Local News

ရှားပါပြီး အဆိပ်ရှိတဲ့ အသားစားပဒူ ကိုက်ခံလိုက်ရတဲ့ ပြည်သူ့အချစ်တော် ဒါရိုက်တာ ကိုပေါက်

ရှားပါပြီး အဆိပ်ရှိတဲ့ အသားစားပဒူ ကိုက်ခံလိုက်ရတဲ့ ပြည်သူ့အချစ်တော် ဒါရိုက်တာ ကိုပေါက်

ပြည်သူ့ဘက်တော်သားကြီးတစ်ဦးဖြစ်တဲ့ဒါရိုက်တာကိုပေါက်က လွတ်မြောက်နယ်မြေတစ်နေရာကနေ PDF ရဲဘော်တွေအတွက်လိုအပ်သမျှ ကူညီဖြည့်ဆည်းပေးနေရှာသူပါ ..

အဓိက တာဝန်ယူလုပ်ကိုင်ပေးနေတာကတော့ အစား အသောက်အတွက် စားဖိုမှုးကြီးပေါ့..မနေ့က ထုံးစံအတိုင်း ရှားရှားပါးပါးအသားဟင်းလေးရခိုက်မို့ ပျော်ရွှင်စွာနဲ့ချက်ပြုတ်နေတုန်း ပဒူအကိုက်ခံလိုက်ရပါတယ်

” လက်မှာပူကနဲရှိန်းကနဲ့ဖြစ်သွားပြီးလက်ကလှုပ်လို့မရတော့ဘူး.. တဖြည်းဖြည်းအဆိပ်က တံတောင်ဆစ်ရောက်လာတယ်

တံတောင်ဆစ်ကနေ လက်မောင်းရင်းရောက်လာတယ် လက်တစ်ခုလုံးထုံကျင်လာပြီးဘယ်လိုမှ နေလို့မရတော့ဘူး ဒါနဲ့ပဲ ဆေးထိုးဖို့ပြေးရတော့တယ် CDM ဆရာမတစ်ယောက်က

အဆိပ်ဖြေဆေးထိုးပေးလိုက်တော့မှ သက်သာ သွားတာပြန်လည်းရောက်ရော တစ်ကိုယ်လုံးချမ်းတုန်လာပြီး အဆိပ်အရှိန်ကြောင့် အဖျားကတက်လာတယ် လည်ချောင်းတွေခြောက်ပြီး

ရေဆာသလိုကြီး တစ်ညလုံးဖြစ်တာ.. လက်ကအကိုက်တော့ကျသွားပေမယ့် တစ်ညလုံးဖျားတယ်ဒီမနက်တော့အတော်သက်သာသွားပါပြီ..

လို့ဆိုခဲ့ပြီး အကိုက်ခံရတဲ့ပဒူအမျိုးအစားကိုတော့

” ကျနော့်ကို ကိုက်တဲ့ပဒူက တွေ့နေကျ အနီရောင်ပဒူမဟုတ်ဘူး..အမဲရောင်နဲ့အဝါရောင်စပ်ကျား..ဟင်းချက်နေတာကို ဘေးမှာအသားတွေလာစားနေတာ ဂျွတ်ဂျွတ် ဂျွတ်ဂျွတ်နဲ့ အသားစားပဒူပေါ့ ..

ဒေသခံတွေ အပြောအရ သူ့အဆိပ်ဘယ်လောက်
ပြင်းသလဲဆိုရင် ခေါင်းကိုတုတ်မိရင် ဆံပင်တွေပါ
ဖြူကုန်တာတဲ့ ဟုတ်မဟုတ်တော့ မသိဘူး.. မနေ့
ကတော့ အတော်ခံလိုက်ရတယ်” လို့ ဒါရိုက်တာကိုပေါက်က ပြောပြခဲ့သည်။

Credit

About the author

admin

Add Comment

Click here to post a comment