Local News

မှဲ့တစ်ပေါက် မစွန်းစေရဟု BGF က အာမခံခေါ်၍ နေရပ်ပြန်လာသူများထဲက ပြည်သူတစ်ဦး အာဏာသိမ်းတပ်၏ လက်နက်ကြီး ထိမှန်သေဆုံး

မှဲ့တစ်ပေါက် မစွန်းစေရဟု BGF က အာမခံခေါ်၍ နေရပ်ပြန်လာသူများထဲက ပြည်သူတစ်ဦး အာဏာသိမ်းတပ်၏ လက်နက်ကြီး ထိမှန်သေဆုံး

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF တပ်နယ် (၄) တပ်နယ်မှူး ‌ဗိုလ်မှူးစောမုတ်သုန်က မှဲ့တစ်ပေါက်မစွန်းစေရဟုဆိုကာ နေရပ်ပြန်ခေါ်ခဲ့သဖြင့် ‌ပြန်လာကြသည့် စစ်ရှောင်များအနက်မှ အမျိုးသမီး(၁)ဦးမှာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ရှောင်နေရာမှ နေရပ်ပြန်လာသည့် ဖလူးကြီးကျေးရွာမှ အသက် (၄၀)အရွယ် အမျိုးသမီးမှာ ဇန်နဝါရီလ (၃)ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက်စစ်‌ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးထိမှန်သေဆုံးသွားခဲ့ပြီး ယနေ့ ဇန်နဝါရီလ (၄)ရက်နေ့ နံနက်(၄)နာရီဝန်းကျင်တွင်လည်း လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခြင်း‌ကြောင့် အမျိုးသား (၁)ဦး ထပ်မံဒဏ်ရာရသွားသည်ဟုလည်း သိရသည်။

အရပ်သားနေထိုင်ရာဒေသများကိုပါက်ကြီး ရမ်းသမ်းပစ်ခတ်၊ လေကြောင်းမှ တိုက်ခိုက်နေသည့် အာဏာသိမ်းအဖွဲ့က ကရင်ပြည်နယ် လေးကေ့ကော်ဒေသမှ ဒေသခံများ နေရပ်ပြန်လာကြရန် အာဏာသိမ်းအဖွဲ့လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များဖြင့် လိုက်လံဆော်ဩနေသည့်အပြင် အာဏာသိမ်းစစ်တပ်လက်အောက်ခံ BGF များမှလည်း ပြန်ခေါ်နေကြခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ(၁၅)ရက်မှစတင်ကာ ယနေ့ ၂၀၂၂ ဇန်နဝါရီလ(၄)ရက်အထိ KNU တပ်မဟာ(၆) နယ်မြေ၊ လေးကေကော်ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းအပြင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လျှက်ရှိသည်။

လေးကေ့ကော်ဒေသအပြင် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ ဘုရားသုံးဆူဒေသနှင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ် တစ်လျှောက်တွင်လည်း KNLA ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားနေသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များမှ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုများ‌‌ကြောင့် ဒေသခံပြည်သူ နှစ်သောင်းကျော် တိမ်းရှောင်နေရပြီး အများစုမှာ ထိုင်းနိုင်ငံဘက်သို ထွက်ပြေးနေရသည်။

#TachileikNewsAgency
Photo: CJ

Zawgyi

မွဲ႔တစ္ေပါက္ မစြန္းေစရဟု BGF က အာမခံေခၚ၍ ေနရပ္ျပန္လာသူမ်ားထဲက ျပည္သူတစ္ဦး အာဏာသိမ္းတပ္၏ လက္နက္ႀကီး ထိမွန္ေသဆုံး

ကရင္ျပည္နယ္ နယ္ျခားေစာင့္တပ္ BGF တပ္နယ္ (၄) တပ္နယ္မႉး ‌ဗိုလ္မႉးေစာမုတ္သုန္က မွဲ႔တစ္ေပါက္မစြန္းေစရဟုဆိုကာ ေနရပ္ျပန္ေခၚခဲ့သျဖင့္ ‌ျပန္လာၾကသည့္ စစ္ေ႐ွာင္မ်ားအနက္မွ အမ်ိဳးသမီး(၁)ဦးမွာ အၾကမ္းဖက္အာဏာသိမ္း စစ္ေကာင္စီတပ္က ပစ္ခတ္ေသာ လက္နက္ႀကီးက်ည္ထိမွန္ကာ ေသဆုံးသြားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

စစ္ေ႐ွာင္ေနရာမွ ေနရပ္ျပန္လာသည့္ ဖလူးႀကီးေက်း႐ြာမွ အသက္ (၄၀)အ႐ြယ္ အမ်ိဳးသမီးမွာ ဇန္နဝါရီလ (၃)ရက္ေန႔ ညေနပိုင္းတြင္ အၾကမ္းဖက္စစ္‌ေကာင္စီတပ္မွ ပစ္လိုက္သည့္ လက္နက္ႀကီးထိမွန္ေသဆုံးသြားခဲ့ၿပီး ယေန႔ ဇန္နဝါရီလ (၄)ရက္ေန႔ နံနက္(၄)နာရီဝန္းက်င္တြင္လည္း လက္နက္ႀကီးမ်ားျဖင့္ ထပ္မံပစ္ခတ္ျခင္း‌ေၾကာင့္ အမ်ိဳးသား (၁)ဦး ထပ္မံဒဏ္ရာရသြားသည္ဟုလည္း သိရသည္။

အရပ္သားေနထိုင္ရာေဒသမ်ားကိုပါက္ႀကီး ရမ္းသမ္းပစ္ခတ္၊ ေလေၾကာင္းမွ တိုက္ခိုက္ေနသည့္ အာဏာသိမ္းအဖြဲ႕က ကရင္ျပည္နယ္ ေလးေက့ေကာ္ေဒသမွ ေဒသခံမ်ား ေနရပ္ျပန္လာၾကရန္ အာဏာသိမ္းအဖြဲ႕လက္ေအာက္ခံ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားျဖင့္ လိုက္လံေဆာ္ဩေနသည့္အျပင္ အာဏာသိမ္းစစ္တပ္လက္ေအာက္ခံ BGF မ်ားမွလည္း ျပန္ေခၚေနၾကျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလ(၁၅)ရက္မွစတင္ကာ ယေန႔ ၂၀၂၂ ဇန္နဝါရီလ(၄)ရက္အထိ KNU တပ္မဟာ(၆) နယ္ေျမ၊ ေလးေကေကာ္ေဒသတြင္ တိုက္ပြဲမ်ားျဖစ္ပြားေနဆဲျဖစ္ၿပီး အၾကမ္းဖက္ စစ္ေကာင္စီက လက္နက္ႀကီးမ်ား ရမ္းသမ္းပစ္ခတ္ျခင္းအျပင္ ေလယာဥ္ျဖင့္ ဗုံးႀကဲတိုက္ခိုက္လွ်က္႐ွိသည္။

ေလးေက့ေကာ္ေဒသအျပင္ ၾကာအင္းဆိပ္ႀကီး၊ ေကာ့ကရိတ္၊ ဘုရားသုံးဆူေဒသႏွင့္ ျမဝတီ-ေကာ့ကရိတ္ အာ႐ွလမ္းမသစ္ တစ္ေလွ်ာက္တြင္လည္း KNLA ပူးေပါင္းတပ္ဖြဲ႕ႏွင့္ အၾကမ္းဖက္ စစ္ေကာင္စီတပ္မ်ားအၾကား တိုက္ပြဲျဖစ္ပြားေနသည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားမွ လက္နက္ႀကီးပစ္ခတ္မႈ၊ ေလေၾကာင္းပစ္ခတ္မႈမ်ား‌‌ေၾကာင့္ ေဒသခံျပည္သူ ႏွစ္ေသာင္းေက်ာ္ တိမ္းေ႐ွာင္ေနရၿပီး အမ်ားစုမွာ ထိုင္းႏိုင္ငံဘက္သို ထြက္ေျပးေနရသည္။

#TachileikNewsAgency
Photo: CJ

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.