Local News

မြန်မာပြည်ကို အာဆီယံသဘောတူညီချက်နဲ့ ဟွန်ဆန် သွားရောက်တာမဟုတ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ပြောကြား

မြန်မာပြည်ကို အာဆီယံသဘောတူညီချက်နဲ့ ဟွန်ဆန် သွားရောက်တာမဟုတ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ပြောကြား
~~~~~~

■ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာပြည်သွားမယ့်ခရီးစဉ်ဟာ အာဆီယံအဖွဲ့ရဲ့သဘောတူညီချက်နဲ့ သွားရောက်တာမဟုတ်ဘဲ သူတစ်ဦးတစ်ယောက်တည်းရဲ့ သဘောထားနဲ့

သွားရောက်မှာ ဖြစ်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က RFA ကို ပြောကြားလိုက်ပါတယ်။

တဆက်တည်းမှာပဲ NUG နဲ့ အမေရိကန်အစိုးရအကြား ဆက်ဆံရေးတိုးတက်နေပြီး ဒီနှစ်အတွင်းမှာ အမေရိကန်အစိုးရက NUG အစိုးရကို မြန်မာပြည်ရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေးအတွက် ကြိုးစားနေတယ်လို့လည်း သူကပြောပါတယ်။

NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

Zawgyi
ျမန္မာျပည္ကို အာဆီယံသေဘာတူညီခ်က္နဲ႔ ဟြန္ဆန္ သြားေရာက္တာမဟုတ္လို႔ NUG ႏိုင္ငံျခားေရးဝန္ႀကီး ေျပာၾကား
~~~~~~

■ ကေမ႓ာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ ျမန္မာျပည္သြားမယ့္ခရီးစဥ္ဟာ အာဆီယံအဖြဲ႕ရဲ႕သေဘာတူညီခ်က္နဲ႔ သြားေရာက္တာမဟုတ္ဘဲ သူတစ္ဦးတစ္ေယာက္တည္းရဲ႕ သေဘာထားနဲ႔

သြားေရာက္မွာ ျဖစ္တယ္လို႔ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ က RFA ကို ေျပာၾကားလိုက္ပါတယ္။

တဆက္တည္းမွာပဲ NUG နဲ႔ အေမရိကန္အစိုးရအၾကား ဆက္ဆံေရးတိုးတက္ေနၿပီး ဒီႏွစ္အတြင္းမွာ အေမရိကန္အစိုးရက NUG အစိုးရကို ျမန္မာျပည္ရဲ႕ တရားဝင္အစိုးရအျဖစ္ အသိအမွတ္ျပဳေရးအတြက္ ႀကိဳးစားေနတယ္လို႔လည္း သူကေျပာပါတယ္။

NUG အစိုးရ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ ကို RFA အဖြဲ႕သား ဦးခင္ေမာင္စိုး က ဆက္သြယ္ေမးျမန္းထားပါတယ္။

About the author

admin

Add Comment

Click here to post a comment