Local News

ယောဒေသအတွင်း ဘာသာရေး သွေးထိုးလှုံ့ဆော်မှုများ YDF သတိပေး

ယောဒေသအတွင်း ဘာသာရေး သွေးထိုးလှုံ့ဆော်မှုများ YDF သတိပေး

ဧရာဝတီ၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၁

မကွေးတိုင်း၊ ယောဒေသအတွင်း သင်္ကန်းဝတ်အတုအယောင်များဖြင့် ဘာသာမတူသူများအကြား ပဋိပက္ခများဖြစ်ပေါ်လာ စေရန် သွေးထိုးလှုံ့ဆော်မှုများရှိလာနိုင်သည်ကို သတိပြုကြရန် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YDF)က ယနေ့ကြေ ညာချက်ထုတ်ပြန် သတိပေးလိုက်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ဂန့်ဂေါခရိုင်းအတွင်းရှိ ဆိုင်အချို့တွင် သင်္ကန်းအစုံအရေအတွက် ၂၀၀ ခန့်အား ဝယ်ယူ စုဆောင်းမှုများ ပြုလုပ်နေကြောင်း သတင်းများရရှိထားသည့်အပြင် ဒေသတွင်းရှိ ဘာသာရေးအဆောက်အဦးများတွင် ၎င်းတို့တပ်စွဲနေထိုင်မှုများရှိနေကြောင်းလည်း YDF ကပြောထားသည်။

YDF တာဝန်ရှိသူတဦးက “သူတို့ (စစ်ကောင်စီ)က သင်္ကန်းတွေဝယ်နေကြတယ်၊ ဘာသာရေးအတုအယောင်တွေ လုပ်ဖို့အ ခြေအနေလဲရှိနေတယ်၊ ပြီးတော့ ဂန့်ဂေါမှာ ဘယ်သံဃာမှမနေတဲ့ သာသနဗိမ္မာန်ကြီးတခုကိုလည်း သူတို့နေဖို့ ရှင်းလင်းတာ တွေလုပ်နေတာရှိပါတယ်” ဟု ပြောသည်။

ယင်းအပြင် ယောဒေသအတွင်းရှိ ရဟန်းသံဃာတော်များအနေဖြင့် ယခုကာလအတွင်း မလိုအပ်ဘဲ ခရီးသွားလာခြင်းများ ရှောင်ကျဉ်ပေးကြပါရန်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးမှုများရှိပါကလည်း

အဂါရဝတရားဖြင့် စစ်ဆေးခြင်းဟု မမြင်စေလိုဘဲ အများပြည်သူ၏ အသက်အန္တရာယ်လုံခြုံရေးအရ လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်နေ သည်ဟု နားလည်းပူးပေါင်းပါဝင်ပေးကြရန် လျှောက်ထားအပ်ပါကြောင်းလည်း YDF က ဆိုထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုမျိုးစုံကျူးလွန်နေသည့် စစ်ကောင်စီအနေဖြင့် ယခင်ကလည်း ဘာသာရေး ပြဿနာများဖြစ်ပေါ်လာစေရန် လှုံ့ဆော်မှုများပြုလုပ်ခဲ့သည်ကို ကြုံတွေ့မှုများရှိခဲ့သည့်အတွက်

၎င်းတို့၏ ဘာသာရေး လှည့်ကွက်များတွင် ကျရောက်ခြင်းမရှိစေဘဲ အထူးသတိထားနေထိုင်ပေးကြရန်လည်း ၎င်းတို့ကတိုက်တွန်းထားသည်။

Zawgyi

ေယာေဒသအတြင္း ဘာသာေရး ေသြးထိုးလႈံ႕ေဆာ္မႈမ်ား YDF သတိေပး

ဧရာဝတီ၊ ဒီဇင္ဘာ ၂၀၊ ၂၀၂၁

မေကြးတိုင္း၊ ေယာေဒသအတြင္း သကၤန္းဝတ္အတုအေယာင္မ်ားျဖင့္ ဘာသာမတူသူမ်ားအၾကား ပဋိပကၡမ်ားျဖစ္ေပၚလာ ေစရန္ ေသြးထိုးလႈံ႕ေဆာ္မႈမ်ား႐ွိလာႏိုင္သည္ကို သတိျပဳၾကရန္ ေယာေဒသျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕(YDF)က ယေန႔ေၾက ညာခ်က္ထုတ္ျပန္ သတိေပးလိုက္သည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ဂန္႔ေဂါခ႐ိုင္းအတြင္း႐ွိ ဆိုင္အခ်ိဳ႕တြင္ သကၤန္းအစုံအေရအတြက္ ၂၀၀ ခန္႔အား ဝယ္ယူ စုေဆာင္းမႈမ်ား ျပဳလုပ္ေနေၾကာင္း သတင္းမ်ားရ႐ွိထားသည့္အျပင္ ေဒသတြင္း႐ွိ ဘာသာေရးအေဆာက္အဦးမ်ားတြင္ ၎တို႔တပ္စြဲေနထိုင္မႈမ်ား႐ွိေနေၾကာင္းလည္း YDF ကေျပာထားသည္။

YDF တာဝန္႐ွိသူတဦးက “သူတို႔ (စစ္ေကာင္စီ)က သကၤန္းေတြဝယ္ေနၾကတယ္၊ ဘာသာေရးအတုအေယာင္ေတြ လုပ္ဖို႔အ ေျခအေနလဲ႐ွိေနတယ္၊ ၿပီးေတာ့ ဂန္႔ေဂါမွာ ဘယ္သံဃာမွမေနတဲ့ သာသနဗိမၼာန္ႀကီးတခုကိုလည္း သူတို႔ေနဖို႔ ႐ွင္းလင္းတာ ေတြလုပ္ေနတာ႐ွိပါတယ္” ဟု ေျပာသည္။

ယင္းအျပင္ ေယာေဒသအတြင္း႐ွိ ရဟန္းသံဃာေတာ္မ်ားအေနျဖင့္ ယခုကာလအတြင္း မလိုအပ္ဘဲ ခရီးသြားလာျခင္းမ်ား ေ႐ွာင္က်ဥ္ေပးၾကပါရန္ႏွင့္ ေဒသကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားက တားဆီးစစ္ေဆးမႈမ်ား႐ွိပါကလည္း

အဂါရဝတရားျဖင့္ စစ္ေဆးျခင္းဟု မျမင္ေစလိုဘဲ အမ်ားျပည္သူ၏ အသက္အႏၲရာယ္လုံျခဳံေရးအရ လိုအပ္သည့္စစ္ေဆးမႈမ်ား ျပဳလုပ္ေန သည္ဟု နားလည္းပူးေပါင္းပါဝင္ေပးၾကရန္ ေလွ်ာက္ထားအပ္ပါေၾကာင္းလည္း YDF က ဆိုထားသည္။

စစ္တပ္အာဏာသိမ္းၿပီးေနာက္ အၾကမ္းဖက္မႈမ်ိဳးစုံက်ဴးလြန္ေနသည့္ စစ္ေကာင္စီအေနျဖင့္ ယခင္ကလည္း ဘာသာေရး ျပႆနာမ်ားျဖစ္ေပၚလာေစရန္ လႈံ႕ေဆာ္မႈမ်ားျပဳလုပ္ခဲ့သည္ကို ၾကဳံေတြ႕မႈမ်ား႐ွိခဲ့သည့္အတြက္

၎တို႔၏ ဘာသာေရး လွည့္ကြက္မ်ားတြင္ က်ေရာက္ျခင္းမ႐ွိေစဘဲ အထူးသတိထားေနထိုင္ေပးၾကရန္လည္း ၎တို႔ကတိုက္တြန္းထားသည္။