Local News

မြန်မာနိုင်ငံ ပြည်တွင်းစစ်အတွက် အသင့်ဖြစ်နေပြီလို့ ကမ္ဘောဒီးယား သတိပေး

မြန်မာနိုင်ငံ ပြည်တွင်းစစ်အတွက် အသင့်ဖြစ်နေပြီလို့ ကမ္ဘောဒီးယား သတိပေး

မြန်မာနိုင်ငံရဲ့အခြေအနေက ပြည်တွင်းစစ်ဖြစ်ဖို့ အဖက်ဖက်က ပြည့်စုံနေပြီလို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောလိုက်တဲ့အကြောင်း AFP သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရက နှစ်ခု၊ လက်နက်ကိုင်အင်အားစုတွေကလည်း အများအပြားရှိနေပြီး လူထုကလည်း အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုကို လုပ်နေကြောင်း၊ နိုင်ငံတဝန်းမှာလည်း ပြောက်ကျားစစ်တွေကရှိနေပြီး နိုင်ငံရေးနဲ့လုံခြုံရေး အကျပ်အတည်းကလည်း ဆိုးသထက်ဆိုးလာနေတာကြောင့်

ဒီအခြေနေတွေဟာ စီးပွားရေး၊ ကျန်းမာရေးနဲ့ လူသားချင်းစာနာမှုအကျပ်အတည်းတွေကိုပါ ပိုပြီးဆိုးဝါးစေလိမ့်မယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက စင်္ကာပူအခြေစိုက် ISEAS-Yusof Ishak ပညာရေးဌာနမှာ တနင်္လာနေ့က ပြောခဲ့တာပါ။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံမသွားခင် ရက်ပိုင်းအလိုမှာ နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောခဲ့တာလည်းဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဟွန်ဆန်က အခု ဇန်နဝါရီ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ မြန်မာနိုင်ငံကို လာဖို့ ရှိပါတယ်။ မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံး အကြမ်းဖက်မှုတွေကို ရပ်ဖို့ ဝန်ကြီးချုပ်ဟွန်ဆန်က ဗုဒ္ဓဟူးနေ့ကပဲ တိုက်တွန်းခဲ့ပါတယ်။

ပြည်သူတွေ ထိခိုက်သေဆုံးမှုမရှိရအောင် အပစ်အခတ် ရပ်စဲမှုကို အရင်လုပ်ကြဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ မြန်မာပြည် ခရီးစဉ်ဟာ အာဆီယံအသင်းက သဘောတူထားတဲ့ အချက် ငါးချက်နဲ့ ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်ထွန်းရေးကို အဓိကအာရုံစိုက်ပြီးကြိုးပမ်းသွားမှာ လို့ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ်ဟာ အာဆီယံအသင်းရဲ့ သဘောတူချက်တွေနဲ့လည်း မကိုက်ညီတဲ့အပြင် မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုလည်း ဆန့်ကျင်နေတာကြောင့် ဒီခရီးစဉ်ကို ကန့်ကွက်တဲ့အကြောင်း မြန်မာပြည်တွင်းက စစ်ကောင်စီဆန့်ကျင်ရေးအဖွဲ့ပေါင်း ၂၆ဝ ကျော်က ကြေညာချက် ထုတ်ပြီးကန့်ကွက်သလို လမ်းပေါ်ထွက်ဆန္ဒပြကန့်ကွက်မှုတွေ ပါရှိနေပါတယ်။

Photo: AFP

– ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ကို ၂ဝ၁၉ ခုနှစ်က ကျင်းပသော ၁၄ ကြိမ်မြောက် ASEM အစည်းအဝေးတွင် တွေ့ရစဉ်။

Zawgyi

ျမန္မာႏိုင္ငံ ျပည္တြင္းစစ္အတြက္ အသင့္ျဖစ္ေနၿပီလို႔ ကေမ႓ာဒီးယား သတိေပး

ျမန္မာႏိုင္ငံရဲ႕အေျခအေနက ျပည္တြင္းစစ္ျဖစ္ဖို႔ အဖက္ဖက္က ျပည့္စုံေနၿပီလို႔ ကေမ႓ာဒီးယားႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn က ေျပာလိုက္တဲ့အေၾကာင္း AFP သတင္းမွာ မေန႔က ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ အစိုးရက ႏွစ္ခု၊ လက္နက္ကိုင္အင္အားစုေတြကလည္း အမ်ားအျပား႐ွိေနၿပီး လူထုကလည္း အာဏာဖီဆန္ေရး CDM လႈပ္႐ွားမႈကို လုပ္ေနေၾကာင္း၊ ႏိုင္ငံတဝန္းမွာလည္း ေျပာက္က်ားစစ္ေတြက႐ွိေနၿပီး ႏိုင္ငံေရးနဲ႔လုံျခဳံေရး အက်ပ္အတည္းကလည္း ဆိုးသထက္ဆိုးလာေနတာေၾကာင့္

ဒီအေျခေနေတြဟာ စီးပြားေရး၊ က်န္းမာေရးနဲ႔ လူသားခ်င္းစာနာမႈအက်ပ္အတည္းေတြကိုပါ ပိုၿပီးဆိုးဝါးေစလိမ့္မယ္လို႔ ကေမ႓ာဒီးယား ႏိုင္ငံျခားေရးဝန္ႀကီးက စကၤာပူအေျခစိုက္ ISEAS-Yusof Ishak ပညာေရးဌာနမွာ တနလၤာေန႔က ေျပာခဲ့တာပါ။

ကေမ႓ာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ ျမန္မာႏိုင္ငံမသြားခင္ ရက္ပိုင္းအလိုမွာ ႏိုင္ငံျခားေရးဝန္ႀကီးက အခုလို ေျပာခဲ့တာလည္းျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က အခု ဇန္နဝါရီ ၇ ရက္နဲ႔ ၈ ရက္ေန႔ေတြမွာ ျမန္မာႏိုင္ငံကို လာဖို႔ ႐ွိပါတယ္။ ျမန္မာႏိုင္ငံက သက္ဆိုင္ရာ အဖြဲ႕အစည္းေတြအားလုံး အၾကမ္းဖက္မႈေတြကို ရပ္ဖို႔ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ဗုဒၶဟူးေန႔ကပဲ တိုက္တြန္းခဲ့ပါတယ္။

ျပည္သူေတြ ထိခိုက္ေသဆုံးမႈမ႐ွိရေအာင္ အပစ္အခတ္ ရပ္စဲမႈကို အရင္လုပ္ၾကဖို႔ တိုက္တြန္းတယ္လို႔ ဆိုပါတယ္။ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ရဲ႕ ျမန္မာျပည္ ခရီးစဥ္ဟာ အာဆီယံအသင္းက သေဘာတူထားတဲ့ အခ်က္ ငါးခ်က္နဲ႔ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္း ေပၚထြန္းေရးကို အဓိကအာ႐ုံစိုက္ၿပီးႀကိဳးပမ္းသြားမွာ လို႔ ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn က ေျပာပါတယ္။

ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ရဲ႕ ျမန္မာခရီးစဥ္ဟာ အာဆီယံအသင္းရဲ႕ သေဘာတူခ်က္ေတြနဲ႔လည္း မကိုက္ညီတဲ့အျပင္ ျမန္မာျပည္သူေတြရဲ႕ ဆႏၵကိုလည္း ဆန္႔က်င္ေနတာေၾကာင့္ ဒီခရီးစဥ္ကို ကန္႔ကြက္တဲ့အေၾကာင္း ျမန္မာျပည္တြင္းက စစ္ေကာင္စီဆန္႔က်င္ေရးအဖြဲ႕ေပါင္း ၂၆ဝ ေက်ာ္က ေၾကညာခ်က္ ထုတ္ၿပီးကန္႔ကြက္သလို လမ္းေပၚထြက္ဆႏၵျပကန္႔ကြက္မႈေတြ ပါ႐ွိေနပါတယ္။

Photo: AFP

– ကေမ႓ာဒီးယားႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn ကို ၂ဝ၁၉ ခုႏွစ္က က်င္းပေသာ ၁၄ ႀကိမ္ေျမာက္ ASEM အစည္းအေဝးတြင္ ေတြ႕ရစဥ္။

About the author

admin

Add Comment

Click here to post a comment