မြသွဲ့သွဲ့ခိုင် ကျဆုံးမှု မတိုင်ခင်လေး ရေအမြှောက်နဲ့ဖြိုခွဲတော့ ပျော်ပျော်ကြီးကနေကြတဲ့အကြောင်းပြေလာတဲ့ ပန်ဆယ်လို

မြသွဲ့သွဲ့ခိုင် ကျဆုံးမှု မတိုင်ခင်လေး ရေအမြှောက်နဲ့ဖြိုခွဲတော့ ပျော်ပျော်ကြီးကနေကြတဲ့အကြောင်းပြေလာတဲ့ ပန်ဆယ်လို

ကိုယ်တို့လူမျိုးဟာ Survival Skill မြင့်တယ်။ ဘယ်လိုပြသနာတွေနဲ့ တွေ့တွေ့ ရယ်မောပစ်လိုက်ကြတယ်။ ဖြတ်သန်းပစ်လိုက်ကြတယ်။

အာဏာသိမ်းစက ဖြစ်ရပ်တစ်ခုကို မှတ်မိကြဦးမယ်ထင်တယ်။ မြသွဲ့သွဲ့ခိုင် ကျဆုံးမှု မတိုင်ခင်လေး နေပြည်တော်မှာ ဆန္ဒပြပွဲကို စစ်ခွေးတွေက Water Cannon သုံး ဖြိုခွဲတယ်။ ရေအမြှောက်နဲ့ ထိုးတဲ့အခါ ရေတွေရွှဲနေတဲ့ လူအုပ်ကြီးက မြနန္ဒာသီချင်းကို ပျော်ပျော်ကြီးဆိုပြီး ကလိုက်ကြတယ်။

စစ်အာဏာသိမ်းတာ ပျော်စရာမကောင်းဘူးဆိုတာ သိတယ်။ Water Cannon နဲ့ဖြိုခွဲတာဟာ သင်္ကြန်ရေ အပျော်ပက်နေတာ မဟုတ်ဘူးဆိုတာလည်း သိတယ်။ ဒါပေမယ့် ပြသနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ စိတ်ဓါတ်ကျငိုကြွေးနေလို့ ဘာမှမထူးတဲ့အတူတူ အဲ့ပြသနာကို လှောင်ပြောင်ရယ်မောလိုက်ကြတာက အဲ့အချိန်မှာ အကောင်းဆုံးနည်းပဲ မဟုတ်လား။

ဒီအရာဟာလည်း ကိုယ်တွေနိုင်ငံလို စောက်ပြသနာထူပြောလွန်းတဲ့ နိုင်ငံက ဝဋ်နာကံနာလူသားတွေအတွက် ဖြစ်သင့်တဲ့ Skill တစ်ခုပဲမဟုတ်လား။ ငိုကြွေးဝမ်းနည်းနေလို့ ဘာမှမထူးမယ့်အတူတူ နင်လားဟဲ့လောကဓံ၊ ဗက်ဟက်ဟက်ပေါ့။ သေခါမှသေရော၊ မသေခင်စိတ်ချမ်းသာလည်း အမြတ်ပဲ မဟုတ်လား။

အခုဖြစ်နေတဲ့ ဒေါ်လာပြသနာ၊ အရာရာရှားပါးလာမယ့် နောက်ဆက်တွဲတွေကို ကြားလည်းကြားတယ်၊ သိလည်း သိတယ်။ ဒါပေမယ့် ဘာမှမတတ်နိုင်မယ့်အတူတူ ထုံးစံအတိုင်း လှောင်ပြောင်ရယ်မယ်ရင်းနဲ့ ကျော်ဖြတ်ဖို့ ကြိုးစားကြတယ်။

ဒါက မှားလားဆိုတော့ မမှားဘူး။ ဒီလိုမှ မနေလည်း လဲသေရုံအပြင် ဘာရှိမလဲ။ ဒါပေမယ့် အဲ့လို လှောင်ပြောင်ရယ်မော တခွီခွီလုပ်နေရုံနဲ့လည်း ဒါကြီးက ပြေလည်သွားမှာ မဟုတ်ဘူး။ Survival Skill က တဆင့်ထက်တဆင့် ပိုမြင့်လာပေမယ့် လူနေမှုအဆင့်အတန်း၊ ဘဝအခြေအနေအဆင့်အတန်း၊ ပညာရေးအခြေအနေအဆင့်အတန်း၊ နိုင်ငံရဲ့အခြေအနေအဆင့်အတန်းဟာ အရာရာနိမ့်ကျသွားမှာပဲ။

ကိုယ်တို့နိုင်ငံသားတွေက ဘယ်အခြေအနေရောက်ရောက် Survival လုပ်နိုင်တာကို ကိုယ်တွေလည်း သိသလို စစ်ကောင်စီကလည်း သိတယ်။ ဒါကြောင့် ဇော်မဲလုံးက ဘယ်နိုင်ငံမှ မဆက်ဆံတဲ့ အထီးကျန်နိုင်ငံအဖြစ် ဖြတ်သန်းမှုကို စစ်တပ်ကလည်း ဖြတ်သန်းဖူးတယ်၊

ပြည်သူကလည်း ဖြတ်သန်းဖူးတယ်လို့ ပြောသွားတာ။ ရှင်းရှင်းပြောရရင် နင်တို့ပြည်သူတွေက စောက်စုတ်ပလုတ်တွေကြားလည်း ကိုယ်ရှင်သန်ရုံနေတတ်တဲ့စောက်ကျင့်ကို သိတယ်လို့ ပြောသွားတာ။

ထိုင်စိတ်ဆင်းရဲနေ၊ ထိုင်ငိုနေစေချင်လို့ ဒါတွေကို ပြောနေတာ မဟုတ်ဘူး။ အဲ့လိုလည်း ဖြစ်နေစေချင်စိတ် မရှိဘူး။ ဒါပေမယ့် တစ်ကိုယ်စာ Survival လုပ်ဖို့ ရှေ့ရှုသူတွေများလာရင် တိုင်းပြည်ဟာ စစ်ဖိနပ်အောက်မှာ အဓွန့်ရှည်တော့မှာ။

ဒီလောကဓံကို လှောင်ပြောင်ရယ်မောလိုက်ပါ။ ခွီချင်ရင် ခွီချလိုက်။ ရယ်ချင်ရင် ရယ်ချလိုက်။ ဒါပေမယ့် ဒီလောကဓံကို ဖန်တီးတဲ့ လက်သည်တရားခံရန်သူနဲ့ ဒီရန်သူကို တွန်းလှန်တော်လှန်ဖို့ကို နည်းနည်းလေးမှ မမေ့အောင် စွဲနေကြဖို့ပါပဲ။

အားကုန်ရုန်းရင် လွတ်မှာပါ။
💪ြ

Leave a Reply

Your email address will not be published.