Local News

ရန်ကုန်မြို့လယ် ပန်းဆိုးတန်း အခွန်ရုံးအနီး ဗုံးပေါက်

ရန်ကုန်မြို့လယ် ပန်းဆိုးတန်း အခွန်ရုံးအနီး ဗုံးပေါက်

—People’s Spring

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းပေါ်ရှိ အလယ်အလတ်အခွန်ထမ်းများရုံး (၁)အနီးတွင် ယနေ့ (ဒီဇင်ဘာ ၂၉ ရက်) နံနက် ၁ဝနာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဗုံးပေါက်တဲ့အသံ အကျယ်ကြီး တစ်ချက်ကြားလိုက်တယ်။ မီးခိုးတွေလည်း အများကြီး အူထွက်လာတယ်။ အနီးအနားက လူတွေလန့်ပြီး ပြေးနေတာ တွေ့လိုက်တယ်။

ပေါက်တာက စီးပွားရေးဘဏ်(၁)နဲ့ အခွန်ရုံးနားမှာ ပေါက်တာဆိုတော့ ရုံးကို လာတဲ့ လူအချို့ အဲ့နားမှာ ရှိနေပါတယ်။ လူထိခိုက်မှု ရှိတာတော့ မတွေ့ရပါဘူး ” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဗုံး​ဖောက်ခွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ကို မသိရသေး​ပေ။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီဝင်များ ရောက်ရှိလာပြီး လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံအချို့က ဆိုသည်။

ဓာတ်ပုံ – CJ

Zawgyi

ရန္ကုန္ၿမိဳ႕လယ္ ပန္းဆိုးတန္း အခြန္႐ုံးအနီး ဗုံးေပါက္

—People’s Spring

ရန္ကုန္ၿမိဳ႕ ေက်ာက္တံတားၿမိဳ႕နယ္ ပန္းဆိုးတန္းလမ္းေပၚ႐ွိ အလယ္အလတ္အခြန္ထမ္းမ်ား႐ုံး (၁)အနီးတြင္ ယေန႔ (ဒီဇင္ဘာ ၂၉ ရက္) နံနက္ ၁ဝနာရီခြဲဝန္းက်င္က ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

“ဗုံးေပါက္တဲ့အသံ အက်ယ္ႀကီး တစ္ခ်က္ၾကားလိုက္တယ္။ မီးခိုးေတြလည္း အမ်ားႀကီး အူထြက္လာတယ္။ အနီးအနားက လူေတြလန္႔ၿပီး ေျပးေနတာ ေတြ႕လိုက္တယ္။

ေပါက္တာက စီးပြားေရးဘဏ္(၁)နဲ႔ အခြန္႐ုံးနားမွာ ေပါက္တာဆိုေတာ့ ႐ုံးကို လာတဲ့ လူအခ်ိဳ႕ အဲ့နားမွာ ႐ွိေနပါတယ္။ လူထိခိုက္မႈ ႐ွိတာေတာ့ မေတြ႕ရပါဘူး ” ဟု မ်က္ျမင္ေတြ႕႐ွိသူတစ္ဦးက ေျပာသည္။

အဆိုပါဗုံး​ေဖာက္ခြဲမႈကို မည္သည့္အဖြဲ႕က လုပ္ေဆာင္ျခင္းျဖစ္သည္ကို မသိရေသး​ေပ။

ေပါက္ကြဲမႈ ျဖစ္ပြားၿပီးေနာက္ အၾကမ္းဖက္စစ္ေကာင္စီဝင္မ်ား ေရာက္႐ွိလာၿပီး လမ္းမ်ားပိတ္ဆို႔၍ စစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း ေဒသခံအခ်ိဳ႕က ဆိုသည္။

ဓာတ္ပုံ – CJ

Recent Comments

No comments to show.