Local News

ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းကို PPDF က မိုင်းခွဲတိုက်ခိုက်၊ စစ်သား ၄၀ ဦးခန့်သေဆုံးဟုဆို (ရုပ်/သံ)

ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းကို PPDF က မိုင်းခွဲတိုက်ခိုက်၊ စစ်သား ၄၀ ဦးခန့်သေဆုံးဟုဆို (ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွ၍် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ယနေ့ ဒီဇင်ဘာလ ၁၉ ရက်၌ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF နှင့် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး မိုင်းခွဲတိုက်ခိုက်ရာ စစ်ကား ၃ စီး ပျက်စီးပြီး စစ်သား ၄၀ ခန့်သေဆုံးကြောင်း သိရှိရသည်။

ရွှေတောင်ဦးကုန်းမှ ထွက်ခွာသော စစ်ကောင်စီယာဉ်တန်းကို မဟာမိတ် ၂ ဖွဲ့က နှောရိုးရွာနှင့် ကောင်းဆင့်ရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၃ စီး ပျက်စီးပြီး၊ စစ်သား ၃၀ ခန့် သေဆုံးကြောင်း၊

အင်ကြင်းတောင်အနောက်ဘက်လမ်းခွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းခွဲခံရပြီး ၁၀ ဦးခန့်သေဆုံးကြောင်း PPDF က သတင်းထုတ်ပြန်သည်။

Source. Khit Thit Media

Zawgyi


ရန်ကုန်၊ ဒီဇင်ဘာ ၁၉




Source. Khit Thit Media

About the author

admin

Add Comment

Click here to post a comment