ရုရှားမှာ ဥပဒေအသစ်တခုကို ပူတင်ကလက်မှတ်ထိုးအတည်ပြုလိုက်ပြီ မအလ ရော လိုက်လုပ်တော့မှာလား

ရုရှားမှာ ဥပဒေအသစ်တခုကို ပူတင်ကလက်မှတ်ထိုးအတည်ပြုလိုက်ပြီ မအလ ရော လိုက်လုပ်တော့မှာလား

ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ လိုအပ်ချက်အရ စစ်မှုမထမ်းမနေရ အသက်ကန့်သတ်ချက်ဥပဒေကို ဖျက်သိမ်းလိုက်ကြောင်း ရုရှားအစိုးရက မေ ၂၈ ရက်စွဲနဲ့ ကြေညာပါတယ်။

အရင်က ရုရှားနိုင်ငံသားစစ်စစ်ဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၄၀ နဲ့ ရုရှားနိုင်ငံသား ခံယူထားတဲ့ နိုင်ငံခြားသားဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၃၀ အတွင်း ကျန်းမာရေးကောင်းသူတိုင်း စစ်မှုမထမ်းမနေရ ပြဌာန်းခဲ့တာပါ။

ခုတော့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လိုအပ်ချက်နဲ့ စစ်မှုမထမ်းရသေးသူအားလုံး စစ်မှုထမ်းခွင့်ရဖို့ ရည်ရွယ်ပြီး အသက်ကန့်သတ်ထားတာတွေကို ဖျက်သိမ်းလိုက်တာလို့ ရုရှားလွှတ်တော်က ကြေညာပါတယ်။

အသက်ကန့်သတ်ချက် ပယ်ဖျက်တဲ့ ဥပဒေကို သမ္မတပူတင်ကိုယ်တိုင် လက်မှတ်ထိုး အတည်ပြုတာဆိုပါတယ်။

အရင်က စစ်မှုမထမ်းလိုသူတွေဟာ အသက်ကန့်သတ်ချက်ကာလမှာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ မိသားစုအရေးတွေကို အကြောင်းပြပြီး ရှောင်ရှားနိုင်ခဲ့ကြပေမဲ့

အခုဥပဒေအသစ်အရ အသက်ကန့်သတ်ချက် ကျော်လွန်လည်း စစ်မှုမထမ်းရသေးဘူးဆိုရင် စစ်မှုပြန်ထမ်းကြရတော့မှာဖြစ်ပါတယ်။

Credit








Credit

Leave a Reply

Your email address will not be published.