လပွတ္တာတွင် သက်ကြီးရွယ်အို စစ်မှုထမ်းဟောင်းများကို နေ့စားခပေးပြီး…see more

လပွတ္တာတွင် သက်ကြီးရွယ်အို စစ်မှုထမ်းဟောင်းများကို နေ့စားခပေးပြီး…see more

ဧရာ၀တီတိုင်း၊ လပွတ္တာမြို့မှာ စစ်ကောင်စီက သက်ကြီးရွယ်အို စစ်မှုထမ်းဟောင်းတွေကို လက်နက်တပ်ဆင် နေ့စားခ ကျပ်ငွေ ၁၀,၀၀၀ ပေးပြီး လုံခြုံရေးဂိတ်တွေမှာ စောင့်ဖို့အတွက် ခေါ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်မှုထမ်းဟောင်းတွေကို လုံခြုံရေးစောင့်ဖို့ နယ်ဝေးဆိုရင် ကျပ် ၁၀,၀၀၀ နဲ့ မြို့တွင်း ၇,၀၀၀ ပေးမယ်ဆိုပြီး စစ်ကောင်စီတပ်သားတွေက စည်းရုံးခေါ်ယူနေတာလို့ဆိုပါတယ်။

ဒေသခံတဦးက “ပိုက်ဆံ ဘယ်လောက်ပေးတယ် ဆိုတာတော့ သေချာမမြင်ရတော့ မပြောတတ်ဘူး။ တသောင်းပေးတယ်လို့ ကြားတယ်။ ဒီဘက်မှာက အလုပ်ရှားတော့ တချို့လည်း လုပ်ကြတာရှိတယ်။ ဂိတ်တွေမှာ စောင့်ခိုင်း တာများတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက နေ့စားစရိတ်ပေးပြီး ခေါ်လို့ရလာတဲ့ စစ်မှုထမ်းဟောင်းတွေကို မြို့တွင်းစစ်ဆေးရေးဂိတ်တွေနဲ့ မြို့ပြင်စစ်ဆေးရေးဂိတ်တွေမှာ လက်နက်တပ်ဆင်ပေးပြီး စစ်ကောင်စီတပ်သားတွေ ရဲတွေနဲ့အတူ တာဝန်ချထားလေ့ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံအနှံ့တိုက်ပွဲတွေဖြစ်နေတာအပြင် စစ်ကောင်စီတပ်ထဲမှာ အကျအဆုံးနဲ့ တပ်ပြေးအင်အားများလာတာကြောင့် ခုလိုမျိုး စစ်မှုထမ်းဟောင်း ဝန်ထမ်းတွေကို အထိုင်လုံခြုံရေးဂိတ်တွေမှာ ခေါ်ယူအသုံးပြုနေရတာမျိုး ဖြစ်နိုင်တယ်လို့ စစ်တပ်အရာရှိဟောင်းအချို့က သုံးသပ်ပြောပါတယ်။

Ref DVB

လပြတၱာတြင္ သက္ႀကီး႐ြယ္အို စစ္မႈထမ္းေဟာင္းမ်ားကို ေန႕စားခေပးၿပီး…see more

ဧရာ၀တီတိုင္း၊ လပြတၱာၿမိဳ႕မွာ စစ္ေကာင္စီက သက္ႀကီး႐ြယ္အို စစ္မႈထမ္းေဟာင္းေတြကို လက္နက္တပ္ဆင္ ေန႕စားခ က်ပ္ေငြ ၁၀,၀၀၀ ေပးၿပီး လုံၿခဳံေရးဂိတ္ေတြမွာ ေစာင့္ဖို႔အတြက္ ေခၚယူေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

စစ္မႈထမ္းေဟာင္းေတြကို လုံၿခဳံေရးေစာင့္ဖို႔ နယ္ေဝးဆိုရင္ က်ပ္ ၁၀,၀၀၀ နဲ႕ ၿမိဳ႕တြင္း ၇,၀၀၀ ေပးမယ္ဆိုၿပီး စစ္ေကာင္စီတပ္သားေတြက စည္း႐ုံးေခၚယူေနတာလို႔ဆိုပါတယ္။

ေဒသခံတဦးက ပိုက္ဆံ ဘယ္ေလာက္ေပးတယ္ ဆိုတာေတာ့ ေသခ်ာမျမင္ရေတာ့ မေျပာတတ္ဘူး။ တေသာင္းေပးတယ္လို႔ ၾကားတယ္။ ဒီဘက္မွာက အလုပ္ရွားေတာ့ တခ်ိဳ႕လည္း လုပ္ၾကတာရွိတယ္။ ဂိတ္ေတြမွာ ေစာင့္ခိုင္း တာမ်ားတယ္ လို႔ ေျပာပါတယ္။

စစ္ေကာင္စီက ေန႕စားစရိတ္ေပးၿပီး ေခၚလို႔ရလာတဲ့ စစ္မႈထမ္းေဟာင္းေတြကို ၿမိဳ႕တြင္းစစ္ေဆးေရးဂိတ္ေတြနဲ႕ ၿမိဳ႕ျပင္စစ္ေဆးေရးဂိတ္ေတြမွာ လက္နက္တပ္ဆင္ေပးၿပီး စစ္ေကာင္စီတပ္သားေတြ ရဲေတြနဲ႕အတူ တာဝန္ခ်ထားေလ့ရွိတယ္လို႔ ဆိုပါတယ္။

နိုင္ငံအႏွံ႕တိုက္ပြဲေတြျဖစ္ေနတာအျပင္ စစ္ေကာင္စီတပ္ထဲမွာ အက်အဆုံးနဲ႕ တပ္ေျပးအင္အားမ်ားလာတာေၾကာင့္ ခုလိုမ်ိဳး စစ္မႈထမ္းေဟာင္း ဝန္ထမ္းေတြကို အထိုင္လုံၿခဳံေရးဂိတ္ေတြမွာ ေခၚယူအသုံးျပဳေနရတာမ်ိဳး ျဖစ္နိုင္တယ္လို႔ စစ္တပ္အရာရွိေဟာင္းအခ်ိဳ႕က သုံးသပ္ေျပာပါတယ္။

Ref DVB

Leave a Reply

Your email address will not be published.