
လိင်ပြောင်းထားတဲ့ အသက် ၁၈ နှစ်အရွယ် အီလွန်မတ်စ်ရဲ့ သမီး မျိုးရိုး နာမည်ပါ ပြောင်းဖို့…see more
ဇာဗီယာ အလက်ဇန္ဒားမတ်စ်ဟာ ယောင်္ကျားအဖြစ်ကနေ အမျိုးသမီးအဖြစ် လိင်အင်္ဂါပြောင်းလဲမှု လုပ်ထားသူဖြစ်ပြီး သူမရဲ့ ကျား/မ သတ်မှတ်ချက်ကို အမျိုးသမီးအဖြစ် သိနိုင်ဖို့ နာမည်ကိုပါ တရားဝင်ပြောင်းဖို့ လုပ်နေတာ ဖြစ်ပါတယ်။
TMZ သတင်းအရ အီလွန်မတ်စ်ရဲ့ သမီးဟာ ဧပြီလက သူမရဲ့ အသက် ၁၈ နှစ်ပြည့် မွေးနေ့အပြီး နောက်တစ်ရက်မှာ သူမနာမည်ကို Vivian Jenna Wilson ဆိုပြီး ပြောင်းဖို့ LA County အထက်တရားရုံးမှာ လျှောက်လွှာတင်သွင်းမှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
သူမအနေနဲ့ လိင်အင်္ဂါပြောင်းလိုက်ပြီးနောက် အမျိုးသမီးတစ်ဦးအဖြစ် သတ်မှတ်ခံရဖို့နဲ့ သူမရဲ့ မျိုးရိုးစစ်ချက်အရ တော်စပ်တဲ့ ဖခင်ဖြစ်သူနဲ့ ပုံစံနဲ့ အသွင်အပြင် ဘာတစ်ခုမှ ဆက်စပ်မှု မရှိချင်တော့တာကြောင့် နာမည်ကို တရားဝင်ပြောင်းဖို့ လုပ်ခဲ့တာပါ။ Vivian Jenna Wilson အဖြစ် နာမည်ပြောင်းဖို့ တရားရုံး ဦးတိုက်လျှောက်ထားမှု လုပ်နေပြီး ဒီလကုန်ပိုင်းမှာ တရားရုံးကြားနာမှု
လုပ်ဆောင်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။ အီလွန်မတ်စ်ဟာ ကနေဒါစာရေးဆရာမ ဂျနီဖာ ဂျက်စတင် ဝီလ်ဆင်နဲ့ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ပေါင်းသင်းခဲ့ပြီး ဖခင်သုတ်ပိုးနဲ့ ဖန်ပြွန်သန္ဓေနည်းသုံးပြီး အမွှာကလေးနှစ်ဦး ဖြစ်တဲ့ Griffin ၊ Vivian နဲ့ Domian ၊ Saxon နဲ့ Kai ဆိုတဲ့ သုံးမွှာပူးကလေးတွေကို မွေးဖွားခဲ့တာပါ။
၂၀၀၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အီလွန်မတ်စ်နဲ့ ဂျက်စတင် ဝီလ်ဆင်တို့ရဲ့ ပထမဆုံးသားဦးဖြစ်သူ Nevada ဟာ မွေးပြီး ၁၀ ပတ်အကြာမှာ ရုတ်တရပ် မွေးကင်းစကလေးသေဆုံးမှု လက္ခဏာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါကြောင့်ပဲ နောက်ယူခဲ့တဲ့ ကလေးတွေကို ဖန်ပြွန်သန္ဓေသားနည်းနဲ့ ယူခဲ့တာပါ။ အမွှာကလေးနှစ်ဦးဖြစ်တဲ့ Vivian နဲ့ Griffin တို့ကို ၂၀၀၄ မှာ မွေးခဲ့ပြီး Vivian က အီလွန်မတ်စ်ရဲ့ ကလေးတွေထဲမှာ အကြီးဆုံးပါ။
ယောင်္ကျားလေးအဖြစ်ကနေ အမျိုးသမီးအဖြစ် လိင်အင်္ဂါပြောင်းတဲ့အကြောင်းကို အီလွန်မတ်စ်ရော ဗီဗီယန်ကပါ လူသိရှင်ကြား ထုတ်ပြောခဲ့ခြင်း မရှိပါဘူး။ မိဘမျိုးရိုးနာမည်ဖြုတ်မယ့်ကိစ္စအကြောင်း အီလွန်မတ်စ်ကို Daily Beast က အီးမေးလ်နဲ့ စုံစမ်းရာမှာ “သူမအနေနဲ့ လူသိများထင်ရှားတဲ့ Public Figure ဖြစ်ချင်စိတ်မရှိဘူး။
ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်အတွက် ကိုယ့်အခွင့်အရေးကို ကာကွယ်တာ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ လူတစ်ယောက်ကို သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး ဒါမလုပ်နဲ့လို့ ပြောခွင့်မရှိဘူးလေ”လို့ ပြန်ပြောထားပါတယ်။
Credit DuWun