
လက်နက်နဲ့ CDM လုပ်ချင်တဲ့ ဖရဲသီးကို တပ်ထဲထိ သွားခေါ် လာခဲ့ကြတဲ့ အကြောင်းပြောလာတဲ့ ဗိုလ်ကြီး
Sunday ရဲ့မနက်ခင်း ၁၀ နာရီခန့်မှာ ကျနော့်ဆီကို မက်ဆေ့တစ်စောင်ဝင်လာတယ်
လွတ်မြောက်နယ်မြေမှာ တော်လှန်ရေးအတွက် လှုပ်ရှားနေတဲ့ ရွှေပြည်သာ လွှတ်တော်အမတ် ဦးအောင်ဇော်ထွေးAung Zaw Htweရဲ့ မက်ဆေ့လေး
တပ်က ရဲဘော်တစ်ယောက် လက်နက်နဲ့ CDM ဝင်ချင်လို့တဲ့
ချက်ချင်းပဲ ကိုယ်လည်း ဆရာဆီ ဖုန်းဆက် လိုအပ်တဲ့အချက်အလက်လေးတောင်းတော့ CDM ဝင်ချင်တဲ့ ရဲဘော်က လက်ရှိ မြိို့ပြတစ်ခုမှာရှိတဲ့ တပ်ရင်းဌာနချုပ်မှာ ရှိနေတာ
ကိုယ်လည်း အဲ့ရဲဘော် ဆီ ဖုန်းဆက် စကားပြောတယ် လိုအပ်တဲ့ စစ်ဆေးမှုလုပ်တယ်
အိုကေ ဒီကောင် တကယ် ထွက်ချင်နေတာ
အာ့နဲ့ သူရဲ့နားက အဖွဲ့တွေနဲ့ဆက်သွယ်မှုရဖို့ ကြိုးစားရတယ်
ကိုယ်တွေရဲ့ လုပ်ဖော်ကိုင်ဖက် ကိုပိုင်ရဲသူPaing Ye Thuဆီ လှမ်းမေး အကိုရေ ကူညီပါဦး ပြောတော့ ချက်ချင်းပဲ မြေပြင်တပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပေးတယ်
မြေပြင်တပ်ဖွဲ့တွေနဲ့စကားပြောပြီးတော့ အချိန်က နေ့လည် ၁၂ နာရီ ကျော်သွားတယ်
ထုတ်နိုင်ဖို့ စီစဉ်တာ အဆင်ပြေသွားပြီ
မြို့ပေါ်က တပ်ဆိုတော့ စိုးရိမ်မှုတော့ရှိတယ်
လက်နက်လည်းပါတော့ အဆင်ပြေပါ့မလား
မိမိတို့မြေပြင်တပ်တွေနဲ့ ထွက်မယ့်သူနဲ့ ချိတ်ဆက်ပြီးတော့ ကိုယ်လည်း စိတ်တော့ပူနေပေမယ့် စိတ်မချစရာတော့အကြောင်းမရှိဘူးလေ
သူတို့တွေရဲ့ လုပ်နိုင်စွမ်းက သိနေပြီးသား
တစ်နေ့လုံး တစ်ခြားအလုပ်တွေနဲ့ ဟိုလုပ် ဒီလုပ်နဲ့ ပေါ့
ည ၁၂နာရီ ကျော် မှာ မြေပြင်တပ်တွေနဲ့ ကိုပိုင်ရဲသူ ဆီက မက်ဆေ့ဝင်လာတယ်
အကိုရေ အောင်မြင်တယ် MA 1 ၁ လက် ကျည် ၁၀၃ တောင့် ကျည်ဘောက် ၅ ခု ပါပါတယ်
အကိုကောင်က တပ်တွင်းပုန်း မသွားတက်မလာတက်လို့ တပ်ထဲထိ သွားဝင်ခေါ်လာခဲ့ရတယ်တဲ့😀😀
အဲ့တော့ မှ စိတ်ဒုံးဒုံးချ ကျည်မကုန်ဘဲ ၂၄ နာရီအတွင်း အမြတ် တစ်ခုရပြန်ပြီ
ဒီဖြစ်စဉ်လေးကနေ သိရတာလေးတွေရှိတယ်
တပ်အတွင်းထဲထိ သွားခေါ်လာနိုင်တဲ့ အခြေအနေထိ မိမိတပ်တွေလုပ်ဆောင်နိုင်တယ် အချိန်တိုအတွင်း လှုပ်ရှားနိုင်တယ်
မြန်မာတစ်နိုင်ငံလုံး ဘယ်နေရာပဲ ဖြစ်ပါစေ မိမိတပ်တွေရဲ့ ထိုးဖောက်လှုပ်ရှားနိုင်စွမ်း ကရှိနေပြီ
စစ်တပ်ကတော့ မြို့တွေမှာ အပြင်တောင်မထွက်ရဲ တပ်တွင်းမှာတောင် မဝံ့မရဲ ဖြစ်နေတဲ့ပုံစံပဲ
စစ်တပ်အဲ့လို ဖြစ်နေချိန်မှာ ကိုယ်တွေကတော့ အချိတ်အဆက်မိမိနဲ့ ကောင်းစွာ လှုပ်ရှားနေပြီ
ဘာပဲပြောပြော ငါတို့တပ်တွေကို ယုံကြည်ထားပါ
သူတို့ရဲ့ လှုပ်ရှားနိုင်စွမ်းနဲ့ စွမ်းဆောင်ရည်က အနေအထားတစ်ခုရောက်နေပြီ ဆိုတာပါပဲ
Linn Htet Aung