Local News

ရောင်းအားကျဆင်းလာတဲ့အောင်ဘာလေထီကို အွန်လိုင်းကနေရောင်းချဖို့ ပြင်လာ(ထီထိုးသူရော ရှိဦးမှာလား)

ရောင်းအားကျဆင်းလာတဲ့အောင်ဘာလေထီကို အွန်လိုင်းကနေရောင်းချဖို့ ပြင်လာ(ထီထိုးသူရော ရှိဦးမှာလား)

အောင်ဘာလေထီရောင်းအားကျဆင်းပြီး ထီဆုတွေနည်းလာတဲ့နောက် မှာတော့ အွန်လိုင်းကနေပါ အောင်ဘာလေထီကိုရောင်းချဖို့ စစ်ကောင်စီလက်အောက် စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနဘက်ကကြေညာလာပါတယ်။

အွန်လိုင်းကတဆင့်ရောင်းချနိုင်ဖို့အတွက် နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်တွေရှိနေပြီး Service Provider လုပ်ငန်းတစ်ခုကိုရွေးချယ်ဌားရမ်းသွားမယ်လို့ဆိုပါတယ်။ အဲဒီအတွက် လုပ်ငန်းလုပ်ကိုင်လိုတဲ့ ကုမ္ပဏီ ၊အဖွဲ့အစည်းတွေဟာ အောက်တိုဘာ ၁၅ရက်နောက်ဆုံးထားပြီး အဆိုပြုလွှာတင်နိုင်တယ်လို့ ကြေညာချက်မှာဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ပြီး သူ့တို့ရဲ့ ဝင်ငွေရပေါက်ရလမ်းတွေကို ကန့်သတ် ပိတ်ဆို့နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ ပြည်သူအများစုက အောင်ဘာလေထီတွေ မထိုးဘဲ ဆန့်ကျင်သပိတ်မှောက်ခဲ့ကြပြီးတဲ့နောက် လက်ရှိမှာရန်ကုန် ၊ မန္တလေး အပါအဝင် မြို့ကြီးတွေက ထီဆိုင်ကြီးတွေနဲ့ ထီဆိုင်ခွဲတွေ ပိတ်သိမ်းလာကြပါတယ်။

အောင်ဘာလေသိန်းဆုဌာနခွဲဘက်က ထီဆုငွေတွေကို တိုးမြှင့်ချီးမြှင့်ပြီး ထီပေါက်ငွေကို အပြည့်ငွေသားထုတ်ပေးမယ်လို့ ထုတ်ဖော်ပြောကြားထားပေမယ့် အောင်ဘာလေထီထိုးသူ မရှိသလောက်ဖြစ်နေပြီး ထီဈေးကွက် ပျက်သလို ဖြစ်နေပြီလို့ ထီလုပ်ငန်းရှင်တွေက ပြောကြပါတယ်။

Ref BBC