ယူကရိန်း က ထုတ်လိုက်တဲ့ သောက်ရင် မမှုးတဲ့ UN လို့ ပေးထားတဲ့ ဘီယာကို အများစုက သဘောကျနေ

ယူကရိန်း က ထုတ်လိုက်တဲ့ သောက်ရင် မမှုးတဲ့ UN လို့ ပေးထားတဲ့ ဘီယာကို အများစုက သဘောကျနေ

ရုပ်မပေါက်သည့် UN ကို ဂုဏ်ပြုထုတ်ဝေသည့် ယူကရိန်းက UN ဘီယာ
၁၃/၆/၂၀၂၂

UN (Unfortunately Non Alcoholic) တံဆိပ်နဲ့ အယ်လ်ကိုဟောမပါတဲ့ ဘီယာအမျိုးအစားအသစ်ကို ယူကရိန်း ကုမ္ပဏီတခုက ထုတ်လုပ်လိုက်ပါတယ်။

အယ်လ်ကိုဟောမပါတဲ့ဘီယာတံဆိပ်ကို UN လို့ ပေးထားတဲ့အပေါ် ယူကရိန်းအပါအဝင် ဥရောပသတင်းတော်တော်များမှာ ဝေဖန်ချက်မျိုးစုံနဲ့ ရေးသားဖေါ်ပြနေကြပါတယ်။

သောက်ရင်မမှုးတဲ့ ဘီယာကို UN လို့ ပေးထားတာကို အများစုက သဘောကျနေတာပါ။ ယူကရိန်းသတင်းတွေကတော့ အယ်လ်ကိုဟောမပါတဲ့ UN ဘီယာကို

သောက်ရင် မူးယစ်ရီဝေချင်တဲ့ မူလရည်ရွယ်ချက်ရမှာမဟုတ်သလို ငြိမ်းချမ်းရေး ဒီမိုကရေစီရေး လွတ်လပ်လုံခြုံရေးတွေအတွက် ဖွဲ့စည်းထားတဲ့ UN ကို

သွားပြီးအားကိုးရင်လည်း တိုင်းပြည်ပျက် အချိန်ကုန်တာပဲ အဖတ်တင်မယ်လို့ လှောင်ပြောင်ထားပြီး အမည်ပေးဖန်တီးထုတ်လုပ်သူကို ချီးကျူးရေးသားနေကြတာတွေ့ရပါတယ်။


၁၃/၆/၂၀၂၂






Leave a Reply

Your email address will not be published.