူးမီးဝိုင္း ျဖစ္ေန႐ွာသည့္ မင္းေအာင္လိႈင္ ႏွင့္ စစ္ဗိုလ္ခ်ဳပ္မ်ားသာ ျဖစ္သည္၊ ၎တို႔အဖို႔က အာဏာ မသိမ္းခဲ့လည္း အလုံးအရပ္ ေရာ့သြားႏိုင္စရာ မ႐ွိသူမ်ားသာ ျဖစ္ၿပီး ေလာဘ မသတ္ႏိုင္မႈ၊ သားသမီးမ်ား၏ စီးပြားေရး လုပ္ငန္းမ်ားကို ကာကြယ္ေပးလိုသည့္ စိတ္သက္သက္ျဖင့္ က်ဳးလြန္ခဲ့ၾကသူမ်ားသာ ျဖစ္သည္။

အထည္ခ်ဳပ္ လုပ္ငန္းမ်ား ျမန္မာျပည္မွ ဆုတ္ခြာကာ ကေမ႓ာဒီယားသို႔ ေျခလွမ္းျပင္ေနၾကၿပီး ဟြန္ဆန္ကလည္း စစ္ေကာင္စီ သက္ဆိုး႐ွည္ရန္အသိအမွတ္ျပဳေပးျခင္းျဖင့္ အလုပ္သမားမ်ား၏ အက်ိဳးကို တဖက္တလမ္းမွ အကာအကြယ္ ေပးခဲ့ ေၾကာင္း ျပသခဲ့ျပန္သည္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.