Local News

မြောင်မြို့နယ်ကို အဝင်၊အထွက်ဂိတ်​​ငါးဂိတ်ထားပြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် စတင်ထိန်းချုပ်၊ စစ်​ကောင်စီတပ် သ​ဘော်နှစ်စင်းကို စတင်ဖမ်းဆီး

မြောင်မြို့နယ်ကို အဝင်၊အထွက်ဂိတ်​​ငါးဂိတ်ထားပြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် စတင်ထိန်းချုပ်၊ စစ်​ကောင်စီတပ် သ​ဘော်နှစ်စင်းကို စတင်ဖမ်းဆီး

စစ်ကိုင်းတိုင်းရှိ မြောင်မြို့နယ်ကို အဝင်၊အထွက်ဂိတ်များထားရှိပြီး မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOMတို့က စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်​​ကြောင်း ယနေ့(ဒီဇင်ဘာ ၄)​ အသိ​ပေး​ကြေညာလိုက်သည်။

အဝင်၊အထွက် ဂိတ်များ သတ်မှတ်ရာတွင် စစ်ကိုင်းဘက်မှလာသော မြောင်မြို့အဝင်ဂိတ်ကို “နတ်မြင်းဂိတ်” ၊မြောင်အရှေ့ဘက်ပိုင်းအား “မင်းယက္ခနှင့်ဆင်ရိုင်းဂိတ်” ၊မြောင်တောင်ပိုင်းကျွန်းထဲအရပ်အား

“ဗိုလ်ကျားသစ်ဂိတ်” ၊ မြောင်အနောက်ခြမ်း ကုန်းမြေအား “ခြ‌သေ့်မင်းဂိတ်” နှင့် ချင်းတွင်းမြစ်ကြောင်းအား “နှလုံးလှဂိတ်” ဟု အသီးသီးစီစဥ်ချမှတ်ထား​​ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထို့အ​​ပြင် သတ်မှတ်ဂိတ်များ၌ စစ်ကောင်စီတပ်နှင့်ဆက်နွယ်ပက်သက်သော ထုတ်ကုန်ပစ္စည်းများကို ပြည်သူပိုင်အဖြစ် ထိန်းသိမ်းသွားမည်​ဖြစ်ပြီး ထိန်းသိမ်းပစ္စည်းများအား ပြည်သူ့ကာကွယ်ရေးအသုံးစရိတ်နှင့် မြို့နယ်သူ၊သားများ၏ အသုံးစရိတ်များအဖြစ် ခွဲဝေသုံးစွဲသွားမည်ဟု ဆိုသည်။

“စစ်ဆေးမှုကို ငြင်းဆန်နေပါက ကျွန်ုပ်တို့ဂိတ်မှူးများမှ ထိရောက်စွာ အရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ပါသည်” CDSOM က ဖော်ပြထားသည်။

အဝင်၊အထွက်ဂိတ်များထားရှိ၍ စစ်ဆေးမှုပြုလုပ်ရာတွင် ဒေသခံပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်း၊ လာဘ်ပေး၊လာဘ်ယူ ပြုလုပ်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်​ကြောင်းလည်း အသိ​ပေးထားသည်။

မြောင်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့မှ စစ်ဆေးမှုများစတင်လုပ်ဆောင်ခဲ့ရာ ယမန်နေ့(ဒီဇင်ဘာ ၃)က ချင်းတွင်းမြစ်ကြောင်းအတိုင်း မန္တ​လေးမှ မုံရွာမြို့ဘက်လာသော စစ်​ကောင်စီတပ်၏ ရွှေဂျိုးဖြူဆီတင်သ​ဘော်နှင့် BOC သဘော်တို့ကို နှလုံးလှဂိတ်က ထိန်းသိမ်းခဲ့သည်။

မြောင်မြို့သည် အထက်မြန်မာပြည် စစ်ကိုင်းခရိုင်၏ အနောက်ဖက်ပိုင်းတွင်တည်ရှိပြီး မြင်းမူမြို့၏ အနောက်တောင်ဖက် (၁၄) မိုင်အကွာ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ဆုံရာ ဧရာဝတီမြစ်၏ ညာဘက်ဖက်ကမ်းပေါ်၌ တည်ရှိသည်။

Zawgyi

ေျမာင္ၿမိဳ႕နယ္ကို အဝင္၊အထြက္ဂိတ္​​ငါးဂိတ္ထားၿပီး ၿမိဳ႕နယ္ျပည္သူ႕ကာကြယ္ေရးတပ္ စတင္ထိန္းခ်ဳပ္၊ စစ္​ေကာင္စီတပ္ သ​ေဘာ္ႏွစ္စင္းကို စတင္ဖမ္းဆီး

စစ္ကိုင္းတိုင္း႐ွိ ေျမာင္ၿမိဳ႕နယ္ကို အဝင္၊အထြက္ဂိတ္မ်ားထား႐ွိၿပီး ေျမာင္ၿမိဳ႕နယ္ျပည္သူ႕ကာကြယ္ေရးႏွင့္လုံျခဳံေရးအဖြဲ႕-CDSOMတို႔က စစ္ေဆးမႈမ်ားျပဳလုပ္သြားမည္ျဖစ္​​ေၾကာင္း ယေန႔(ဒီဇင္ဘာ ၄)​ အသိ​ေပး​ေၾကညာလိုက္သည္။

အဝင္၊အထြက္ ဂိတ္မ်ား သတ္မွတ္ရာတြင္ စစ္ကိုင္းဘက္မွလာေသာ ေျမာင္ၿမိဳ႕အဝင္ဂိတ္ကို “နတ္ျမင္းဂိတ္” ၊ေျမာင္အေ႐ွ႕ဘက္ပိုင္းအား “မင္းယကၡႏွင့္ဆင္႐ိုင္းဂိတ္” ၊ေျမာင္ေတာင္ပိုင္းကြၽန္းထဲအရပ္အား

“ဗိုလ္က်ားသစ္ဂိတ္” ၊ ေျမာင္အေနာက္ျခမ္း ကုန္းေျမအား “ျခ‌ေသ့္မင္းဂိတ္” ႏွင့္ ခ်င္းတြင္းျမစ္ေၾကာင္းအား “ႏွလုံးလွဂိတ္” ဟု အသီးသီးစီစဥ္ခ်မွတ္ထား​​ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပသည္။

ထို႔အ​​ျပင္ သတ္မွတ္ဂိတ္မ်ား၌ စစ္ေကာင္စီတပ္ႏွင့္ဆက္ႏြယ္ပက္သက္ေသာ ထုတ္ကုန္ပစၥည္းမ်ားကို ျပည္သူပိုင္အျဖစ္ ထိန္းသိမ္းသြားမည္​ျဖစ္ၿပီး ထိန္းသိမ္းပစၥည္းမ်ားအား ျပည္သူ႕ကာကြယ္ေရးအသုံးစရိတ္ႏွင့္ ၿမိဳ႕နယ္သူ၊သားမ်ား၏ အသုံးစရိတ္မ်ားအျဖစ္ ခြဲေဝသုံးစြဲသြားမည္ဟု ဆိုသည္။

“စစ္ေဆးမႈကို ျငင္းဆန္ေနပါက ကြၽႏ္ုပ္တို႔ဂိတ္မႉးမ်ားမွ ထိေရာက္စြာ အေရးယူေဆာင္႐ြက္မႈမ်ားျပဳလုပ္သြားမည္ျဖစ္ပါသည္” CDSOM က ေဖာ္ျပထားသည္။

အဝင္၊အထြက္ဂိတ္မ်ားထား႐ွိ၍ စစ္ေဆးမႈျပဳလုပ္ရာတြင္ ေဒသခံျပည္သူမ်ားထံမွ ဆက္ေၾကးေကာက္ခံျခင္း၊ လာဘ္ေပး၊လာဘ္ယူ ျပဳလုပ္ျခင္းမ်ား လုံးဝျပဳလုပ္မည္မဟုတ္​ေၾကာင္းလည္း အသိ​ေပးထားသည္။

ေျမာင္ျပည္သူ႕ကာကြယ္ေရးႏွင့္ လုံျခဳံေရးတပ္ဖြဲ႕မွ စစ္ေဆးမႈမ်ားစတင္လုပ္ေဆာင္ခဲ့ရာ ယမန္ေန႔(ဒီဇင္ဘာ ၃)က ခ်င္းတြင္းျမစ္ေၾကာင္းအတိုင္း မႏၲ​ေလးမွ မုံ႐ြာၿမိဳ႕ဘက္လာေသာ စစ္​ေကာင္စီတပ္၏ ေ႐ႊဂ်ိဳးျဖဴဆီတင္သ​ေဘာ္ႏွင့္ BOC သေဘာ္တို႔ကို ႏွလုံးလွဂိတ္က ထိန္းသိမ္းခဲ့သည္။

ေျမာင္ၿမိဳ႕သည္ အထက္ျမန္မာျပည္ စစ္ကိုင္းခ႐ိုင္၏ အေနာက္ဖက္ပိုင္းတြင္တည္႐ွိၿပီး ျမင္းမူၿမိဳ႕၏ အေနာက္ေတာင္ဖက္ (၁၄) မိုင္အကြာ ဧရာဝတီျမစ္ႏွင့္ ခ်င္းတြင္းျမစ္တို႔ဆုံရာ ဧရာဝတီျမစ္၏ ညာဘက္ဖက္ကမ္းေပၚ၌ တည္႐ွိသည္။

About the author

admin

Add Comment

Click here to post a comment