ကိုယ့်ရဲ့ အမျိုးသမီးဘဝပေါ် ခံယူချက်ကတော့ ရှင်းတယ် ဆိုတဲ့ ပန်ဆယ်လို

ကိုယ့်ရဲ့ အမျိုးသမီးဘဝပေါ် ခံယူချက်ကတော့ ရှင်းတယ် ဆိုတဲ့ ပန်ဆယ်လို

ကိုယ့်ရဲ့ အမျိုးသမီးဘဝပေါ် ခံယူချက်ကတော့ ရှင်းတယ်။ ကိုယ့်ရဲ့ အမျိုးသမီးဖြစ်တည်မှုကို ချစ်တယ်။ နှစ်သက်တယ်။ ဂုဏ်ယူတယ်။ အမျိုးသမီးဖြစ်ရတာ အားငယ်စရာတို့၊ အနှိမ်ခံရစရာလို့ တခါမှ မထင်ဖူးခဲ့ဘူး။

ကိုယ့်လို တဖက်ဖက်မှာ ခိုင်ခိုင်ကြီး ရပ်နေသူတစ်ယောက်အတွက် အမျိုးသမီးဖြစ်တည်မှုအပေါ် တိုက်ခိုက်မှုတွေက အခု အမျိုးသမီးအခွင့်အရေးအကြောင်း ပြောနေကြသူတွေထက် အများကြီးပိုတယ်။ ခါးအောက်ပိုင်းစကားတွေ၊ လိင်ဆိုင်ရာတိုက်ခိုက်မှုတွေ၊ ရည်ရွယ်ချက်တွေ၊ နှောက်ယှက်မှုတွေကို အများကြီး အများကြီး ကြုံတွေ့ခဲ့ရဖူးတယ်။

HDထွက်ပါတယ်ဆိုပြီး တိုက်ခိုက်တာမျိုး၊ ပြည့်တန်ဆာဆိုတဲ့စကားလုံးမျိုးတွေနဲ့ တိုက်ခိုက်တာမျိုး၊ အမျိုးသမီးတစ်ယောက်က နိုင်ငံရေးအကြောင်းပြောလို့ မျက်မုန်းကျိုးတာမျိုး၊ ဖမ်းဆီးပြီး မုဒိမ်းကျင့်မယ် သတ်ဖြတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးတွေ၊ ခွဲခြားဆက်ဆံခံရမှုမျိုးတွေကို အခု စားကောင်းသောက်ကောင်း အော်ပြနေတဲ့ဟာတွေထက် အများကြီး ဖြတ်သန်းခဲ့ဖူးတယ်။

ကိုယ်ကတော့ ကိုယ့်ရဲ့ အမျိုးသမီးဘဝကို အားမငယ်ဘူး၊ အငုံ့စိတ်မရှိဘူး။ ဒါ့ကြောင့် မိန်းမမို့ ခွဲခြားဆက်ဆံခံရပါတယ်လည်း မတွေးဘူး။ စောက်ဂရုလည်း မစိုက်ဘူး။ ကိုယ့်ရပ်တည်ချက်၊ ကိုယ့်လုပ်ရပ်ကို အယုံအကြည်ရှိလို့ပဲ။

ရှင်းအောင် ပြောမယ်။ အမျိုးသမီး အခွင့်အရေးဆိုတာကို ဘယ်MaALoeတွေဆီကမှ လက်ဖြန့်တောင်းခံယူစရာ မလိုဘူး။ ဘယ်ကောင်တွေကိုမှလည်း အမျိုးသမီးတွေကို ဦးစားပေးပါ ညှာတာပါ ရှင်းပြနေစရာလည်း မလိုဘူး။ အမျိုးသမီးဖြစ်နေလို့ဆိုပြီး အခွင့်အရေး ပိုလိုချင်စရာ အကြောင်းလည်း မရှိဘူး။

အခုခေတ်မှာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတယ်ဆိုတာ နိမ့်ပါးတဲ့အတွေးအခေါ်ဖြစ်ကြောင်း အတော်များများ နားလည်လက်ခံပြီးသားဖြစ်တယ်။ မြန်မာ့လူ့အသိုင်းအဝိုင်းက ဖိုဝါဒီကြီးစိုးတယ်ဆိုသော်ငြားလည်း တစ်ဖက်မှာ တိုးတက်သိမြင်လာတဲ့ အမျိုးသမီးအရေး Positive အသွင်တွေလည်း အများကြီးပဲ။

အာဏာသိမ်းခံရချိန်မှာ မြန်မာနိုင်ငံမှာ အမျိုးသမီးအခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်နေတာ စစ်အုပ်စုပဲ။ အမျိုးသမီးတွေကို စစ်ကြောရေးမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်နှိပ်စက်တယ်။ ရွာတွေမှာ အမျိုးသမီးတွေ မုဒိမ်းကျင့်တယ်။ သတ်ဖြတ်တယ်။

ဒီလိုအမျိုးသမီးအခွင့်အရေးချိုးဖောက်ခံရမှုတွေကို တားဆီးဖို့ အလျင်အမြန်ဆောင်ရွက်ရမှာက စစ်အာဏာရှင်စနစ် အပြီးတိုင်ကျဆုံးရေးပဲ။ ဒီအတွက် တတ်နိုင်ရာ တတ်နိုင်ရာနေရာကနေ ဒီစနစ်ဆိုးကို ဖြိုချနေရမှာ။ Ideology တွေ ငြင်းခုန်ရန်ဖြစ် တိုက်ခိုက်ပွဲတည်နေရမှာ မဟုတ်ဘူး။

ထမိန်သည် မယုတ်ညံ့ဘူးဆိုတာ ဆရာကြီး ဆရာမကြီးတွေ အလင်းပြမှ ဟာ… ဟုတ်ပါလားလို့ ရင်သပ်ရှုမော ဥာဏ်အလင်းပွင့်သွားမယ့် ကိစ္စလည်း မဟုတ်ဘူး။ အမျိုးသမီး အခွင့်အရေးဆိုတာ ဆရာကြီး၊ ဆရာမကြီးများ ဖယောင်းတိုင် ၁၃ထုတ်ကုန်အောင် တွေးခေါ်ညှစ်ထုတ်ထားတဲ့ ဝါဒလည်း မဟုတ်ဘူး။ လူသားတစ်ယောက်ရဲ့ အခြေခံ ရပိုင်ခွင့်ပဲ။

ဒါကြီးကို Academic စကားလုံးတွေနဲ့ လူထုနဲ့ မနီးကပ်တဲ့ ကိုယ့်သူထောက်ခံ၊ သူ့ကိုယ်ထောက်ခံ ဆွေးနွေးပွဲတွေလုပ်ပြ၊ ဂရန့်ရအောင် လုပ်ပြနေလို့ အမျိုးသမီးအခွင့်အရေးကြီးက ကြီးကျယ်မြင့်မြတ်လာတာလည်း မဟုတ်ဘူး။ ဒါက ခေတ်ကာလရဲ့ အသိဥာဏ်ပွင့်လင်းမှု အကျိုးပဲ။

ဒါက အမျိုးသမီးအခွင့်အရေးနဲ့ ဂရန့်ရှာသူတွေကို ပလိန်းကြီး တိုက်ခိုက်နေတာမဟုတ်ဘူး။ ဘာကိုမှလည်း မဝေဖန်ခဲ့ဘူး။ ဒါသည်ပင် သူတို့အလုပ်၊ ဒါသည်ပင် သူတို့Right လို့ ယူဆထားခဲ့တဲ့သူ။ ဒါပေမယ့် ကိုယ့်ကို ပွဲရှာ နင်းချပြီး အကျိုးအမြတ် ရယူဖို့ လုပ်တဲ့အတွက် ဒီစကားတွေ ပြောရတာပဲ။ တော်ရုံအမြင်ကွဲလွဲမှုမျိုး မဟုတ်ဘဲ ကိုယ့်ကို ရည်ရွယ်ချက်ရှိရှိ အကွက်ဆင်တိုက်ခိုက်လာတဲ့အတွက် တုံ့ပြန်ရတာ။

စစ်တပ်က သုံးတဲ့နည်းဗျူဟာတစ်ခုက တတိယအင်အားစုဆိုတာ အပါအဝင်ပဲ။ အနီ၊ အစိမ်း ပါတီစွဲကိစ္စမှာ တတိယအင်အားစုဆိုတာ ထိန်းကြောင်းဖို့ လိုအပ်ပေမယ့် ဓမ္မနဲ့ အဓမ္မ ရှင်းလင်းနေတဲ့ ပွဲမှာ တတိယအင်အားစုဆိုတာ ဝေဝါးဖို့ သုံးတဲ့နည်းပဲ။

စစ်တပ်ကို လက်မခံဘူး၊ ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ နိုင်ငံရေး၊ NUG မပါတဲ့ တော်လှန်ရေးဆိုတဲ့ လမ်းကြောင်းဆီ လူထုကို ဆွဲခေါ်နေတဲ့ အင်အားစုကို လူထုအနေနဲ့ သတိပြုမိကြဖို့ လိုပြီ။

ကိုယ်က အမေရိကန်ရောက်သွားပေမယ့် NGO ကြိုက်တွေပြောပြီး လူထုနဲ့ ဝေးကွာမယ့်လမ်းကြောင်းကို လျှာပေါ်မြက်ပေါက်ပါစေ… မလျှောက်ဘူး။ ရိုးရိုးသားသား ငပိငါးခြောက်ရောင်းစားလည်း ထမင်းမငတ်ဘူး။ စစ်အာဏာရှင်ကို ကိုယ်နိုင်ရာနေရာက ပြင်းပြင်းထန်ထန် တုံ့ပြန်နေမှာပဲ။

အခု လူကြားကောင်းအောင် အော်နေတဲ့ ကောင်တွေက အာဏာသိမ်းခံရလို့ အလှပျက် ချွေးထွက်ခဲ့ကြသူတွေလည်း မဟုတ်ဘူး။ ဘဝပျက် ထွက်ပြေး ဆုံးရှုံးခဲ့ရသူတွေလည်း မဟုတ်ဘူး။ အဲ့တော့ ကိုယ်တွေလိုကောင်တွေကတော့ သူတို့လို ပန်းနုမသွေးနိုင်ဘူး။

စစ်ကြောရေးမှာ နှိပ်စက်စော်ကားခံရနေရတဲ့ အမျိုးသမီးတွေ၊ စစ်ဘေးသင့် ဒေသတွေက မုဒိမ်းကျင့် သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတွေ။ ဒီအမျိုးသမီးတွေရဲ့ မျက်ရည်တစ်စက်ချင်းစီ သွေးတစ်စက်ချင်းစီတိုင်းအတွက် တရားမျှတမှုကို ပြန်ယူပေးနိုင်ဖို့ ဒီစနစ်ဆိုးကြီး အမြန်ပျက်သုဉ်းဖို့ ဝင်အားစိုက်ခြင်းကပဲ ကိုယ့်ရဲ့ အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်ခြင်းပဲ။

စစ်အုပ်စုရဲ့ အရိုးစွဲနေတဲ့ ထမိန်ကြောက်ရောဂါကို ချိုးနှိမ်တဲ့အနေနဲ့ ထမိန်ကွင်းစွပ်တာကို အရေးတကြီးအဆိုတင် စာထုတ် ကန့်ကွက် ရှုံ့ချ တောင်းပန်ခိုင်း Profile Campaign ကြီးထိ ဇာချဲ့ စသဖြင့်တွေ လုပ်ပြနေမယ့် အချိန်မှာ တကယ်စေတနာရှိရင် ဘိုစာတတ် ဘိုအစိုးရတွေထိ ပေါက်ရောက်နေတဲ့သူတွေ အနေနဲ့ တော်လှန်ရေးအတွက် နိုင်ငံတကာ အထောက်အပံ့တွေ ရအောင် ကြိုးစားပေးသင့်တာ မဟုတ်ဘူးလား။

အထောက်အပံ့ဆိုလို့ ဘယ်နိုင်ငံကမှ မရအောင် အယ်မတို့ အဇမ်းတော်ကြလို့ ကျယ်မက မအလစောက်ခွက်ကို ထမိန်နဲ့စွတ်ပြီး ဂိမ်းတစ်ပွဲ ဘယ်လောက်ဆိုပြီး စောက်ခွက်ကြီးပြ ရန်ပုံငွေထွက်ရှာ၊ ဘွန်းရောင်းတွေ လုပ်နေရတာ။

ကိုယ်ကတော့ ရှင်းရှင်းပဲ။ MaALoe တွေ ကျဆုံးပြီးရင် ဘယ်ထိုင်ခုံနေရာမှ မယူဘူး။ နိုင်ငံရေးသမားလည်း မလုပ်ဘူး။ တတိယအင်အားစုလည်း မလုပ်ဘူး။ လေလာရာဖင်ပေး အေးအေးပဲ စျေးရောင်းစားမှာ။

Theory တွေ ထိုင်ပြောပြီး စောက်လုပ်မဖြစ်တဲ့ဟာတွေကို စောက်ထင်လည်း မကြီးဘူး။ စောက်ဂရုလည်း မစိုက်ဘူး။ ကြောက်လည်း မကြောက်ဘူး။ ဘာမှ ဆုံးရှုံးစရာ မရှိတော့တဲ့လူကို ဘာတွေနဲ့ လာခြိမ်းခြောက်လို့ရမယ် ထင်နေတာလဲ။ ဘာဝိတ်တွေနဲ့ ဖိလို့ရမယ် ထင်နေတာလဲ။

နေ့တိုင်း လူသတ် မီးရှို့ အယုတ်မာတကာ့ ယုတ်မာနေတဲ့ စစ်အုပ်စုကိုတောင် ဘုတ်ဘုတ်လုပ်ပြနေတဲ့ အချိန်မှာ Statement Politic အကွက်တွေကို ရီချင်တယ် ကြည်ခင်ရယ်ပဲ။

စာတွေထုတ်၊ ကန့်ကွက်၊ ရှုံ့ချ၊ မအလက ကြောက်ပြီး ဆင်းသွား။ Happy Ending လေးဖြစ်ပါစေ။ စာတွေ ထုတ်ရင်း ဒီမိုကရေစီရပါစေ ဆုတောင်းပေးပါတယ်ရှန်။

🤣

Leave a Reply

Your email address will not be published.