Local News

ရန်ကုန်တွင် လက်နက်ခဲယမ်းများလာရောက်အပ်နှံရန် ကြေညာပြီးနောက် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

ရန်ကုန်တွင် လက်နက်ခဲယမ်းများလာရောက်အပ်နှံရန် ကြေညာပြီးနောက် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

လက်နက်ခဲယမ်းများ သိုလှောင်ထားပါက ၎င်းတို့ထံအပ်နှံရန် စစ်ကောင်စီက ယမန်နေ့ ကြေညာပြီးနောက် ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်များအား ဗုံးဖောက်ခွဲမှုများနှင့် ရဲစခန်းတစ်ခုကို ၄၀(မမ) ဖြင့် ပစ်ခတ်တိုက်ခိုက် ခံရမှုများ ဖြစ်ခဲ့သည်။

ဒီဇင်ဘာ ၂၁ ရက် ညပိုင်း နှင့် ၂၂ ရက် နံနက်အစောပိုင်းတွင် အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့် သဃ်န်းကျွန်းမြို့နယ်တို့ရှိ စစ်ကောင်စီတပ်များကို ဦးတည်၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ညက ဗုံးကွဲတာ နှစ်ချက်က တော်တော် ကျယ်တယ်။ ၇ နာရီလောက်မှ တစ်ကြိမ်၊ ၇နာရီခွဲ လောက်မှာတစ်ကြိမ် နှစ်ကြိမ်ပေါက်တာ။ စစ်ခွေးတွေ သေ၊မသေတော့ မသိရသေးဘူး”ဟု အရှေ့ဒဂုံမြို့နယ် နေသူတစ်ဦးက ပြောသည်။

အရှေ့ဒဂုံဆေးရုံကြီးဘေးတွင်လည်း ရှေ့ထွက်မိုင်းအဖြစ် ည ၇နာရီက ကနဦးဖောက်ခွဲခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများလာရောက်စစ်ဆေးချိန် ည ၇ နာရီခွဲက မိုင်းနှစ်လုံး ထပ်မံဖောက်ခွဲခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးတပ်ဦးက ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ သေဆုံးမှုကို မသိရသေးသော်လည်း ဒဏ်ရာရရှိ သူများရှိသည်ဟု အာဏာရှင်တော်လှန်ရေးတပ်ဦးက ဆိုသည်။

အလားတူ ယနေ့(ဒီဇင်ဘာ ၂၂ ရက်)နံနက် ၈ နာရီဝန်းကျင်ကလည်း သဃ်န်းကျွန်းမြို့နယ် ကားကြီးဂိတ် အနီးပေါက်ကွဲ မှုဖြစ်ပွားခဲ့သည်။

“ပေါက်တာတော့ အကျယ်ကြီးပဲ။ထိခိုက်မှု ရှိ၊မရှိတော့ မသိရသေးဘူး”ဟု သဃ်န်းကျွန်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ယနေ့နံနက် ၅ နာရီခွဲခန့်က ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းကို ၄၀(မမ) ဗုံးသီး နှစ်လုံးဖြင့် ပစ်ခတ်ခံရကြောင်းလည်း သိရသည်။

ထိုဖြစ်စဥ်တွင် ထိခိုက်သေဆုံးမှုနှင့် ပေါက်ကွဲမှုဖြစ်စဥ် အသေးစိတ်ကို လူထုနွေဦးက အတည်ပြုမရသေးပေ။

နေအိမ်များနှင့် တိုက်ခန်းများအတွင်း လက်နက်ခဲယမ်းများ လျှို့ဝှက်စွာ သိမ်းဆည်းထားပါက ယခု ဒီဇင်ဘာ၃၁ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာသို့ လာရောက်အပ်နှံကြရန် စစ်ကောင်စီလက်အောက်ခံ ရပ်ကျေး အုပ်ချုပ်ရေးမှူးရုံးများက ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ယမန်နေ့ ညနေပိုင်းကစ၍ လိုက်လံကြေညာနေသည်။

(ရန်ကုန်မြို့တစ်နေရာတွင် ပေါက်ကွဲမှုဖြစ်ပြီးနောက် လုံခြုံရေးဆောင်ရွက်နေသော စစ်ကောင်စီလက်ပါးစေ ရဲများကို တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

People’sSpring

Zawgyi

ရန္ကုန္တြင္ လက္နက္ခဲယမ္းမ်ားလာေရာက္အပ္ႏွံရန္ ေၾကညာၿပီးေနာက္ စစ္ေကာင္စီတပ္မ်ား တိုက္ခိုက္ခံရ

လက္နက္ခဲယမ္းမ်ား သိုေလွာင္ထားပါက ၎တို႔ထံအပ္ႏွံရန္ စစ္ေကာင္စီက ယမန္ေန႔ ေၾကညာၿပီးေနာက္ ရန္ကုန္ၿမိဳ႕တြင္ စစ္ေကာင္စီတပ္မ်ားအား ဗုံးေဖာက္ခြဲမႈမ်ားႏွင့္ ရဲစခန္းတစ္ခုကို ၄၀(မမ) ျဖင့္ ပစ္ခတ္တိုက္ခိုက္ ခံရမႈမ်ား ျဖစ္ခဲ့သည္။

ဒီဇင္ဘာ ၂၁ ရက္ ညပိုင္း ႏွင့္ ၂၂ ရက္ နံနက္အေစာပိုင္းတြင္ အေ႐ွ႕ဒဂုံ၊ ဒဂုံဆိပ္ကမ္းႏွင့္ သဃ္န္းကြၽန္းၿမိဳ႕နယ္တို႔႐ွိ စစ္ေကာင္စီတပ္မ်ားကို ဦးတည္၍ တိုက္ခိုက္ခဲ့ျခင္း ျဖစ္သည္။

“ညက ဗုံးကြဲတာ ႏွစ္ခ်က္က ေတာ္ေတာ္ က်ယ္တယ္။ ၇ နာရီေလာက္မွ တစ္ႀကိမ္၊ ၇နာရီခြဲ ေလာက္မွာတစ္ႀကိမ္ ႏွစ္ႀကိမ္ေပါက္တာ။ စစ္ေခြးေတြ ေသ၊မေသေတာ့ မသိရေသးဘူး”ဟု အေ႐ွ႕ဒဂုံၿမိဳ႕နယ္ ေနသူတစ္ဦးက ေျပာသည္။

အေ႐ွ႕ဒဂုံေဆး႐ုံႀကီးေဘးတြင္လည္း ေ႐ွ႕ထြက္မိုင္းအျဖစ္ ည ၇နာရီက ကနဦးေဖာက္ခြဲခဲ့ၿပီးေနာက္ စစ္ေကာင္စီတပ္သားမ်ားလာေရာက္စစ္ေဆးခ်ိန္ ည ၇ နာရီခြဲက မိုင္းႏွစ္လုံး ထပ္မံေဖာက္ခြဲခဲ့ေၾကာင္း အာဏာ႐ွင္ေတာ္လွန္ေရးတပ္ဦးက ထုတ္ျပန္ထားသည္။

အဆိုပါ တိုက္ခိုက္မႈတြင္ စစ္ေကာင္စီတပ္သားမ်ား ေသဆုံးမႈကို မသိရေသးေသာ္လည္း ဒဏ္ရာရ႐ွိ သူမ်ား႐ွိသည္ဟု အာဏာ႐ွင္ေတာ္လွန္ေရးတပ္ဦးက ဆိုသည္။

အလားတူ ယေန႔(ဒီဇင္ဘာ ၂၂ ရက္)နံနက္ ၈ နာရီဝန္းက်င္ကလည္း သဃ္န္းကြၽန္းၿမိဳ႕နယ္ ကားႀကီးဂိတ္ အနီးေပါက္ကြဲ မႈျဖစ္ပြားခဲ့သည္။

“ေပါက္တာေတာ့ အက်ယ္ႀကီးပဲ။ထိခိုက္မႈ ႐ွိ၊မ႐ွိေတာ့ မသိရေသးဘူး”ဟု သဃ္န္းကြၽန္းၿမိဳ႕နယ္ ေဒသခံတစ္ဦးက ေျပာသည္။

ယေန႔နံနက္ ၅ နာရီခြဲခန္႔က ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ရဲစခန္းကို ၄၀(မမ) ဗုံးသီး ႏွစ္လုံးျဖင့္ ပစ္ခတ္ခံရေၾကာင္းလည္း သိရသည္။

ထိုျဖစ္စဥ္တြင္ ထိခိုက္ေသဆုံးမႈႏွင့္ ေပါက္ကြဲမႈျဖစ္စဥ္ အေသးစိတ္ကို လူထုေႏြဦးက အတည္ျပဳမရေသးေပ။

ေနအိမ္မ်ားႏွင့္ တိုက္ခန္းမ်ားအတြင္း လက္နက္ခဲယမ္းမ်ား လွ်ိဳ႕ဝွက္စြာ သိမ္းဆည္းထားပါက ယခု ဒီဇင္ဘာ၃၁ ရက္ ေနာက္ဆုံးထား၍ သက္ဆိုင္ရာသို႔ လာေရာက္အပ္ႏွံၾကရန္ စစ္ေကာင္စီလက္ေအာက္ခံ ရပ္ေက်း အုပ္ခ်ဳပ္ေရးမႉး႐ုံးမ်ားက ရန္ကုန္ၿမိဳ႕႐ွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ယမန္ေန႔ ညေနပိုင္းကစ၍ လိုက္လံေၾကညာေနသည္။

(ရန္ကုန္ၿမိဳ႕တစ္ေနရာတြင္ ေပါက္ကြဲမႈျဖစ္ၿပီးေနာက္ လုံျခဳံေရးေဆာင္႐ြက္ေနေသာ စစ္ေကာင္စီလက္ပါးေစ ရဲမ်ားကို ေတြ႕ရစဥ္၊ ဓာတ္ပုံ – CJ)

People’sSpring

Recent Comments

No comments to show.