Local News

မြန်မာအပါအဝင် အဖိနှိပ်ခံပြည်သူတွေကို အသိအမှတ်ပြုဖို့ ချားလ်စ်မင်းသား တိုက်တွန်း

မြန်မာအပါအဝင် အဖိနှိပ်ခံပြည်သူတွေကို အသိအမှတ်ပြုဖို့ ချားလ်စ်မင်းသား တိုက်တွန်း

လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးတွေအတွက် ရပ်တည်နေကြတဲ့ မြန်မာ၊ အာဖဂန်နစ္စတန်နဲ့ ဆီးရီးယားနိုင်ငံတွေကလို ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီကြဖို့နဲ့ အခုလို နှစ်သစ်ကူးကာလမှာ သူတို့အတွက် အာရုံစိုက်ပြီး အသိအမှတ်ပြုပေးကြဖို့

ဗြိတိသျှတော်ဝင် အိမ်ရှေ့မင်းသား ချားလ်စ်က သူ့ရဲ့ နှစ်သစ်ကူး အမှာစကားထဲမှာ ထည့်သွင်းရေးသားဖော်ပြခဲ့တဲ့အကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

ဒီနိုင်ငံတွေမှာ ဘာသာရေးဖိနှိပ်မှုတွေ၊ နိုင်ငံရေးဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေ ဆိုးဆိုးဝါးဝါး ကြုံနေကြရတယ်၊ မြန်မာ၊ အာဖဂန်နဲ့ ဆီးရီးယားအပါအဝင် ကမ္ဘာတစ်ဝန်းက ပဋိပက္ခတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်စေဖို့လည်း ဆုတောင်းတယ်လို့ ဗြိတိန်အိမ်ရှေ့မင်းသား ချားလ်စ်က ဆိုပါတယ်။

ချားလ်စ်မင်းသားဟာ အဖမ်းဆီးခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော NUG အစိုးရရဲ့ ဝန်ကြီးတစ်ဦးဖြစ်တဲ့ ချင်းအမျိုးသား ဒေါက်တာဆာဆာနဲ့ပါ ရင်းနှီးသူတစ်ဦးဖြစ်ပါတယ်။

Photo: AFP

(ဗြိတိသျှတော်ဝင် အိမ်ရှေ့မင်းသား ချားလ်စ်ကို ၂၀၂၂ ဒီဇင်ဘာ ၂၄ ရက်‌နေ့က တွေ့ရစဉ်)

Zawgyi

ျမန္မာအပါအဝင္ အဖိႏွိပ္ခံျပည္သူေတြကို အသိအမွတ္ျပဳဖို႔ ခ်ားလ္စ္မင္းသား တိုက္တြန္း

လြတ္လပ္မႈနဲ႔ လူ႕အခြင့္အေရးေတြအတြက္ ရပ္တည္ေနၾကတဲ့ ျမန္မာ၊ အာဖဂန္နစၥတန္နဲ႔ ဆီးရီးယားႏိုင္ငံေတြကလို ျပည္သူေတြရဲ႕ လိုအပ္ခ်က္ေတြကို ကူညီၾကဖို႔နဲ႔ အခုလို ႏွစ္သစ္ကူးကာလမွာ သူတို႔အတြက္ အာ႐ုံစိုက္ၿပီး အသိအမွတ္ျပဳေပးၾကဖို႔

ၿဗိတိသွ်ေတာ္ဝင္ အိမ္ေ႐ွ႕မင္းသား ခ်ားလ္စ္က သူ႕ရဲ႕ ႏွစ္သစ္ကူး အမွာစကားထဲမွာ ထည့္သြင္းေရးသားေဖာ္ျပခဲ့တဲ့အေၾကာင္း AFP သတင္းမွာ ေဖာ္ျပထားပါတယ္။

ဒီႏိုင္ငံေတြမွာ ဘာသာေရးဖိႏွိပ္မႈေတြ၊ ႏိုင္ငံေရးဖိႏွိပ္မႈေတြနဲ႔ ရင္ဆိုင္ေနရၿပီး လူသားခ်င္းစာနာမႈဆိုင္ရာ ျပႆနာေတြ ဆိုးဆိုးဝါးဝါး ၾကဳံေနၾကရတယ္၊ ျမန္မာ၊ အာဖဂန္နဲ႔ ဆီးရီးယားအပါအဝင္ ကမ႓ာတစ္ဝန္းက ပဋိပကၡေတြ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ေျပလည္ေစဖို႔လည္း ဆုေတာင္းတယ္လို႔ ၿဗိတိန္အိမ္ေ႐ွ႕မင္းသား ခ်ားလ္စ္က ဆိုပါတယ္။

ခ်ားလ္စ္မင္းသားဟာ အဖမ္းဆီးခံေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေရာ NUG အစိုးရရဲ႕ ဝန္ႀကီးတစ္ဦးျဖစ္တဲ့ ခ်င္းအမ်ိဳးသား ေဒါက္တာဆာဆာနဲ႔ပါ ရင္းႏွီးသူတစ္ဦးျဖစ္ပါတယ္။

Photo: AFP

(ၿဗိတိသွ်ေတာ္ဝင္ အိမ္ေ႐ွ႕မင္းသား ခ်ားလ္စ္ကို ၂၀၂၂ ဒီဇင္ဘာ ၂၄ ရက္‌ေန႔က ေတြ႕ရစဥ္)

About the author

admin

Add Comment

Click here to post a comment