Local News

မြောက်ကိုရီးယားမှာ KPop ကြည့်ရှုသူ ၇ ဦးထက်မနည်း ကွပ်မျက်ခံခဲ့ရ

မြောက်ကိုရီးယားမှာ KPop ကြည့်ရှုသူ ၇ ဦးထက်မနည်း ကွပ်မျက်ခံခဲ့ရ

Transitional Justice Working Groupဟာ မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူ ၇၀၀ လောက်ကို တွေ့ဆုံ မေးမြန်းမှုတွေ ပြုလုပ်အပြီးမှာ

KPop ကြည့်သူတွေ ကွပ်မျက်ခံရတဲ့ ကိစ္စတွေကို ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေကို New York Times သတင်းစာမှာ ထပ်ဆင့် ဖော်ပြခဲ့ပါတယ်။

KPop သီချင်း ဗီဒီယို ကြည့်ရှုသူတွေကို မြောက်ကိုရီးယားမှာ သေဒဏ်စီရင် ကွပ်မျက်နေကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်လာပါတယ်။

မြောက်ကိုရီးယား အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း KPop ဗီဒီယိုတွေ ကြည့်ရှုသူ ၇ ဦးထက် မနည်းကို လူသိရှင်ကြား သုတ်သင်ခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်း တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ပြိုင်ဘက် တောင်ကိုရီးယား နိုင်ငံရဲ့ အနုပညာ လွှမ်းမိုးစိမ့်ဝင်မှုတွေအပေါ် အကြီးအကျယ် အကဲဆတ်တဲ့ သဘောထားမျိုး ရှိနေပါတယ်။

Transitional Justice Working Groupဟာ မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူ ၇၀၀ လောက်ကို တွေ့ဆုံ မေးမြန်းမှုတွေ ပြုလုပ်အပြီးမှာ KPop ကြည့်သူတွေ ကွပ်မျက်ခံရတဲ့ ကိစ္စတွေကို ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေကို New York Times သတင်းစာမှာ ထပ်ဆင့် ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက တောင်ကိုရီးယားရဲ့ ကမ္ဘာသိ ပျံ့နှံ့အောင်မြင်လာတဲ့ KPop ဂီတဟာ ဆိုးရွားလွန်းတဲ့ ကင်ဆာတစ်မျိုးလို့ ဝေဖန် ပြောဆိုဖူးပါတယ်။ KPopဟာ မြောက်ကိုရီးယားရဲ့ ယဉ်ကျေးမှုနဲ့ အမူအကျင့်တွေကို ညစ်နွမ်းအောင် ကူးစက်စေတယ်လို့လည်း ကင်မ်က ဆိုပါတယ်။

မနှစ်တုန်းကတော့ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားရဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကို ဖြန့်ဝေရင် သေဒဏ်ထိ ချမှတ်နိုင်တဲ့ ဥပဒေသစ် တစ်ခုကို တရားဝင် အတည်ပြုလိုက်ကြောင်း

New York Timesက ဖော်ပြထားပါတယ်။ တောင်ကိုရီးယားရဲ့ လူကြိုက်များတဲ့ Squid Game ဇာတ်လမ်းတွဲကို မှောင်ခိုသွင်းခဲ့သူ တစ်ဦးလည်း မြောက်ကိုရီးယားမှာ သေဒဏ် ပေးခံခဲ့ရတယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားမှာ အဲဒီလို သေဒဏ် စီရင်မှုတွေကို ကွပ်မျက်ခံရသူရဲ့ မိသားစုတွေကပါ ကြည့်ရှုဖို့ ဖိအားပေး ခိုင်းစေ ခံနေရတယ်လို့ Transitional Justice Working Groupက စွပ်စွဲထားပါတယ်။

မြောက်ကိုရီးယားဟာ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို တင်းတင်းကျပ်ကျပ် သတင်း အမှောင်ချလေ့ ရှိပြီး အမှန်တကယ် ကွပ်မျက်ခံရသူ ဦးရေဟာ အများကြီး ပိုနိုင်သေးတယ်လို့လည်း Transitional Justice Working Groupရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Zawgyi

ေျမာက္ကိုရီးယားမွာ KPop ၾကည့္႐ႈသူ ၇ ဦးထက္မနည္း ကြပ္မ်က္ခံခဲ့ရ

Transitional Justice Working Groupဟာ ေျမာက္ကိုရီးယားကေန ထြက္ေျပးလာသူ ၇၀၀ ေလာက္ကို ေတြ႕ဆုံ ေမးျမန္းမႈေတြ ျပဳလုပ္အၿပီးမွာ

KPop ၾကည့္သူေတြ ကြပ္မ်က္ခံရတဲ့ ကိစၥေတြကို ထုတ္ျပန္လာခဲ့တာ ျဖစ္ပါတယ္။ ဒီျဖစ္စဥ္ေတြကို New York Times သတင္းစာမွာ ထပ္ဆင့္ ေဖာ္ျပခဲ့ပါတယ္။

KPop သီခ်င္း ဗီဒီယို ၾကည့္႐ႈသူေတြကို ေျမာက္ကိုရီးယားမွာ ေသဒဏ္စီရင္ ကြပ္မ်က္ေနေၾကာင္း စြပ္စြဲခ်က္ေတြ ထြက္ေပၚလာပါတယ္။

ေျမာက္ကိုရီးယား အာဏာပိုင္ေတြဟာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္အတြင္း KPop ဗီဒီယိုေတြ ၾကည့္႐ႈသူ ၇ ဦးထက္ မနည္းကို လူသိ႐ွင္ၾကား သုတ္သင္ခဲ့ေၾကာင္း လူ႕အခြင့္အေရး အဖြဲ႕အစည္း တစ္ခုက ထုတ္ျပန္ခဲ့ပါတယ္။

ေျမာက္ကိုရီးယားဟာ ၿပိဳင္ဘက္ ေတာင္ကိုရီးယား ႏိုင္ငံရဲ႕ အႏုပညာ လႊမ္းမိုးစိမ့္ဝင္မႈေတြအေပၚ အႀကီးအက်ယ္ အကဲဆတ္တဲ့ သေဘာထားမ်ိဳး ႐ွိေနပါတယ္။

Transitional Justice Working Groupဟာ ေျမာက္ကိုရီးယားကေန ထြက္ေျပးလာသူ ၇၀၀ ေလာက္ကို ေတြ႕ဆုံ ေမးျမန္းမႈေတြ ျပဳလုပ္အၿပီးမွာ KPop ၾကည့္သူေတြ ကြပ္မ်က္ခံရတဲ့ ကိစၥေတြကို ထုတ္ျပန္လာခဲ့တာ ျဖစ္ပါတယ္။ ဒီျဖစ္စဥ္ေတြကို New York Times သတင္းစာမွာ ထပ္ဆင့္ ေဖာ္ျပခဲ့ပါတယ္။

ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္မ္ဂ်ံဳအန္းက ေတာင္ကိုရီးယားရဲ႕ ကမ႓ာသိ ပ်ံ႕ႏွံ႔ေအာင္ျမင္လာတဲ့ KPop ဂီတဟာ ဆိုး႐ြားလြန္းတဲ့ ကင္ဆာတစ္မ်ိဳးလို႔ ေဝဖန္ ေျပာဆိုဖူးပါတယ္။ KPopဟာ ေျမာက္ကိုရီးယားရဲ႕ ယဥ္ေက်းမႈနဲ႔ အမူအက်င့္ေတြကို ညစ္ႏြမ္းေအာင္ ကူးစက္ေစတယ္လို႔လည္း ကင္မ္က ဆိုပါတယ္။

မႏွစ္တုန္းကေတာ့ ေျမာက္ကိုရီးယားဟာ ေတာင္ကိုရီးယားရဲ႕ ေဖ်ာ္ေျဖေရး အစီအစဥ္ေတြကို ျဖန္႔ေဝရင္ ေသဒဏ္ထိ ခ်မွတ္ႏိုင္တဲ့ ဥပေဒသစ္ တစ္ခုကို တရားဝင္ အတည္ျပဳလိုက္ေၾကာင္း

New York Timesက ေဖာ္ျပထားပါတယ္။ ေတာင္ကိုရီးယားရဲ႕ လူႀကိဳက္မ်ားတဲ့ Squid Game ဇာတ္လမ္းတြဲကို ေမွာင္ခိုသြင္းခဲ့သူ တစ္ဦးလည္း ေျမာက္ကိုရီးယားမွာ ေသဒဏ္ ေပးခံခဲ့ရတယ္လို႔ သိရပါတယ္။

ေျမာက္ကိုရီးယားမွာ အဲဒီလို ေသဒဏ္ စီရင္မႈေတြကို ကြပ္မ်က္ခံရသူရဲ႕ မိသားစုေတြကပါ ၾကည့္႐ႈဖို႔ ဖိအားေပး ခိုင္းေစ ခံေနရတယ္လို႔ Transitional Justice Working Groupက စြပ္စြဲထားပါတယ္။

ေျမာက္ကိုရီးယားဟာ ျပည္တြင္းမွာ ျဖစ္ပ်က္ေနတဲ့ ကိစၥေတြကို တင္းတင္းက်ပ္က်ပ္ သတင္း အေမွာင္ခ်ေလ့ ႐ွိၿပီး အမွန္တကယ္ ကြပ္မ်က္ခံရသူ ဦးေရဟာ အမ်ားႀကီး ပိုႏိုင္ေသးတယ္လို႔လည္း Transitional Justice Working Groupရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

About the author

admin

Add Comment

Click here to post a comment