
ယူကရိန်း၊ ချက်၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဖင်လန်၊ အမေရိကန်၊ ကိုရီးယားနဲ့ ဂျပန်စတဲ့ နိုင်ငံပေါင်းစုံက ပါဝင်လှုပ်ရှား
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇) နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် လက်မှာ “77” လို့ ရေးသားပြီး
“Freedom From Fear’ လို့စာရွက်ပေါ်မှာ ရေးကာ ဓာတ်ပုံရိုက် လူမှုကွန်ရက်မှာတင်ပြီး မြန်မာတပြည်လုံး စစ်အာဏာရှင်လက်အောက်မှ
လွတ်မြောက်ရေးဆုတောင်းတဲ့လှုပ်ရှားမှုကို ပြုလုပ်ရာမှာ ယူကရိန်း၊ ချက်၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဖင်လန်၊ အမေရိကန်၊
ကိုရီးယားနဲ့ ဂျပန်စတဲ့ အာရှ၊ ဥရောပနဲ့ အမေရိက အပါအဝင် နေရာဒေသပေါင်းစုံ လူမျိုးပေါင်းစုံ ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။