Local News

မြန်မာ့မြေပေါ်၌ စစ်ကောင်စီ ဆက်လက်ရပ်တည်မရသည်မှာ ပိုမိုသေချာလာဟု NUG ဝန်ကြီးချုပ်ပြော

မြန်မာ့မြေပေါ်၌ စစ်ကောင်စီ ဆက်လက်ရပ်တည်မရသည်မှာ ပိုမိုသေချာလာဟု NUG ဝန်ကြီးချုပ်ပြော

-တော်လှန်ရေးကို မီးကုန်ယမ်းကုန်အားထည့်၍ အောင်မြင်အောင်လုပ်ရမည်ဟုဆို

အကြမ်းဖက်စစ်ကောင်စီသည် မြန်မာ့မြေပေါ်၌ မည်သို့မျှ ဆက်လက်ရပ်တည်၍မရသည်မှာ ပိုမိုသေချာလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးကို ယနေ့(ဒီဇင်ဘာ ၂၁ ရက်)ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မြန်မာပြည်သူများသည် အကြမ်းဖက်စစ်ကောင်စီအပေါ် စိတ်ဆိုးဒေါသထွက်ရုံမဟုတ်ဘဲ နာနာကျည်းကျည်းဖြစ်ကုန်ကြသဖြင့် အကြမ်းဖက်စစ် ကောင်စီ ရပ်တည်မရသည်မှာ ပိုမိုသေချာလာကြောင်း ထည့်သွင်းပြောကြားသည်။

“လူတစ်စုရဲ့အာဏာကိုတပ်မက်တဲ့လောဘမီးဟာ အပြစ်မဲ့ပြည်သူတွေအားလုံးကို ဒုက္ခရောက်စေတာ တွေ့ရလို့ ဒီတော်လှန်ရေးကို ကျတော်တို့အားလုံး မီးကုန်ယမ်းကုန် အားထည့်ပြီး အောင်မြင်အောင်လုပ်ရမယ်လို့ယုံကြည်ထားကြောင်း” ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဆိုသည်။

နွေဦးတော်လှန်ရေးတွင် ပြည်သူများက ကြောက်ရွံ့စိတ်ဖြင့် နောက်ဆုတ်အရှုံးပေးသွားခြင်းမျိုးမရှိဘဲ ရှိသမျှစိတ်ဓာတ်ခွန်အားများနှင့် နေ့စဉ်နည်းလမ်း မျိုးစုံအသုံးပြုကာ ညီညွတ်စွာတွန်းလှန်နေကြသည်ကို မြင်တွေ့နေရသဖြင့် ပြည်သူများကို အထူးကျေးဇူးကြောင်း မန်းဝင်းခိုင်သန်းက ပြောသည်။

ထို့အပြင် အားလုံးအတူသွားကြရမည့် ပန်းတိုင်အတွက်လည်း ပိုမိုကြိုးစားသွားရ မည်ဆိုသော စိတ်ဆန္ဒ ဖြစ်ပေါ်မိကြောင်း ၎င်းက ဆက်ပြောသည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလက ပအို့ဝ်း (Pa-O) အမျိုးသားများက PNFC ခေါ် ပအို့ဝ်း (Pa-O) အမျိုးသားဖက်ဒရယ်ကောင်စီကို ဖွဲ့စည်းလိုက်သည်ကို တွေ့ရ၍ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်းအထက်ပါအစိုးရအဖွဲ့အစည်းအဝေး၌ ပြောသည်။

အလားတူ အခြားကျန်ရှိသည့် တိုင်းရင်းသားများကိုလည်း NUG ၊ NUCC တို့နှင့် အမြန်ဆုံးပူးပေါင်းကြရန် ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းသည်။

ထို့အပြင် ပြည်သူလူထု၏ အသက်အိုးအိမ်များ ဆက်လက် မဆုံးရှုံးစေရန်၊ နွေဦးတော်လှန်ရေးအောင်မြင်မြန်ဆန်စေရန် လက်ရှိစစ်တပ်တွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် မှန်ကန်သည့် ဆုံးဖြတ်ချက်ချကာ ပြည်သူဘက်သို့ပူးပေါင်းကြရန် ယာယီသမ္မတက ထပ်မံတိုက်တွန်းသည်။

လေးကေ့ကော်ဖြစ်စဉ်အတွက် စတင်တိုက်ပွဲဖြစ်သည့်နေ့တွင် လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ အဖွဲ့ဝင်အချို့နှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများကို ညတွင်းချင်း အစည်းအဝေးခေါ်ကာ လုပ်ဆောင်သင့်သည်များကို တိုင်ပင်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောသည်။

Zawgyi

ျမန္မာ့ေျမေပၚ၌ စစ္ေကာင္စီ ဆက္လက္ရပ္တည္မရသည္မွာ ပိုမိုေသခ်ာလာဟု NUG ဝန္ႀကီးခ်ဳပ္ေျပာ

-ေတာ္လွန္ေရးကို မီးကုန္ယမ္းကုန္အားထည့္၍ ေအာင္ျမင္ေအာင္လုပ္ရမည္ဟုဆို

အၾကမ္းဖက္စစ္ေကာင္စီသည္ ျမန္မာ့ေျမေပၚ၌ မည္သို႔မွ် ဆက္လက္ရပ္တည္၍မရသည္မွာ ပိုမိုေသခ်ာလာေၾကာင္း အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ဝန္ႀကီး ခ်ဳပ္ မန္းဝင္းခိုင္သန္းက ေျပာသည္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရအဖြဲ႕ အစည္းအေဝးကို ယေန႔(ဒီဇင္ဘာ ၂၁ ရက္)က်င္းပခဲ့ရာ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းက ျမန္မာျပည္သူမ်ားသည္ အၾကမ္းဖက္စစ္ေကာင္စီအေပၚ စိတ္ဆိုးေဒါသထြက္႐ုံမဟုတ္ဘဲ နာနာက်ည္းက်ည္းျဖစ္ကုန္ၾကသျဖင့္ အၾကမ္းဖက္စစ္ ေကာင္စီ ရပ္တည္မရသည္မွာ ပိုမိုေသခ်ာလာေၾကာင္း ထည့္သြင္းေျပာၾကားသည္။

“လူတစ္စုရဲ႕အာဏာကိုတပ္မက္တဲ့ေလာဘမီးဟာ အျပစ္မဲ့ျပည္သူေတြအားလုံးကို ဒုကၡေရာက္ေစတာ ေတြ႕ရလို႔ ဒီေတာ္လွန္ေရးကို က်ေတာ္တို႔အားလုံး မီးကုန္ယမ္းကုန္ အားထည့္ၿပီး ေအာင္ျမင္ေအာင္လုပ္ရမယ္လို႔ယုံၾကည္ထားေၾကာင္း” ဝန္ႀကီးခ်ဳပ္မန္းဝင္းခိုင္သန္းက ဆိုသည္။

ေႏြဦးေတာ္လွန္ေရးတြင္ ျပည္သူမ်ားက ေၾကာက္႐ြံ႕စိတ္ျဖင့္ ေနာက္ဆုတ္အ႐ႈံးေပးသြားျခင္းမ်ိဳးမ႐ွိဘဲ ႐ွိသမွ်စိတ္ဓာတ္ခြန္အားမ်ားႏွင့္ ေန႔စဥ္နည္းလမ္း မ်ိဳးစုံအသုံးျပဳကာ ညီၫြတ္စြာတြန္းလွန္ေနၾကသည္ကို ျမင္ေတြ႕ေနရသျဖင့္ ျပည္သူမ်ားကို အထူးေက်းဇူးေၾကာင္း မန္းဝင္းခိုင္သန္းက ေျပာသည္။

ထို႔အျပင္ အားလုံးအတူသြားၾကရမည့္ ပန္းတိုင္အတြက္လည္း ပိုမိုႀကိဳးစားသြားရ မည္ဆိုေသာ စိတ္ဆႏၵ ျဖစ္ေပၚမိေၾကာင္း ၎က ဆက္ေျပာသည္။

NUG ယာယီသမၼတ ဒူဝါလ႐ွီးလက ပအို႔ဝ္း (Pa-O) အမ်ိဳးသားမ်ားက PNFC ေခၚ ပအို႔ဝ္း (Pa-O) အမ်ိဳးသားဖက္ဒရယ္ေကာင္စီကို ဖြဲ႕စည္းလိုက္သည္ကို ေတြ႕ရ၍ ဝမ္းေျမာက္ဝမ္းသာ ႀကိဳဆိုေၾကာင္းအထက္ပါအစိုးရအဖြဲ႕အစည္းအေဝး၌ ေျပာသည္။

အလားတူ အျခားက်န္႐ွိသည့္ တိုင္းရင္းသားမ်ားကိုလည္း NUG ၊ NUCC တို႔ႏွင့္ အျမန္ဆုံးပူးေပါင္းၾကရန္ ယာယီသမၼတ ဒူဝါလ႐ွီးလက တိုက္တြန္းသည္။

ထို႔အျပင္ ျပည္သူလူထု၏ အသက္အိုးအိမ္မ်ား ဆက္လက္ မဆုံး႐ႈံးေစရန္၊ ေႏြဦးေတာ္လွန္ေရးေအာင္ျမင္ျမန္ဆန္ေစရန္ လက္႐ွိစစ္တပ္တြင္ တာဝန္ထမ္းေဆာင္ေနသူမ်ားအေနျဖင့္ မွန္ကန္သည့္ ဆုံးျဖတ္ခ်က္ခ်ကာ ျပည္သူဘက္သို႔ပူးေပါင္းၾကရန္ ယာယီသမၼတက ထပ္မံတိုက္တြန္းသည္။

ေလးေက့ေကာ္ျဖစ္စဥ္အတြက္ စတင္တိုက္ပြဲျဖစ္သည့္ေန႔တြင္ လုံျခဳံေရးႏွင့္ကာကြယ္ေရးေကာင္စီ အဖြဲ႕ဝင္အခ်ိဳ႕ႏွင့္ သက္ဆိုင္ရာဝန္ႀကီး ဌာနမ်ားကို ညတြင္းခ်င္း အစည္းအေဝးေခၚကာ လုပ္ေဆာင္သင့္သည္မ်ားကို တိုင္ပင္ေဆြးေႏြးေဆာင္႐ြက္ခဲ့ေၾကာင္း ဝန္ႀကီးခ်ဳပ္မန္းဝင္းခိုင္သန္းက ေျပာသည္။

Recent Comments

No comments to show.