Local News

မွေးနေ့ပွဲပြုလုပ်ခဲ့တဲ့ ပြည်တော်သာ ကျောင်းတိုက်ဆရာတော် ဦးဇဝနကို သာသနာညှိုးနွမ်းစေမှုနဲ့ စစ်ကောင်စီဖမ်းဆီး

မွေးနေ့ပွဲပြုလုပ်ခဲ့တဲ့ ပြည်တော်သာ ကျောင်းတိုက်ဆရာတော် ဦးဇဝနကို သာသနာညှိုးနွမ်းစေမှုနဲ့ စစ်ကောင်စီဖမ်းဆီး

ဇန်နဝါရီ၊ ၉

မွေးနေ့ပွဲပြုလုပ်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့၊ ပြည်တော်သာ ကျောင်းတိုက်ဆရာတော် ဦးဇဝနကို သာသနာညှိုးနွမ်းစေမှုနဲ့ စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နံနက်မှာဆရာတော် ဦးဇဝနက ၎င်းရဲ့ မွေးနေ့ပွဲပြုလုပ်မှုကို Ashin Zawana Facebook Account ၌ ရုပ်သံဖိုင် Live လွှင့်ခဲ့ပြီး ၎င်းရုပ်သံဖိုင်မှာ ဦးဇဝနမှာ သာမန်လူပုဂ္ဂိုလ်များကဲ့သို့ မွေးနေ့ကို ကျင်းပပြုလုပ်ခဲ့တဲ့အပြင်

၎င်းကို ကိုးကွယ်သူများက နမ်းခြင်း၊ မွေးနေ့သီချင်းများ သီဆိုခြင်း၊ အရက်သေစာ သောက်စားခြင်း၊ ကခုန်ခြင်းများပြုလုပ်ခဲ့မှုက သံဃာ့ဝိနည်းနဲ့ မညီတဲ့အပြင် သာသနာညှိုးနွမ်းစေနိုင်သည့် လုပ်ဆောင်မှုများ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီက စဉ့်ကိုင်မြို့ ပြည်တော်သာကျောင်းတိုက် ဆရာတော် ဦးဇဝန အား ဖမ်းဆီးထားကြောင်း စစ်ကောင်စီ အာဘော် မြန်မာ့ အသံ၊

မြဝတီ တို့အပါအဝင် စစ်ကောင်စီ ဝါဒဖြန့် လူမှုကွန်ရက် စာမျက်နှာများမှတဆင့် တပြိုင်တည်း ထုတ်လွှင့်ဖြန့်ချိနေသည်ကိုတွေ့ရသည်။

ဆရာတော်အား မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ မြို့သစ်တွင် ဖမ်းမိခြင်းဖြစ်ပြီး သာသနာညိုးနွမ်းစေမှု၊ စစ်အာဏာရှင် ဆန့်ကျင်မှုများအား အားပေးထောက်ခံရေးသားမှု၊

ဝန်ထမ်းများ CDM လုပ်ဆောင်ရန် လှုံ့ဆော်မှု၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေမှုတို့ဖြင့် လူပုဂ္ဂိုလ်များ အပါအဝင် စုစုပေါင်း ၁၃ ဦးကို ထိန်းသိမ်းထားကြောင်း သိရသည်။

ပြည်တော်သာကျောင်းတိုက် ဆရာတော် ဦးဇဝန သည် ထင်ရှားသည့် အနုပညာရှင်များ ကိုးကွယ်မှု ရှိသလို လက်နက်ကိုင် အဖွဲ့အချို့ကိုးကွယ်ကြောင်းသိရသည်။

ထို့အတူ အာဏာသိမ်း စစ်တပ် အပါအဝင် အစိုးရ အဆက်ဆက် ခေါင်းဆောင်ပိုင်း အချို့နှင့် ရိုက်ကူးထားသော မှတ်တမ်းများလည်းတွေ့ရသည်။

Zawgyi

ေမြးေန႔ပြဲျပဳလုပ္ခဲ့တဲ့ ျပည္ေတာ္သာ ေက်ာင္းတိုက္ဆရာေတာ္ ဦးဇဝနကို သာသနာညိႇဳးႏြမ္းေစမႈနဲ႔ စစ္ေကာင္စီဖမ္းဆီး

ဇန္နဝါရီ၊ ၉

ေမြးေန႔ပြဲျပဳလုပ္ခဲ့တဲ့ မႏၲေလးတိုင္းေဒသႀကီး၊ စဥ့္ကိုင္ၿမိဳ႕၊ ျပည္ေတာ္သာ ေက်ာင္းတိုက္ဆရာေတာ္ ဦးဇဝနကို သာသနာညိႇဳးႏြမ္းေစမႈနဲ႔ စစ္ေကာင္စီက ဖမ္းဆီးထားတယ္လို႔ သတင္းထုတ္ျပန္ပါတယ္။

၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္ေန႔ နံနက္မွာဆရာေတာ္ ဦးဇဝနက ၎ရဲ႕ ေမြးေန႔ပြဲျပဳလုပ္မႈကို Ashin Zawana Facebook Account ၌ ႐ုပ္သံဖိုင္ Live လႊင့္ခဲ့ၿပီး ၎႐ုပ္သံဖိုင္မွာ ဦးဇဝနမွာ သာမန္လူပုဂၢိဳလ္မ်ားကဲ့သို႔ ေမြးေန႔ကို က်င္းပျပဳလုပ္ခဲ့တဲ့အျပင္

၎ကို ကိုးကြယ္သူမ်ားက နမ္းျခင္း၊ ေမြးေန႔သီခ်င္းမ်ား သီဆိုျခင္း၊ အရက္ေသစာ ေသာက္စားျခင္း၊ ကခုန္ျခင္းမ်ားျပဳလုပ္ခဲ့မႈက သံဃာ့ဝိနည္းနဲ႔ မညီတဲ့အျပင္ သာသနာညိႇဳးႏြမ္းေစႏိုင္သည့္ လုပ္ေဆာင္မႈမ်ား ျဖစ္တယ္လို႔ ဆိုပါတယ္။

အာဏာသိမ္း စစ္ေကာင္စီက စဥ့္ကိုင္ၿမိဳ႕ ျပည္ေတာ္သာေက်ာင္းတိုက္ ဆရာေတာ္ ဦးဇဝန အား ဖမ္းဆီးထားေၾကာင္း စစ္ေကာင္စီ အာေဘာ္ ျမန္မာ့ အသံ၊

ျမဝတီ တို႔အပါအဝင္ စစ္ေကာင္စီ ဝါဒျဖန္႔ လူမႈကြန္ရက္ စာမ်က္ႏွာမ်ားမွတဆင့္ တၿပိဳင္တည္း ထုတ္လႊင့္ျဖန္႔ခ်ိေနသည္ကိုေတြ႕ရသည္။

ဆရာေတာ္အား မႏၲေလးတိုင္း၊ စဥ့္ကိုင္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္တြင္ ဖမ္းမိျခင္းျဖစ္ၿပီး သာသနာညိဳးႏြမ္းေစမႈ၊ စစ္အာဏာ႐ွင္ ဆန္႔က်င္မႈမ်ားအား အားေပးေထာက္ခံေရးသားမႈ၊

ဝန္ထမ္းမ်ား CDM လုပ္ေဆာင္ရန္ လႈံ႕ေဆာ္မႈ၊ ႏိုင္ငံေတာ္တည္ၿငိမ္ ေအးခ်မ္းမႈ ပ်က္ျပားေစမႈတို႔ျဖင့္ လူပုဂၢိဳလ္မ်ား အပါအဝင္ စုစုေပါင္း ၁၃ ဦးကို ထိန္းသိမ္းထားေၾကာင္း သိရသည္။

ျပည္ေတာ္သာေက်ာင္းတိုက္ ဆရာေတာ္ ဦးဇဝန သည္ ထင္႐ွားသည့္ အႏုပညာ႐ွင္မ်ား ကိုးကြယ္မႈ ႐ွိသလို လက္နက္ကိုင္ အဖြဲ႕အခ်ိဳ႕ကိုးကြယ္ေၾကာင္းသိရသည္။

ထို႔အတူ အာဏာသိမ္း စစ္တပ္ အပါအဝင္ အစိုးရ အဆက္ဆက္ ေခါင္းေဆာင္ပိုင္း အခ်ိဳ႕ႏွင့္ ႐ိုက္ကူးထားေသာ မွတ္တမ္းမ်ားလည္းေတြ႕ရသည္။

Recent Comments

No comments to show.