
ယေဘုယျအားဖြင့် အသက်ရှူလမ်းကြောင်းမှတဆင့် ကူးစက်လေ့ရှိတဲ့ မျောက်ကျောက်ရောဂါ ကူးဆက်ပြန့်နှံနေ
မက်ဒရစ်၊ မေ-၁၉-၂၀၂၂
မျိုးဆက်(VOM)
ထူးဆန်းတဲ့ မျောက်ကျောက်(Monkey Pox) ရောဂါတမျိုးဟာ ဗြိတိန်၊ အမေရိကန်၊ စပိန်နဲ့ ပေါ်တူဂီနိုင်ငံတို့ မှာ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလျှက်ရှိနေပါတယ်။
ဗြိတိန်၊ ပေါ်တူဂီတို့မှာ တွေ့ရှိပြီးသားဖြစ်တဲ့ ဗိုင်းရပ်စ်နဲ့ဆင်တူတဲ့ လက္ခဏာတွေတွေ့ရှိပြီးနောက် လူ ၂၃ ဦးမှာ မျောက်ကျောက်ရောဂါဖြစ်ပွားနိုင်ခြေရှိတယ်လို့ စပိန်အာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ထားပါတယ်။
သံသယလူနာတွေကို အတည်မပြုရသေးပေမယ့် တနိုင်ငံလုံးကို သတိပေးချက်ထုတ်ပြန်ထားကြောင်း၊ ယေဘုယျအားဖြင့် မျောက်ကျောက်ရောဂါဟာ အသက်ရှူလမ်းကြောင်းမှတဆင့်
ကူးစက်လေ့ရှိပေမယ့် လက်ရှိလူနာတွေကတော့ လိင်မှတဆင့်ကူးစက်တဲ့ လက္ခဏာရှိတယ်လို့ ကျန်းမာရေး၀န်ကြီးဌာနက ပြောပါတယ်။
ပေါ်တူဂီမှာတော့ ကူးစက်ခံရသူငါးဦး အတည်ပြုထားပြီး နောက်ထပ် သံသယလူနာ ၁၅ ဦးကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ပေါ်တူဂီအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
အမေရိကန်မှာတော့ ကနေဒါနိုင်ငံကနေ ပြန်လာသူတဦးမှာ မျောက်ကျောက်ရောဂါ ကူးစက်မှု တွေ့ရှိခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။
ဗြိတိန်မှာလည်း မျောက်ကျောက်ရောဂါ ကူးစက်မှုတွေကို အတည်ပြုထားပြီး ကူးစက်ခံရသူ ခုနှစ်ဦးအနက် တဦးဟာ နိုင်ဂျီးရီးယားနိုင်ငံကို သွားရောက်ခဲ့သူဖြစ်ကာ လေးဦးကတော့ လိင်တူဆက်ဆံသူတွေဖြစ်တယ်လို့ ဗြိတိန်ကျန်းမာရေး ၀န်ကြီးဌာနကပြောပါတယ်။
Ref:Guardian
Photo: WHO/ Getty Images
#voiceofmyanmar #VOM #မက်ဒရစ်
ေယဘုယ်အားျဖင့္ အသက္ရႉလမ္းေၾကာင္းမွတဆင့္ ကူးစက္ေလ့ရွိတဲ့ ေမ်ာက္ေက်ာက္ေရာဂါ ကူးဆက္ျပန့္ႏွံေန
မက္ဒရစ္၊ ေမ-၁၉-၂၀၂၂
မ်ိဳးဆက္(VOM)
ထူးဆန္းတဲ့ ေမ်ာက္ေက်ာက္(Monkey Pox) ေရာဂါတမ်ိဳးဟာ ၿဗိတိန္၊ အေမရိကန္၊ စပိန္နဲ႕ ေပၚတူဂီနိုင္ငံတို႔ မွာ ကူးစက္ပ်ံ့ႏွံ႕မႈ ျဖစ္ပြားလွ်က္ရွိေနပါတယ္။
ၿဗိတိန္၊ ေပၚတူဂီတို႔မွာ ေတြ႕ရွိၿပီးသားျဖစ္တဲ့ ဗိုင္းရပ္စ္နဲ႕ဆင္တူတဲ့ လကၡဏာေတြေတြ႕ရွိၿပီးေနာက္ လူ ၂၃ ဦးမွာ ေမ်ာက္ေက်ာက္ေရာဂါျဖစ္ပြားနိုင္ေျခရွိတယ္လို႔ စပိန္အာဏာပိုင္ေတြက သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။
သံသယလူနာေတြကို အတည္မျပဳရေသးေပမယ့္ တနိုင္ငံလုံးကို သတိေပးခ်က္ထုတ္ျပန္ထားေၾကာင္း၊ ေယဘုယ်အားျဖင့္ ေမ်ာက္ေက်ာက္ေရာဂါဟာ အသက္ရႉလမ္းေၾကာင္းမွတဆင့္ ကူးစက္ေလ့ရွိေပမယ့္ လက္ရွိလူနာေတြကေတာ့ လိင္မွတဆင့္ကူးစက္တဲ့ လကၡဏာရွိတယ္လို႔ က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။
ေပၚတူဂီမွာေတာ့ ကူးစက္ခံရသူငါးဦး အတည္ျပဳထားၿပီး ေနာက္ထပ္ သံသယလူနာ ၁၅ ဦးကို စစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္လို႔ ေပၚတူဂီအာဏာပိုင္ေတြက ထုတ္ျပန္ထားပါတယ္။
အေမရိကန္မွာေတာ့ ကေနဒါနိုင္ငံကေန ျပန္လာသူတဦးမွာ ေမ်ာက္ေက်ာက္ေရာဂါ ကူးစက္မႈ ေတြ႕ရွိခဲ့တယ္လို႔ တာ၀န္ရွိသူေတြက ေျပာပါတယ္။
ၿဗိတိန္မွာလည္း ေမ်ာက္ေက်ာက္ေရာဂါ ကူးစက္မႈေတြကို အတည္ျပဳထားၿပီး ကူးစက္ခံရသူ ခုႏွစ္ဦးအနက္ တဦးဟာ နိုင္ဂ်ီးရီးယားနိုင္ငံကို သြားေရာက္ခဲ့သူျဖစ္ကာ ေလးဦးကေတာ့ လိင္တူဆက္ဆံသူေတြျဖစ္တယ္လို႔ ၿဗိတိန္က်န္းမာေရး ၀န်ကြီးဌာနကပြောပါတယ်။
Ref:Guardian
Photo: WHO/ Getty Images
#voiceofmyanmar #VOM #မက္ဒရစ္