Local News

ယာယီသမ္မတနဲ့ မဇင်မာအောင်တို့က အစိုးရအဖွဲ့မှာ အရေးအကြီးဆုံးအဖွဲ့နဲ့ တွေ့ဆုံခဲ့တယ်လို့ NUG ကြေညာ

ယာယီသမ္မတနဲ့ မဇင်မာအောင်တို့က အစိုးရအဖွဲ့မှာ အရေးအကြီးဆုံးအဖွဲ့နဲ့ တွေ့ဆုံခဲ့တယ်လို့ NUG ကြေညာ

NUG က ယာယီသမ္မတနဲ့ မဇင်မာအောင်တို့က အမေရိကန် National Security Council က အကြံပေးအရာရှိ Jake Sullivan နဲ့ တွေ့ဆုံခဲ့တယ်လို့ NUG က ကြေညာပါတယ်။ တကယ်ဆို ဒါဟာ အတော်တိုးတက်လာတာပါ။ ဒီအဖွဲ့ဟာ အစိုးရအဖွဲ့မှာ အရေးအကြီးဆုံးအဖွဲ့ပါ။

သူတို့က နောက်ဆုံး ဆုံးဖြတ်ချက်တွေကို ချလေ့ရှိပါတယ်။သမ္မတတိုင်းမှာ National Security Council ရှိပါတယ်။ ဒီအဖွဲ့မှာ ဒုသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး အစရှိသူတွေ ပါဝင်ပါတယ်။

သမ္မတတွေက ထိပ်တန်းဆုံးဖြတ်ချက်တွေကို ချရင် အိမ်ဖြူတော်ရဲ့ West wing မှာရှိတဲ့ Situation Room မှာ သူတို့ရဲ့ National Security Council နဲ့တိုင်ပင်ပြီးမှ တိုက်ရိုက်ချမှတ်တာပါ။

Jake Sullivan က အကြံပေးဖြစ်ပြီး နိုင်ငံပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံရသူလဲ ဖြစ်ပါတယ်။ သူက သမ္မတဘိုင်ဒန်ကို တိုက်ရိုက် အစီရင်ခံ အကြံပေးရတာပါ။ အာဆီယံအစည်းအဝေးမှာလဲ ဘိုင်ဒန်က မြန်မာ့အရေးကို အသားပေးပြောမယ်လို့ သိရပါတယ်။

( ပုံမှာ အာဖဂန်မှ အမေရိကန်တပ်များ ပြန်ရုပ်သိမ်းချိန်တွင် Situation room တွင် Security Council Member များနှင့်အတူ တွေ့ရသော ဘိုင်ဒန်။ ညာဘက် ထိပ်ဆုံးမှ ဘိုင်ဒန်နဲ့ ကပ်ရပ်လူမှာ Sullivan ဖြစ်သည်။)

Nay Thway

Zawgyi

ယာယီသမၼတနဲ႕ မဇင္မာေအာင္တို႔က အစိုးရအဖြဲ႕မွာ အေရးအႀကီးဆုံးအဖြဲ႕နဲ႕ ေတြ႕ဆုံခဲ့တယ္လို႔ NUG ေၾကညာ

NUG က ယာယီသမၼတနဲ႕ မဇင္မာေအာင္တို႔က အေမရိကန္ National Security Council က အႀကံေပးအရာရွိ Jake Sullivan နဲ႕ ေတြ႕ဆုံခဲ့တယ္လို႔ NUG က ေၾကညာပါတယ္။ တကယ္ဆို ဒါဟာ အေတာ္တိုးတက္လာတာပါ။ ဒီအဖြဲ႕ဟာ အစိုးရအဖြဲ႕မွာ အေရးအႀကီးဆုံးအဖြဲ႕ပါ။

သူတို႔က ေနာက္ဆုံး ဆုံးျဖတ္ခ်က္ေတြကို ခ်ေလ့ရွိပါတယ္။သမၼတတိုင္းမွာ National Security Council ရွိပါတယ္။ ဒီအဖြဲ႕မွာ ဒုသမၼတ၊ နိုင္ငံျခားေရးဝန္ႀကီး၊ ကာကြယ္ေရးဝန္ႀကီး အစရွိသူေတြ ပါဝင္ပါတယ္။

သမၼတေတြက ထိပ္တန္းဆုံးျဖတ္ခ်က္ေတြကို ခ်ရင္ အိမ္ျဖဴေတာ္ရဲ႕ West wing မွာရွိတဲ့ Situation Room မွာ သူတို႔ရဲ႕ National Security Council နဲ႕တိုင္ပင္ၿပီးမွ တိုက္ရိုက္ခ်မွတ္တာပါ။

Jake Sullivan က အႀကံေပးျဖစ္ၿပီး နိုင္ငံေပါင္းစုံနဲ႕ ထိေတြ႕ဆက္ဆံရသူလဲ ျဖစ္ပါတယ္။ သူက သမၼတဘိုင္ဒန္ကို တိုက္ရိုက္ အစီရင္ခံ အႀကံေပးရတာပါ။ အာဆီယံအစည္းအေဝးမွာလဲ ဘိုင္ဒန္က ျမန္မာ့အေရးကို အသားေပးေျပာမယ္လို႔ သိရပါတယ္။

( ပုံမွာ အာဖဂန္မွ အေမရိကန္တပ္မ်ား ျပန္႐ုပ္သိမ္းခ်ိန္တြင္ Situation room တြင္ Security Council Member မ်ားႏွင့္အတူ ေတြ႕ရေသာ ဘိုင္ဒန္။ ညာဘက္ ထိပ္ဆုံးမွ ဘိုင္ဒန္နဲ႕ ကပ္ရပ္လူမွာ Sullivan ျဖစ္သည္။)

Nay Thway

About the author

admin

Add Comment

Click here to post a comment