Local News

မြိုင်မြို့နယ်မှပြည်သူများတော်လှန်​ရေးအတွက် နားကပ်၊လက်စွပ်စ​သောလက်ဝတ်ရတနာများကိုလှူဒါန်း

မြိုင်မြို့နယ်မှပြည်သူများတော်လှန်​ရေးအတွက် နားကပ်၊လက်စွပ်စ​သောလက်ဝတ်ရတနာများကိုလှူဒါန်း

-People’s Spring

မ​ကွေးတိုင်းရှိပြည်သူများက နားကပ်အပါအဝင် လက်ဝတ်ရတနာများကို ချွတ်ရောင်းပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကို တော်လှန်ရေးရန်ပုံငွေအဖြစ် လှူဒါန်းကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံများထံ သိရသည်။

မကွေးတိုင်း မြိုင်မြို့နယ်တွင် ဒေသခံအမျိုးသမီးများက ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကို ၎င်းတို့ အမြတ်တနိုးဝတ်ဆင်ထားသည့် နားကပ်များကို ဇန်နဝါရီ ၅ ရက်က လှူဒန်းခဲ့ခြင်းဖြစ်သည်။

“တောရွာတွေမှာ မိန်းကလေးဆိုတာနဲ့ နားကပ်ကမရှိမဖြစ် အဆင်တန်ဆာ။ အဲ့တန်ဆာကို တော်လှန်ရေးအတွက် အသုံးပြုဖို့ပေးတဲ့သူရဲ့စိတ် ၊ သူလုပ်ပေးနိုင်တဲ့ သူ့ပိုင်ဆိုင်တာကို ပြည်သူ့ကာကွယ်ရေးကိုပေးလှူတဲ့ မိန်းကလေးတွေရဲ့ တော်လှန်စိတ်ကို လေးစား အသိမှတ်ပြုပါတယ်”ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုသို့လှူဒါန်းမူများသည် အညာဒေသတွင် လူထုက အာဏာရှင်ကို အမြစ်ပြုတ်ချေမှုန်းလိုသည့် စိတ်ဆန္ဒပြင်းပြနေမူကို ဖော်ပြနေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။

“ယောက်ကျားမှာ ဖိနပ်၊ မိန်းမမှာ နားကပ်တဲ့ ဆိုရိုးရှိတယ်လေ။ ဒီလို အညာသူတွေ တန်ဖိုးထားတဲ့ ပစ္စည်းကိုတောင် တော်လှန်ရေးရန်ပုံငွေ အနေနဲ့ ပုံအောနေကြတာ။ မျက်ရည်ကျမိပါတယ်” ဟုအထက်ပါဒေသခံတစ်ဦးကပြောသည်။

ထိုပြင် မ​ကွေးတိုင်းတွင် ၂၀၂၁ အောက်တိုဘာ ၂၀ တွင်လည်း အမျိုးသမီးနှစ်ဦးက ၎င်းတို့၏ နားကပ်များကို တော်လှန်ရေးအောင်နိုင်ရေး ရံပုံငွေအဖြစ်လှူဒါန်းခဲ့​သေးသည်။ ထိုသို့လှူဒါန်းစဉ် ထိုနားကပ်နှစ်ရံကို နွေဦးတော်လှန်
ရေး အထိမ်းအမှတ်အဖြစ် ပြန်လည်ဝယ်ယူရန် ကမ်းလှမ်းမူများရှိခဲ့သည်။

“ပြည်သူ့ဆန္ဒ ဘယ်လောက်ပြင်းပြသလဲဆိုတာကို‌တွေ့ရတယ် တော်လှန်ရေးအင်အားစုတွေအတွက်ပိုအားရှိတယ်” ဟု ဒေသခံကာကွယ်ရေးတပ်သားတစ်ဦးကပြောသည်။

ထိုလှူဒါန်းမူများသည် လူမှုကွန်ယက်များတွင် ထွက်ပေါ်လာခြင်းကြောင့် လူအများသိရှိရခြင်းဖြစ်ပြီး အမှန်တကယ်လှူဒါန်းမူများက ထိုအထက်ပိုများသည်ဟု ဒေသခံများကပြောသည်။

(​မြောင်မြို့နယ်မှ ပြည်သူများ လက်ဝတ်ရတနာများ ချွတ်၍ လှူဒါန်း​နေစဥ်)

Zawgyi

ၿမိဳင္ၿမိဳ႕နယ္မွျပည္သူမ်ားေတာ္လွန္​ေရးအတြက္ နားကပ္၊လက္စြပ္စ​ေသာလက္ဝတ္ရတနာမ်ားကိုလႉဒါန္း

-People’s Spring

မ​ေကြးတိုင္း႐ွိျပည္သူမ်ားက နားကပ္အပါအဝင္ လက္ဝတ္ရတနာမ်ားကို ခြၽတ္ေရာင္းၿပီး ေဒသခံကာကြယ္ေရးတပ္ဖြဲ႕မ်ားကို ေတာ္လွန္ေရးရန္ပုံေငြအျဖစ္ လႉဒါန္းေၾကာင္း ေဒသခံကာကြယ္ေရးတပ္ဖြဲ႕မ်ားႏွင့္ ေဒသခံမ်ားထံ သိရသည္။

မေကြးတိုင္း ၿမိဳင္ၿမိဳ႕နယ္တြင္ ေဒသခံအမ်ိဳးသမီးမ်ားက ေဒသခံကာကြယ္ေရးတပ္ဖြဲ႕မ်ားကို ၎တို႔ အျမတ္တႏိုးဝတ္ဆင္ထားသည့္ နားကပ္မ်ားကို ဇန္နဝါရီ ၅ ရက္က လႉဒန္းခဲ့ျခင္းျဖစ္သည္။

“ေတာ႐ြာေတြမွာ မိန္းကေလးဆိုတာနဲ႔ နားကပ္ကမ႐ွိမျဖစ္ အဆင္တန္ဆာ။ အဲ့တန္ဆာကို ေတာ္လွန္ေရးအတြက္ အသုံးျပဳဖို႔ေပးတဲ့သူရဲ႕စိတ္ ၊ သူလုပ္ေပးႏိုင္တဲ့ သူ႕ပိုင္ဆိုင္တာကို ျပည္သူ႕ကာကြယ္ေရးကိုေပးလႉတဲ့ မိန္းကေလးေတြရဲ႕ ေတာ္လွန္စိတ္ကို ေလးစား အသိမွတ္ျပဳပါတယ္”ဟု ေျမာင္ၿမိဳ႕နယ္ ျပည္သူ႕ကာကြယ္ေရးႏွင့္လုံျခဳံေရးအဖြဲ႕ တာဝန္႐ွိသူတစ္ဦးကေျပာသည္။

ထိုသို႔လႉဒါန္းမူမ်ားသည္ အညာေဒသတြင္ လူထုက အာဏာ႐ွင္ကို အျမစ္ျပဳတ္ေခ်မႈန္းလိုသည့္ စိတ္ဆႏၵျပင္းျပေနမူကို ေဖာ္ျပေနျခင္းျဖစ္သည္ဟု ေဒသခံတစ္ဦးကလည္း ေျပာသည္။

“ေယာက္က်ားမွာ ဖိနပ္၊ မိန္းမမွာ နားကပ္တဲ့ ဆို႐ိုး႐ွိတယ္ေလ။ ဒီလို အညာသူေတြ တန္ဖိုးထားတဲ့ ပစၥည္းကိုေတာင္ ေတာ္လွန္ေရးရန္ပုံေငြ အေနနဲ႔ ပုံေအာေနၾကတာ။ မ်က္ရည္က်မိပါတယ္” ဟုအထက္ပါေဒသခံတစ္ဦးကေျပာသည္။

ထိုျပင္ မ​ေကြးတိုင္းတြင္ ၂၀၂၁ ေအာက္တိုဘာ ၂၀ တြင္လည္း အမ်ိဳးသမီးႏွစ္ဦးက ၎တို႔၏ နားကပ္မ်ားကို ေတာ္လွန္ေရးေအာင္ႏိုင္ေရး ရံပုံေငြအျဖစ္လႉဒါန္းခဲ့​ေသးသည္။ ထိုသို႔လႉဒါန္းစဥ္ ထိုနားကပ္ႏွစ္ရံကို ေႏြဦးေတာ္လွန္
ေရး အထိမ္းအမွတ္အျဖစ္ ျပန္လည္ဝယ္ယူရန္ ကမ္းလွမ္းမူမ်ား႐ွိခဲ့သည္။

“ျပည္သူ႕ဆႏၵ ဘယ္ေလာက္ျပင္းျပသလဲဆိုတာကို‌ေတြ႕ရတယ္ ေတာ္လွန္ေရးအင္အားစုေတြအတြက္ပိုအား႐ွိတယ္” ဟု ေဒသခံကာကြယ္ေရးတပ္သားတစ္ဦးကေျပာသည္။

ထိုလႉဒါန္းမူမ်ားသည္ လူမႈကြန္ယက္မ်ားတြင္ ထြက္ေပၚလာျခင္းေၾကာင့္ လူအမ်ားသိ႐ွိရျခင္းျဖစ္ၿပီး အမွန္တကယ္လႉဒါန္းမူမ်ားက ထိုအထက္ပိုမ်ားသည္ဟု ေဒသခံမ်ားကေျပာသည္။

(​ေျမာင္ၿမိဳ႕နယ္မွ ျပည္သူမ်ား လက္ဝတ္ရတနာမ်ား ခြၽတ္၍ လႉဒါန္း​ေနစဥ္)

About the author

admin

Add Comment

Click here to post a comment