Local News

ရွှေ​ဈေးနှင့်​ဒေါ်လာ​ဈေး အနည်းငယ်ပြန်တက်လာပြီး စစ်​ကောင်စီက ဒေါ်လာ ၁၅သန်းထုတ်​ရောင်းဟု​ကြေညာ

ရွှေ​ဈေးနှင့်​ဒေါ်လာ​ဈေး အနည်းငယ်ပြန်တက်

-​ဒေါ်လာ​ဈေးတက်လာသည်နှင့်စစ်​ကောင်စီက ၁၅သန်းထုတ်​ရောင်းဟု​ကြေညာ

ပြည်တွင်းရွှေဈေးပြန်လည်မြင့်တက်လာပြီး အခေါက်ရွှေတစ်ကျပ်သားကို ၁,၈၂၈,၀၀၀ကျပ်အထိ ရှိလာ​ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ သိရသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အခေါက်ရွှေတစ်ကျပ်သား ၁,၈၂၃,၀၀၀ကျပ်ဖြင့် ဈေးပိတ်ခဲ့ပြီး ပြင်ပ​ပေါက်ဈေးတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁,၈၂၈,၀၀၀ကျပ် ဖြင့် ဈေးပိတ်ခဲ့သည်။

ကမ္ဘာရွှေဈေးကျဆင်းခဲ့သော်လည်း ပြည်တွင်းရွှေဈေးမှာ တစ်ရက်အတွင်း ကျပ်တစ်သောင်းခန့်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာရွှေဈေးသည် ဒီဇင်ဘာ ၂၈ ရက်တွင် တစ်အောင်စကို ၁၈၁၅ဒေါ်လာပေါက်ပြီး၊ ယနေ့(ဒီဇင်ဘာ ၂၉)တွင် တစ်အောင်စကို ၁၈၀၅ဒေါ်လာအထိပြန်လည်ကျဆင်းခဲ့သည်။

“ရွှေဈေးတက်တာက နိုင်ငံရေးဂယက်ကြောင့် ပြန်တက်လာတာပါ။ ဝယ်လိုအားတက်လာလို့ကြောင့်မဟုတ်ဘူး”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်တပ်အာဏာသိမ်းပြီး ရှစ်လအကြာ စက်တင်ဘာလတတိယအပတ်အတွင် အခေါက်ရွှေတစ်ကျပ်သားလျင် ကျပ်၂၂သိန်းကျော် နှင့် အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂,၇၀၀ ကျော်အထိသမိုင်းတစ်​လျှောက်အမြင့်ဆုံး​ဈေး​ပေါက်ပြီးကျပ်​ငွေတန်ဖိုးစံချိန်တင်ကျဆင်းခဲ့သည်။ စစ်တက်အာဏာမသိမ်းခင် ဇန်နဝါရီ ၂၉ရက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ၁၃၂၀၀၀၀ကျပ်နှင့် တစ်ဒေါ်လာကို ၁,၃၃၇ကျပ်သာရှိခဲ့ခြင်းဖြစ်သည်။

ထိုနောက်အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းရွှေဈေးနှင့် ဒေါ်လာဈေးကျ​စေရန် အဓမ္မနည်းဖြင့် ထိန်းချုပ်မူကြောင့် အောက်တိုဘာလအတွင်း ရွှေတစ်ကျပ်သားကို ၁၈ သိန်းအောက်နှင့် တစ်ဒေါ်လာ ကျပ် ၂၀၀၀အောက် ပြန်လည်ကျဆင်းခဲ့သည်။

​ဒေါ်လာ​ဈေးမှာယနေ့တွင် ပြင်ပမှောင်ခိုဈေးကွက်တွင်တစ်ဒေါ်လာလျှင် ၁၉၃၀ ကျပ်အထိပေါက်ဈေးရှိခဲ့ပြီး တစ်ရက်အတွင်း ကျပ် ၃၀ခန့်မြင့်တက်ခဲ့သည်။ ဒေါ်လာဈေးမြင့်တက်လာခြင်းကြောင့် စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က

ယ​နေ့ ဒေါ်လာ ၁၅ သန်း ထုတ်ရောင်းကြောင်း ကြေညာခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီ စစ်တပ်အာဏာသိမ်းထားသည့် ၁၁လအတွင်း ၎င်းတို့ထိန်းချုပ်ထားသည့် ဗဟိုဘဏ်ကနေ ဒေါ်လာ သန်း ၄၀၀ကျော်ကို ပြင်ပပေါက်ဈေးထက် ဈေးလျော့၍ ရောင်းချခဲ့သည်။

ရောင်းချသည့်အကြိမ်တိုင်းတွင် ပြင်ပဈေးကွက် အနည်းဆုံး ကျပ် ၂၀၀ကျော်လျော့ရောင်းချခဲ့ခြင်းဖြစ်သည်။သို့​သော် ပြင်ပ​ဈေးကွက်သို့​ရောင်းသည်ဆို​သော်လည်း ​ငွေလဲ​ကောင်တာများမရဘဲ စက်သုံးဆီဝယ်ရန် ​အများဆုံး​ရောင်းချခဲ့ခြင်းဖြစ်သည်။

People’sSpring

Zawgyi

ေ႐ႊ​ေဈးႏွင့္​ေဒၚလာ​ေဈး အနည္းငယ္ျပန္တက္

-​ေဒၚလာ​ေဈးတက္လာသည္ႏွင့္စစ္​ေကာင္စီက ၁၅သန္းထုတ္​ေရာင္းဟု​ေၾကညာ

ျပည္တြင္းေ႐ႊေဈးျပန္လည္ျမင့္တက္လာၿပီး အေခါက္ေ႐ႊတစ္က်ပ္သားကို ၁,၈၂၈,၀၀၀က်ပ္အထိ ႐ွိလာ​ေၾကာင္း ျပည္တြင္းေ႐ႊေဈးကြက္အတြင္းမွ သိရသည္။

ရန္ကုန္တိုင္းေ႐ႊလုပ္ငန္း႐ွင္မ်ားအသင္းက အေခါက္ေ႐ႊတစ္က်ပ္သား ၁,၈၂၃,၀၀၀က်ပ္ျဖင့္ ေဈးပိတ္ခဲ့ၿပီး ျပင္ပ​ေပါက္ေဈးတြင္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ၁,၈၂၈,၀၀၀က်ပ္ ျဖင့္ ေဈးပိတ္ခဲ့သည္။

ကမ႓ာေ႐ႊေဈးက်ဆင္းခဲ့ေသာ္လည္း ျပည္တြင္းေ႐ႊေဈးမွာ တစ္ရက္အတြင္း က်ပ္တစ္ေသာင္းခန္႔ျမင့္တက္ခဲ့ျခင္းျဖစ္သည္။ ကမ႓ာေ႐ႊေဈးသည္ ဒီဇင္ဘာ ၂၈ ရက္တြင္ တစ္ေအာင္စကို ၁၈၁၅ေဒၚလာေပါက္ၿပီး၊ ယေန႔(ဒီဇင္ဘာ ၂၉)တြင္ တစ္ေအာင္စကို ၁၈၀၅ေဒၚလာအထိျပန္လည္က်ဆင္းခဲ့သည္။

“ေ႐ႊေဈးတက္တာက ႏိုင္ငံေရးဂယက္ေၾကာင့္ ျပန္တက္လာတာပါ။ ဝယ္လိုအားတက္လာလို႔ေၾကာင့္မဟုတ္ဘူး”ဟု ေ႐ႊလုပ္ငန္း႐ွင္တစ္ဦးကေျပာသည္။

စစ္တပ္အာဏာသိမ္းၿပီး ႐ွစ္လအၾကာ စက္တင္ဘာလတတိယအပတ္အတြင္ အေခါက္ေ႐ႊတစ္က်ပ္သားလ်င္ က်ပ္၂၂သိန္းေက်ာ္ ႏွင့္ အေမရိကန္တစ္ေဒၚလာကို က်ပ္ ၂,၇၀၀ ေက်ာ္အထိသမိုင္းတစ္​ေလွ်ာက္အျမင့္ဆုံး​ေဈး​ေပါက္ၿပီးက်ပ္​ေငြတန္ဖိုးစံခ်ိန္တင္က်ဆင္းခဲ့သည္။ စစ္တက္အာဏာမသိမ္းခင္ ဇန္နဝါရီ ၂၉ရက္တြင္ အေခါက္ေ႐ႊတစ္က်ပ္သားကို ၁၃၂၀၀၀၀က်ပ္ႏွင့္ တစ္ေဒၚလာကို ၁,၃၃၇က်ပ္သာ႐ွိခဲ့ျခင္းျဖစ္သည္။

ထိုေနာက္အၾကမ္းဖက္စစ္ေကာင္စီက ျပည္တြင္းေ႐ႊေဈးႏွင့္ ေဒၚလာေဈးက်​ေစရန္ အဓမၼနည္းျဖင့္ ထိန္းခ်ဳပ္မူေၾကာင့္ ေအာက္တိုဘာလအတြင္း ေ႐ႊတစ္က်ပ္သားကို ၁၈ သိန္းေအာက္ႏွင့္ တစ္ေဒၚလာ က်ပ္ ၂၀၀၀ေအာက္ ျပန္လည္က်ဆင္းခဲ့သည္။

​ေဒၚလာ​ေဈးမွာယေန႔တြင္ ျပင္ပေမွာင္ခိုေဈးကြက္တြင္တစ္ေဒၚလာလွ်င္ ၁၉၃၀ က်ပ္အထိေပါက္ေဈး႐ွိခဲ့ၿပီး တစ္ရက္အတြင္း က်ပ္ ၃၀ခန္႔ျမင့္တက္ခဲ့သည္။ ေဒၚလာေဈးျမင့္တက္လာျခင္းေၾကာင့္ စစ္ေကာင္စီထိန္းခ်ဳပ္ထားသည့္ ဗဟိုဘဏ္က

ယ​ေန႔ ေဒၚလာ ၁၅ သန္း ထုတ္ေရာင္းေၾကာင္း ေၾကညာခဲ့သည္။ အာဏာသိမ္းစစ္ေကာင္စီ စစ္တပ္အာဏာသိမ္းထားသည့္ ၁၁လအတြင္း ၎တို႔ထိန္းခ်ဳပ္ထားသည့္ ဗဟိုဘဏ္ကေန ေဒၚလာ သန္း ၄၀၀ေက်ာ္ကို ျပင္ပေပါက္ေဈးထက္ ေဈးေလ်ာ့၍ ေရာင္းခ်ခဲ့သည္။

ေရာင္းခ်သည့္အႀကိမ္တိုင္းတြင္ ျပင္ပေဈးကြက္ အနည္းဆုံး က်ပ္ ၂၀၀ေက်ာ္ေလ်ာ့ေရာင္းခ်ခဲ့ျခင္းျဖစ္သည္။သို႔​ေသာ္ ျပင္ပ​ေဈးကြက္သို႔​ေရာင္းသည္ဆို​ေသာ္လည္း ​ေငြလဲ​ေကာင္တာမ်ားမရဘဲ စက္သုံးဆီဝယ္ရန္ ​အမ်ားဆုံး​ေရာင္းခ်ခဲ့ျခင္းျဖစ္သည္။

People’sSpring

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.