Local News

မြန်မာပြည်သူများကို ကယ်တင်ရန် ကုလသမဂ္ဂက တိကျပြတ်သားသော အရေးယူမှုချက်ချင်းပြုလုပ်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်း တောင်းဆို

မြန်မာပြည်သူများကို ကယ်တင်ရန် ကုလသမဂ္ဂက တိကျပြတ်သားသော အရေးယူမှုချက်ချင်းပြုလုပ်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်း တောင်းဆို

မြန်မာပြည်သူများ၏အသက်များကို ကယ်တင်ရန် ကုလသမဂ္ဂက တိကျပြတ်သားသောအရေးယူမှု ချက်ချင်း ပြုလုပ်ရန် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ထံလိပ်မူပေးပို့ရာတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာပြည်သူများသည် နိုင်ငံတကာအသိုင်းအဝန်း အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံမှ ယခုချက်ချင်း၊ တိကျပြတ်သားသောအရေးယူဆောင်ရွက်မှုများကို အလွန်အမင်းလိုအပ်နေကြောင်း ဖော်ပြတောင်းဆိုခြင်းဖြစ်သည်။

ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက အကြမ်း ဖက်မှုများရပ်တန့်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရေးတို့ကို သံတမန်ရေးကြိုး ပမ်းမှုများ၊ ထပ်ခါတလဲလဲတောင်းဆိုမှုများ ရှိခဲ့သော်လည်း

မြန်မာစစ်တပ်က ကျူးလွန်မှုများကို ရပ်တန့်မည့်အရိပ်အယောင်မပြဘဲ ပြည်သူလူထုအပေါ် အစုလိုက်အပြုံသတ်ဖြတ်ခြင်းများ ပိုမို ကျယ်ပြန့်စွာလုပ်ဆောင်လာကြောင်း သံအမတ်ကြီးက ကုလအထွေထွေအတွင်းရေးမှူးချုပ်ကို အစီရင်ခံသည်။

“ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့် မပေးသင့်ပါဘူး။ မြန်မာပြည်သူတွေအပေါ် ဒီလိုလူမဆန်တဲ့ တိုက်ခိုက်မှုတွေအပေါ် ကုလသမဂ္ဂဦးဆောင်တဲ့ လွတ်လပ်ပြီး ဓမ္မဓိဌာန်ကျကျ စုံစမ်းစစ်ဆေးဖော်ထုတ်မှု ချက်ချက်လုပ်ဆောင်ရမယ်ဆိုတာ အလွန်အရေးကြီးပြီး

ဒါမှသာ နောက်ထပ်ရက်စက်ယုတ်မာမှုတွေကို ကာကွယ်နိုင်ပြီး အပြစ်ကင်းစင်တဲ့ဘ၀တွေကို ကယ်တင်နိုင်မှာဖြစ်ပါတယ်”ဟု ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

ထို့အပြင် ခရစ္စမတ်နေ့အကြို ဒီဇင်ဘာ ၂၄ ရက်တွင် မြန်မာစစ်တပ်၏ အထူးနယ်မြေရှင်းလင်းရေးကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် အပြစ်မဲ့ပြည်သူ ၄၀ ခန့် မီးရှို့သတ်ဖြတ်ခံရသည့်ဖြစ်စဉ်၊

စစ်ကိုင်းတိုင်းတွင် စစ်တပ်က အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည့်ဖြစ် စဉ်နှင့် ကရင်ပြည်နယ် လေးကေကော်ဒေသကို လေကြောင်းမှ တိုက်ခိုက်မှုဖြစ်စဉ်များကိုလည်း သံအမတ်ကြီးက ကုလအတွင်းရေးမှူးချုပ်ကို အစီရင်ခံသည်။

Zawgyi

ျမန္မာျပည္သူမ်ားကို ကယ္တင္ရန္ ကုလသမဂၢက တိက်ျပတ္သားေသာ အေရးယူမႈခ်က္ခ်င္းျပဳလုပ္ရန္ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္း ေတာင္းဆို

ျမန္မာျပည္သူမ်ား၏အသက္မ်ားကို ကယ္တင္ရန္ ကုလသမဂၢက တိက်ျပတ္သားေသာအေရးယူမႈ ခ်က္ခ်င္း ျပဳလုပ္ရန္ ျမန္မာသံအမတ္ႀကီးဦးေက်ာ္မိုးထြန္းက ေတာင္းဆိုလိုက္သည္။

ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္အန္တိုနီယိုဂူတာရက္စ္ထံလိပ္မူေပးပို႔ရာတြင္ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းက ျမန္မာျပည္သူမ်ားသည္ ႏိုင္ငံတကာအသိုင္းအဝန္း အထူးသျဖင့္ ကုလသမဂၢလုံျခဳံေရးေကာင္စီထံမွ ယခုခ်က္ခ်င္း၊ တိက်ျပတ္သားေသာအေရးယူေဆာင္႐ြက္မႈမ်ားကို အလြန္အမင္းလိုအပ္ေနေၾကာင္း ေဖာ္ျပေတာင္းဆိုျခင္းျဖစ္သည္။

ကုလသမဂၢ၊ လုံျခဳံေရးေကာင္စီႏွင့္ အာဆီယံအပါအဝင္ ႏိုင္ငံတကာအသိုင္းအဝန္းက အၾကမ္း ဖက္မႈမ်ားရပ္တန္႔ေရးႏွင့္ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္သြားေရးတို႔ကို သံတမန္ေရးႀကိဳး ပမ္းမႈမ်ား၊ ထပ္ခါတလဲလဲေတာင္းဆိုမႈမ်ား ႐ွိခဲ့ေသာ္လည္း

ျမန္မာစစ္တပ္က က်ဴးလြန္မႈမ်ားကို ရပ္တန္႔မည့္အရိပ္အေယာင္မျပဘဲ ျပည္သူလူထုအေပၚ အစုလိုက္အျပဳံသတ္ျဖတ္ျခင္းမ်ား ပိုမို က်ယ္ျပန္႔စြာလုပ္ေဆာင္လာေၾကာင္း သံအမတ္ႀကီးက ကုလအေထြေထြအတြင္းေရးမႉးခ်ဳပ္ကို အစီရင္ခံသည္။

“ဒီလိုရက္စက္ၾကမ္းၾကဳတ္တဲ့ျပစ္မႈက်ဴးလြန္သူေတြကို ျပစ္ဒဏ္ကင္းလြတ္ခြင့္ မေပးသင့္ပါဘူး။ ျမန္မာျပည္သူေတြအေပၚ ဒီလိုလူမဆန္တဲ့ တိုက္ခိုက္မႈေတြအေပၚ ကုလသမဂၢဦးေဆာင္တဲ့ လြတ္လပ္ၿပီး ဓမၼဓိဌာန္က်က် စုံစမ္းစစ္ေဆးေဖာ္ထုတ္မႈ ခ်က္ခ်က္လုပ္ေဆာင္ရမယ္ဆိုတာ အလြန္အေရးႀကီးၿပီး

ဒါမွသာ ေနာက္ထပ္ရက္စက္ယုတ္မာမႈေတြကို ကာကြယ္ႏိုင္ၿပီး အျပစ္ကင္းစင္တဲ့ဘ၀ေတြကို ကယ္တင္ႏိုင္မွာျဖစ္ပါတယ္”ဟု ကုလသမဂၢဆိုင္ရာျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ေျပာသည္။

ထို႔အျပင္ ခရစၥမတ္ေန႔အႀကိဳ ဒီဇင္ဘာ ၂၄ ရက္တြင္ ျမန္မာစစ္တပ္၏ အထူးနယ္ေျမ႐ွင္းလင္းေရးေၾကာင့္ ကေလးငယ္မ်ားႏွင့္ အမ်ိဳးသမီးမ်ားအပါအဝင္ အျပစ္မဲ့ျပည္သူ ၄၀ ခန္႔ မီး႐ိႈ႕သတ္ျဖတ္ခံရသည့္ျဖစ္စဥ္၊

စစ္ကိုင္းတိုင္းတြင္ စစ္တပ္က အ႐ွင္လတ္လတ္မီး႐ိႈ႕သတ္ျဖတ္ခဲ့သည့္ျဖစ္ စဥ္ႏွင့္ ကရင္ျပည္နယ္ ေလးေကေကာ္ေဒသကို ေလေၾကာင္းမွ တိုက္ခိုက္မႈျဖစ္စဥ္မ်ားကိုလည္း သံအမတ္ႀကီးက ကုလအတြင္းေရးမႉးခ်ဳပ္ကို အစီရင္ခံသည္။

About the author

admin

Add Comment

Click here to post a comment