Local News

မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ဆုံးပြန်လည်ရောက်ရှိရေး အမေရိကန်-ဂျပန်ပူးတွဲတောင်းဆို

ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ဆုံးပြန်လည်ရောက်ရှိရေး အမေရိကန်-ဂျပန်ပူးတွဲတောင်းဆို

မြန်မာပြည်သူများအပေါ် ကျူးလွန်နေသော အကြမ်းဖက်မှုများကို အမေရိကန်နှင့် ဂျပန်တို့က ပူးတွဲပြစ်တင်ရှုတ်ချလိုက်ပြီး အားလုံးပါဝင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ဆုံးပြန် လည်ရောက်ရှိရန် တောင်းဆိုလိုက်သည်။

အမေရိကန်-ဂျပန် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ၏ လုံခြုံရေးအကြံပေးကော်မတီ အစည်းအဝေးကို သက်ဆိုင်ရာနိုင်ငံများ၌ ဒီဇင်ဘာ ၆ နှင့် ၇ ရက်များတွင် အွန်လိုင်းမှကျင်းပခဲ့ရာ မြန်မာ့အရေးကိုလည်း ထည့် သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၊ ကာကွယ် ရေးဝန်ကြီး အော်စတင်၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှိ၊ ကာကွယ်ရေးဝန်ကြီး ကီရှိတို့က မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်တန့်ရေးအတွက် ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထို့အပြင် ဝန်ကြီးများသည် လွတ်လပ်၊ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသအတွက် ၎င်းတို့၏ ကတိကဝတ်ကို ခိုင်မာစွာထပ်လောင်းအတည်ပြုခဲ့ပြီး

အာဆီယံ၏ ညီညွတ်မှု၊ ဗဟိုကျမှုနှင့် အင်ဒို-ပစိဖိတ်တွင် အာဆီယံ၏ သဘောထားကို ခိုင်မာစွာကူညီပံ့ပိုးမည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။

Zawgyi

ဒီမိုကေရစီလမ္းေၾကာင္းေပၚ အျမန္ဆုံးျပန္လည္ေရာက္႐ွိေရး အေမရိကန္-ဂ်ပန္ပူးတြဲေတာင္းဆို

ျမန္မာျပည္သူမ်ားအေပၚ က်ဴးလြန္ေနေသာ အၾကမ္းဖက္မႈမ်ားကို အေမရိကန္ႏွင့္ ဂ်ပန္တို႔က ပူးတြဲျပစ္တင္႐ႈတ္ခ်လိုက္ၿပီး အားလုံးပါဝင္သည့္ ဒီမိုကေရစီလမ္းေၾကာင္းေပၚ အျမန္ဆုံးျပန္ လည္ေရာက္႐ွိရန္ ေတာင္းဆိုလိုက္သည္။

အေမရိကန္-ဂ်ပန္ ႏိုင္ငံျခားေရးႏွင့္ ကာကြယ္ေရးဝန္ႀကီးမ်ား၏ လုံျခဳံေရးအၾကံေပးေကာ္မတီ အစည္းအေဝးကို သက္ဆိုင္ရာႏိုင္ငံမ်ား၌ ဒီဇင္ဘာ ၆ ႏွင့္ ၇ ရက္မ်ားတြင္ အြန္လိုင္းမွက်င္းပခဲ့ရာ ျမန္မာ့အေရးကိုလည္း ထည့္ သြင္းေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ဘလင္ကန္၊ ကာကြယ္ ေရးဝန္ႀကီး ေအာ္စတင္၊ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး ဟာယာ႐ွိ၊ ကာကြယ္ေရးဝန္ႀကီး ကီ႐ွိတို႔က ျမန္မာႏိုင္ငံ၌ အၾကမ္းဖက္မႈအားလုံး ခ်က္ခ်င္းရပ္တန္႔ေရးအတြက္ ႀကိဳးပမ္းမႈမ်ားကို ဆက္လက္လုပ္ေဆာင္ရန္ ဆုံးျဖတ္ခဲ့ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

ထို႔အျပင္ ဝန္ႀကီးမ်ားသည္ လြတ္လပ္၊ပြင့္လင္းေသာ အင္ဒို-ပစိဖိတ္ေဒသအတြက္ ၎တို႔၏ ကတိကဝတ္ကို ခိုင္မာစြာထပ္ေလာင္းအတည္ျပဳခဲ့ၿပီး

အာဆီယံ၏ ညီၫြတ္မႈ၊ ဗဟိုက်မႈႏွင့္ အင္ဒို-ပစိဖိတ္တြင္ အာဆီယံ၏ သေဘာထားကို ခိုင္မာစြာကူညီပံ့ပိုးမည္ဟု ထပ္ေလာင္း ေျပာၾကားခဲ့သည္။