ရုပ်ရည်စုတ်ပြတ်သတ်နေတယ်ဆိုပြီး လှောင်ပြောင်နေသူတွေကို တုန့်ပြန်လိုက်တဲ့ ဦးကျော်သက်လင်း…!!!

ရုပ်ရည်စုတ်ပြတ်သတ်နေတယ်ဆိုပြီး လှောင်ပြောင်နေသူတွေကို တုန့်ပြန်လိုက်တဲ့ ဦးကျော်သက်လင်း…!!!

မြန်မာ့အသံရဲ့ သတင်းကြေငြာသူတစ်ဦးဖြစ်တဲ့ ဦးကျော်သက်လင်း ဟာ လက်ရှိမှာ

CDM လုပ်ပြီး အားလုံးနဲ့ဝေးကွာတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပါတယ်။ ဒါကြောင့်လဲ မိသားစုရဲ့စွန့်လွှတ်ခြင်းကိုခံရပြီး

တစ်ချို့မိတ်ဆွေတွေရဲ့ စိမ်းကားမူ့ကိုလဲ တွေ့ကြုံခံစားခဲ့ရပါတယ်။ ဦးကျော်သက်လင်း ဟာ အရာရာခက်ခဲ ကြမ်းတမ်းနေပေမယ့်လဲ စိတ်ဓာတ်ကတော့ ခိုင်မာပြတ်သားနေဆဲပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဦးကျော်သက်လင်း ဟာ

သူ့ရဲ့ရုပ်ရည်နဲ့ပတ်သတ်ပြီး လှောင်ပြောင်တာကို ခံစားနေရတယ်လို့ ပရိသတ်ကို ရင်ဖွင့်လာပါတယ်။

သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟာ သူ့ရဲ့ရင်တွင်းခံစားချက်တွေကို အခုလိုပဲရေးသားလာခဲ့ပါတယ်။

“ခင်ဗျားတို့သတိမထားမိတာလား ဘာလားတော့မသိ feb 1 ကစလို့ ကျနော်postတွေမှာ ဟီးဟီးဟားဟား လိလိလားလားတစ်ခုမှမတင်ခဲ့ဘူး ဒီနေ့အထိ။

ကျနော်အကုန်စွန့်ပြီး ယုံကြည်ရာကို နောက်ပြန်မလှည့်တန်းလျှောက်တဲ့အခါမှာလည်း

ဘယ်သူ့ကိုမှပြစ်တင်စော်ကားခြင်းမလုပ်ခဲ့ဘူး။ သူများpostတွေမှာလည်း မထော်မနန်း ဝင်ပြီးမရေးခဲ့ဘူး။

အတတ်နိုင်ဆုံး စိတ်ကိုထိန်းချူပ်ပြီး နေထိုင်ခဲ့တယ်။ ပြည်သူတွေအားကိုးရာဖြစ်အောင် လုပ်စရာရှိတာလုပ်ပြီးနေခဲ့တယ်။

သေချာတာကတော့ ကျနော်ဝေဖန်ကဲ့ရဲ့ပြစ်တင်တာကိုခံနိုင်တယ်။ တော်လှန်ရေးလုပ်တာပဲ တောထဲနေရတာ စုတ်ပြတ်သတ်နေတာ ပိန်သွားတာ ကျန်းမာရေးမကောင်းတာ လူရုပ်မပေါက်တော့တာ ဖြစ်မှာပေါ့။

အိမ်မှာနေ သလိုမဖြစ်တော့တာကိုပဲ ​ပျက်ရယ်ပြုလှောင်ပြောင် ခေတ်အဆက်ဆက်နဲ့နှိုင်းယှဥ်ပြပြီး မအောင်မြင်နိုင်ဘူးပြောနေကြတဲ့သူတွေကိုလည်း တော်တော်အံ့သြမိတယ်။ ဒီလောက်ပါပဲဗျာ။ ကျနော်တို့ကပေးဆပ်နေတာမဟုတ်ဘူး

ယုံကြည်ရာကိုလျှောက်နေကြတာ။ ခင်ဗျားတို့ ဖာသူ ခင်ဗျားတို့ မဂ်လာပဲဆောင်ဆောင် အောကားပဲရိုက်ရိုက် ကာရာအိုကေပဲသွားသွား ကျူပ်ကတော့အပြစ်မမြင် အပြစ်မတင်ဘူး။ ကြောင်ကညောင်ခွေးကဝုတ် နွားကဘွတ်အဲ အဲ…

လူကတော့အသံမျိုးစုံလုပ်တတ်ကြတာပဲလေ။ ဘာဆန်းလို့လည်း…။ ” လို့ ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ ဦးကျော်သက်လင်း ကတော့ အချို့လူတွေရဲ့ လှောင်ပြောင်တာကို ခံနေရပေမယ့် အပြစ်မမြင်တတ်ပါဘူးတဲ့။

ဦးကျော်သက်လင်း ‌ဘေးကင်းကျန်းမာပါစေလို့ ကောမန့်မှာဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။

Credit

Leave a Reply

Your email address will not be published.