Local News

ရန်ကုန်-ပြည် ရထားလမ်းနဲ့ မြစ်ကူးရထား တွေကိုလျှပ်စစ်ရထားလမ်း နှစ်ထပ်မြစ်ကူး ရထားဆောက် လုပ်ရန်…see more

ရန်ကုန်-ပြည် ရထားလမ်းနဲ့ မြစ်ကူးရထား တွေကိုလျှပ်စစ်ရထားလမ်း နှစ်ထပ်မြစ်ကူး ရထားဆောက် လုပ်ရန်…see more

ရန်ကုန်-ပြည် ရထားလမ်းကို လျှပ်စစ်ရထားလမ်းအဖြစ် ဖောက်လုပ်ဖို့နဲ့ မြစ်ကူးမီးရထားတံတားတွေကို အပေါ်အောက် နှစ်ထပ်ဒီဇိုင်းပုံစံနဲ့ ဆောက်လုပ်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၁၀ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိ မြို့နယ်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား စက်မှုနှင့်လျှပ်စစ် အင်ဂျင်နီယာဌာန စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)နဲ့ ဘူတာ ကြီးတို့သို့ သွားရောက်ကြည့်ရှုရာမှာ ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က “ ရန်ကုန်-ပြည် မီးရထား လမ်းဟာ ပထမဆုံးဖွင့်လှစ်ခဲ့တဲ့ မီးရထားလမ်းတယ်။ အဆင့်မြှင့်တင်ကာ လျှပ်စစ် ရထားလမ်းတွေအထိ မျှော်မှန်းလုပ်ဆောင်ရမှာဖြစ်တယ်။

ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာမဟုတ်ပေမဲ့ ရေရှည်အတွက် စီမံချက်ချ လုပ်ဆောင်ကြရမယ်။ မြစ်ကူးမီးရထားတံတားဖောက်လုပ်ရာမှာ ယခင်က မှားယွင်းစွာဖောက်လုပ်ခဲ့တဲ့ ဒီဇိုင်းအမှားတွေ အပေါ်သင်ခန်းစာယူပြီး ဘေးချင်းယှဉ် လျက်သော် လည်းကောင်း၊

အပေါ်အောက် နှစ်ထပ်ဒီဇိုင်းပုံစံဖြင့်သော်လည်း ကောင်း ဖောက်လုပ်နိုင်ရေး စဉ်းစားလုပ်ဆောင်ကြဖို့လိုတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မီးရထားလမ်းတွေ ကြံ့ခိုင်ကောင်းမွန်ဖို့ အဓိကဦးစားပေး ဆောင်ရွက်ဖို့၊ လမ်းတစ်ခုချင်းအလိုက် တိုင်းတာစစ်ဆေးဖို့၊ မီးရထားလမ်းတွေကောင်းမွန်ခြင်း မရှိပါက ရထားတွဲတွေ ပျက်စီးပြီး ခရီးသွားလာမှုကို

ကြန့်ကြာနိုင်လို့ လမ်းတွေကောင်းမွန်စေရေး ရထားလမ်းတွေထိန်းသိမ်း ဆောင်ရွက်ရာမှာ သတ်မှတ် စံချိန်စံညွှန်းတွေအတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ဖို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ နေပြည်တော်မှာလည်း မြေအောက်ရထားတွေ၊ လျှပ်စစ်ကားတွေ ပြေးဆွဲဖို့လည်း မကြာသေးခင်က ညွှန်ကြားထားပါတယ်။

Photo- DSINFO